Q: If my appointment is on November 5, should I still submit documents the week before?
A: No. Everyone who has a visa appointment November 5 and later should not submit any documents via the dropbox. You only need to bring your required documents with you to your scheduled interview.
အမေး။ ။ အကယ်၍ကျွန်တော်/ ကျွန်မ၏ အင်တာဗျူး ရက်ချိန်းသည် နိုဝင်ဘာ ၅ ရက်ဖြစ်လျှင် စာရွက်စာတမ်းများကို တစ်ပတ်ကြိုတင် စာတိုက်ပုံးထဲ ထည့်သင့်ပါသလား။
အဖြေ။ ။ မထည့်သင့်ပါ။ နိုဝင်ဘာ ၅ ရက်နေ့ နှင့် နောက်ပိုင်းတွင် ဗီဇာရက်ချိန်း ယူထားသူတိုင်းသည် စာရွက်စာတမ်းများကို စာတိုက်ပုံးတွင် လာမထည့်သင့်ပါ။ လိုအပ်သောစာရွက်စာတမ်းများ အားလုံးကို ရထားသည့် အင်တာဗျူးသို့လာချိန်တွင် သင်နှင့်အတူ တပြိုင်တည်း ယူလာရပါမည်။
Q: Do I still need to make a visa appointment or can I just show up to apply with my documents?
A: Yes, you still need to make an appointment online for your non-immigrant visa interview and any American citizen services. Immigrant visa interviews are scheduled by the National Visa Center.
အမေး။ ။အင်တာဗျူးအတွက် ရက်ချိန်းယူရန်လိုသေးသလား။ (သို့မဟုတ်) စာရွက်စာတမ်းများနှင့်အတူ ရက်ချိန်းမယူဘဲ အင်တာဗျူးလာနိုင်ပါသလား။
အဖြေ။ ။ လိုအပ်ပါသည်။ အခြေမစိုက်ဗီဇာအင်တာဗျူးဝင်ရန် နှင့် အမေရိကန်နိုင်ငံသားဝန်ဆောင်မှုများ အတွက် အွန်လိုင်း “online” ရက်ချိန်းယူရန်လိုအပ်ပါသည်။ အခြေစိုက်ဗီဇာအတွက် အင်တာဗျူးရက်ချိန်းကို National Visa Center က ပေးပါသည်။
Q: When should I show up at the U.S. Embassy for my visa interview appointment?
A: Please arrive 15 minutes before your scheduled interview time.
အမေး။ ။ အင်တာဗျူးအတွက် သံရုံးကို မည်သည့် အချိန်တွင် အရောက်လာရမှာ ဖြစ်ပါသလဲ။
အဖြေ။ ။ အင်တာဗျူးအတွက် သင်ရက်ချိန်း ရယူထားသောအချိန်မတိုင်မီ ၁၅မိနစ် စောလာလျှင် လုံလောက် ပါသည်။
Q: After November 5, how many trips to the U.S. Embassy will I need to make for my visa application?
A: With a few exceptions, you will only need to come to the U.S. Embassy twice: once for the visa interview and once to pick up your completed visa.
အမေး။ ။ နိုဝင်ဘာ ၅ ရက် နောက်ပိုင်းတွင် ဗီဇာတစ်ကြိမ် လျှောက်ထားရန် အမေရိကန်သံရုံးသို့ ဘယ်နှစ်ကြိမ် လာရောက်ရမှာဖြစ်ပါလဲ။
အချို့ကိစ္စများမှလွဲ၍ အမေရိကန်သံရုံးသို့ လာရောက်ရမည်မှာ နှစ်ကြိမ်သာဖြစ်ပါသည်။ တစ်ကြိမ်မှာ ဗီဇာအင်တာဗျူးအတွက် နှင့် နောက်တစ်ကြိမ်မှာ ဗီဇာထုတ်ယူရန်အတွက် ဖြစ်ပါသည်။
Q: What if I have documents that I want the consular officer to see ahead of my interview?
A: The only time the consular officers will review any documents is at the time of your interview.
အမေး။ ။ ကျွန်တော်/ ကျွန်မ၏ စာရွက်စာတမ်းများအား ကောင်စစ်အရာရှိကို အင်တာဗျူးမတိုင်မီ ကြို၍ ပြသလိုပါက မည်သို့လုပ်ဆောင်ရမည်နည်း။
အဖြေ။ ။ ကောင်စစ်အရာရှိက သင်၏စာရွက်စာတမ်းများကို အင်တာဗျူးဖြေဆိုသည့်နေ့တွင်သာ ကြည့်ပါမည်။
Q: What if my case has been refused under Section 221(g) of the Immigration and Nationality Act and I need to bring in additional documents?
A: There are three options:
- You may come in-person with your additional documents during these hours:
- Immigrant Visas: Tuesdays between 1:30-2:30 pm
- Non-immigrant Visas: Mondays and Wednesdays between 8:00 am – 10:00 am
- If originals are not requested, you may email the scanned documents to:
- Immigrant Visas: IVRangoon@state.gov
- Non-immigrant Visas: NIVInquiryRangoon@state.gov
- You may mail your documents to the following address. Please address it to the Immigrant Visa Unit or Non-immigrant Visa Unit, as appropriate.
Consular Section
U.S. Embassy
110 University Avenue
Kamayut Township
Yangon, Myanmar
အမေး။ ။ အကယ်၍ သင်၏ case သည် အမေရိကန်လူဝင်မှုကြီးကြပ်ရေး နှင့် နိုင်ငံသားအက်ဥပဒေ Section 221(g) ဖြင့်အငြင်းခံရပါက နောက်ထပ် အထောက်အထား စာရွက်စာတမ်းများတင်ရန် မည်သို့ လုပ်ဆောင်နိုင် မည်နည်း။
အဖြေ။ ။ သင်လုပ်ဆောင်နိုင်သော နည်းလမ်း ၃ ခုရှိပါသည်။
- နောက်ထပ် အထောက်အထား စာရွက်စာတမ်းများကို လူကိုယ်တိုင် လာရောက်တင် နိုင်သည့် အချိန်များ
- အခြေစိုက်ဗီဇာ။ အင်္ဂါနေ့ ညနေ ၁:၃၀ – ၂:၃၀
- အခြေမစိုက်ဗီဇာ။ တနင်္လာ နှင့် ဗုဒ္ဓဟူး မနက် ၈:၀၀ – ၁၀:၀၀
- အကယ်၍ မူရင်းစာရွက်စာတမ်းများ မပါ ပါက အောက်ပါအီးမေးလ် တို့ကိုလည်းပေးပို့နိုင်ပါသည်။
- အခြေစိုက်ဗီဇာ။ IVRangoon@state.gov
- အခြေမစိုက်ဗီဇာ။ NIVInquiryRangoon@state.gov
- စာအိတ်ပေါ်တွင် အခြေစိုက်ဗီဇာအတွက် Immigrant Visa Unit သို့မဟုတ် အခြေမစိုက်ဗီဇာအတွက် Non-immigrant Visa Unit ဟုရေး၍ အောက်ပါလိပ်စာသို့ လိပ်မူ၍ လည်း ပေးပို့နိုင်ပါသည်။
Consular Section
U.S. Embassy
110 University Avenue
Kamayut Township
Yangon, Myanmar
Q: What if I need to bring in a new visa photo or passport?
A: Please see above for the three options.
အမေး။ ။ အကယ်၍ ကျွန်တော်/ကျွန်မ ဗီဇာအတွက်ဓာတ်ပုံ အသစ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ကိုသံရုံး သို့ ထပ်မံ တင်ရန်လိုအပ်ပါက မည်သို့ လုပ်ဆောင်ရမည်နည်း။
အဖြေ။ ။ အပေါ်တွင်ဖော်ပြထားသော နည်းလမ်း ၃ ခုကို ကြည့်ပါ။
Q: Can I come in and talk to someone in-person about my case?
A: We cannot answer individual case questions in-person or by phone. Most answers can be obtained on the following websites: http://travel.state.gov and https://mm.usembassy.gov/. Alternatively, you may send us an email and we will respond as soon as possible.
အမေး။ ။ ကျွန်တော်/ကျွန်မ၏ ဗီဇာအခြေအနေအကြောင်းကို သံရုံးအတွင်းသို့ လူကိုယ်တိုင် လာရောက်၍ မေးမြန်းနိုင်ပါသလား။
အဖြေ။ ။ Case တစ်ခုချင်းစီအတွက် လူကိုယ်တိုင်အားဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း မေးသော မေးခွန်းများကို မိမိတို့ မဖြေကြားနိုင်ပါ။ မေးခွန်းများအတွက် အဖြေအများစုကို http://travel.state.gov နှင့် https://mm.usembassy.gov/ တို့တွင်ရရှိနိုင်ပါသည်။ သို့မဟုတ် မေးခွန်းများကို အီးမေးပို့၍ မေးမြန်းပါကလည်း ပြန်၍ ဖြေကြားပေးမည်ဖြစ်ပါသည်။