အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် မွေးထုတ်ရေး အစီအစဉ် (ဝိုင်ဆီးလီ)
အချက်အလက်များ
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
စက်တင်ဘာ ၉၊ ၂၀၂၀
အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မွေးထုတ်ရေးအစီအစဉ် (ဝိုင်ဆီးလီ) သည် အရှေ့တောင်အာရှ ပြည်သူများအတွက် အသိပညာဖြန့်ဖြူးပေးရန်နှင့် ကျွမ်းကျင်မှုသင်တန်းများ ပံ့ပိုးပေးရန်အတွက် အမေရိကန်အစိုးရ၏ ကိုယ်ပိုင်အမှတ်လက်က္ခဏာ အစီအစဉ်ဖြစ်သည်။ ဝိုင်ဆီးလီ သည် အရှေ့တောင်အာရှ နိုင်ငံများ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ အသင်းအဖွဲ့အားလုံး (ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်) နှင့် တီမောလက်တီမှ လူငယ်များအတွက် လမ်းဖွင့်ထားပါသည်။ ဝိုင်ဆီးလီ အစီအစဉ်များ၏ ကျောင်းသားဟောင်း ၅၀၀၀ ကျော်ရှိပြီး လူငယ် ၁၅၀,၀၀၀ နီးပါးသည် ဝိုင်ဆီးလီ ကွန်ရက်အဖွဲ့ဝင် ဖြစ်ပါသည်။
အမေရိကန် ပြည်ထောင်စုက ပံ့ပိုးသော ပြည်သူမှ–ပြည်သူသို့ အစီအစဉ်များနှင့်အတူ ဝိုင်ဆီးလီ အစီအစဉ်သည် အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှ ပြည်သူပေါင်း တစ်ဘီလီယံအကြား ဆက်ဆံရေး ပိုမိုအားကောင်းလာစေရန် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ဆောင်ရွက်ချက်ကို ထင်ဟပ်ပြသပါသည်။ ဒေသတွင်း လူငယ်များ၏ ခေါင်းဆောင်မှု စွမ်းရည်ကို မြှင့်တင်ရန်နှင့် မျှဝေထားသော စိန်ခေါ်မှုများကို ဖြေရှင်းရန် ဒေသတစ်လွှား လုပ်ကိုင်ဆောင်ရွက်နေကြသော လူမှုအသိုက်အဝန်း ခေါင်းဆောင်များကို မွေးထုတ် မြေတောင်မြှောက်ပေးရန်အတွက် အမျိုးအမျိုးသော အစီအစဉ်များကတစ်ဆင့် ဝိုင်ဆီးလီ က ကြိုးပမ်းနေ ပါသည်။
- ဖူးလ်ဘရိုက်တက္ကသိုလ် ဗီယက်နမ် (FUV) ၌ ဝိုင်ဆီးလီအကယ်ဒမီ – အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရှိ FUV ၌ ဝိုင်ဆီးလီအကယ်ဒမီ အသစ်အတွက် အမေရိကန်ဒေါ်လာ ငါးသန်း ပံ့ပိုးပေးရန် ကွန်ဂရက်နှင့် တွဲဖက်လုပ်ကိုင်လျက်ရှိပါသည်။ FUV ၌ဝိုင်ဆီးလီအကယ်ဒမီသည်နည်းပညာနှင့်ဆန်းသစ်ပြောင်းလဲမှု၊ပြည်သူရေးရာမူဝါဒနှင့်စွန့်ဦးတီထွင်မှုခေါင်းစဉ်များဖြင့်အရှေ့တောင်အာရှတစ်လွှားမှအသက်၂၅နှစ်မှ၄၀အကြားအစအဦးအဆင့်မှအလယ်အလတ်အဆင့်ထိပညာရှင်များအတွက်အမှုဆောင်အဆင့်စွမ်းဆောင်ရည်တည်ဆောက်ခြင်းနှီးနှောဖလှယ်ပွဲများကမ်းလှမ်းရန်စီစဉ်နေပါသည်။
- ပညာရေးဆိုင်ရာဖဲလိုရှစ်အစီအစဉ် – ဤအစီအစဉ်သည် အမေရိကန်ပြည်ထောင်စု ကောလိပ် သို့မဟုတ် တက္ကသိုလ်များတွင် သီတင်းပတ် ငါးပတ်ကြာ တက်ရောက်ရသော အသက် ၁၈–၂၅ အတွက် ဖဲလိုရှစ် (ပညာတော်သင်) အစီအစဉ်ဖြစ်ပါသည်။ဤအစိအစဉ်တွင်နေထိုင်ခွင့်၊ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး၊အမေရိကန်ရွယ်တူများနှင့်အပြန်အလှန်တုံ့ပြန်မှုနှင့်လူထုဝန်ဆောင်မှုလုပ်ငန်းစဉ်များပါဝင်ပြီးပညာတော်သင်လူငယ်ပေါင်း၁၂၀၀ကျော်ပါဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
- ကျွမ်းကျင်မှုပညာဆိုင်ရာဖဲလိုရှစ်အစီအစဉ် – ဤအစီအစဉ်သည် အသက် ၂၅–၃၅ ကြား ပုဂ္ဂိုလ်များအား အမေရိကန်ပြည်ထောင်စုရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ အစိုးရဌာနများ သို့မဟုတ် နိုင်ငံတစ်ဝန်း ပုဂ္ဂလိက အခန်းကဏ္ဍရုံးများတွင် အသင့်စီမံပေးထားသော လုပ်ငန်းခွင်များ၌ သီတင်းငါးပတ်ကြာအောင် တစ်ဦးချင်းစီအလိုက် နေရာချပေး၍ အတွေ့အကြုံ ရယူစေသော အစီအစဉ်ဖြစ်ပါသည်။ အိမ်ရှင် အမေရိကန်ကို အရှေ့တောင်အာရှသို့ အပြန်အလှန် စေလွှတ်သည့် နှီးနှောဖလှယ်ရေးအစီအစဉ်လည်းပါဝင်ပါသည်။ ဤအစီအစဉ်တွင် ပါဝင်ခဲ့ပြီးသည့် ဖဲလိုရှစ်ပေါင်း ၁,၂၀၀ကျော်ရှိခဲ့ပြီးဖြစ်ပါသည်။
- ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲနှင့်တွေ့ဆုံပွဲ – ဤအစီအစဉ်တွင် အရှေ့တောင်အာရှတစ်လွှား ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများတွင် လူငယ်ခေါင်းဆောင်များသည် လက်တွေ့ကျသော စွမ်းရည်များကိုရေးဆွဲကာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အထူးပြုသော နယ်စပ်ဖြတ်ကျော် စီမံကိန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရသည်။ ၂၀၁၄ ခုနှစ်မှစ၍ ကွန်ရက်များ အားကောင်းစေရန်နှင့် အားလုံးနှင့်ဆိုင် ဒေသဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာရန်အတွက် ပညာတော်သင်ဟောင်းများသည် အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျသည့် နိုင်ငံတွင် နှစ်စဉ်ကျင်းပသော ဝိုင်ဆီးလီ ထိပ်သီးတွေ့ဆုံပွဲတွင် စုစည်းကြပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲနှင့် ထိပ်သိးတွေ့ဆုံပွဲအစီအစည်တွင် လူငယ်ခေါင်းဆောင် ၃,၀၀၀ ကျော်ပါဝင်ခဲ့ကြပြီးဖြစ်သည်။
- အနာဂတ်အတွက် မျိုးစေ့များအစီအစဉ် – နိုင်ငံသားများထိတွေ့ဆက်ဆံမှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ပညာရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်များ၏ ဆန်းသစ်တီထွင်သော စိတ်ကူးအကြံဉာဏ်များကို ပံ့ပိုးပေးသည့် အသေးစား စီမံကိန်းအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်အရ အမေရိကန်အစိုးသည် ဒေါ်လာ ၁.၇ သန်းကျော် ပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါသည်။
ဤအစီအစည်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက EAP-Press@state.gov သို့ ဆက်သွယ်နိုင်ပါသည်။ သို့မဟုတ် yseali.state.gov တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။