U.S. Embassy Statement on Recent Fighting in Kachin, Shan and Kayin States

Embassy Seal

April 27, 2018

The U.S. Embassy is deeply concerned about intensified fighting in Kachin State, which has forced thousands of people to flee their homes. We are also deeply troubled by recent fighting in Shan State and Kayin State that has also displaced thousands of people. We urge all parties to cease fighting. We call upon the government, including the military, to protect civilian populations and allow humanitarian assistance to be delivered to those affected by the conflicts.


ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများနှင့်စပ်လျဉ်း၍ အမေရိကန်သံရုံး၏ကြေညာချက်

ဧပြီ ၂၇၊ ၂၀၁၈

ထောင်နှင့်ချီသောပြည်သူများ ၎င်းတို့၏အိုးအိမ်များကို စွန့်ခွာထွက်ပြေးစေရအောင် ပြင်းထန်လာနေသော ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့်ပတ်သက်၍ အမေရိကန်သံရုံးက လွန်စွာစိုးရိမ်မကင်းဖြစ်မိပါသည်။ ယင်းအပြင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ပြည်သူများနေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် အတွက်လည်း လွန်စွာစိုးရိမ်မိပါသည်။ တိုက်ပွဲများရပ်တန့်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံးကို မိမိတို့တိုက်တွန်းပါသည်။ အရပ်သားများကို အကာအကွယ်ပေးရေးနှင့် ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူများအတွက် လူသားချင်းစာနာမူ အကူအညီများ ပို့ဆောင်ပေးနိုင်ရန်ခွင့်ပြုပေးရေးတို့ အတွက်လည်း တပ်မတော်အပါအဝင် အစိုးရကို မိမိတို့ မေတ္တာရပ်ခံပါသည်။