ခရိုင်အဆင့် ဥပဒေရုံး ဆယ်ရုံး ပိုမို တိုးတက်ကောင်းမွန်လာရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို USAID မှ ကူညီပံ့ပိုး

ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာ ၂၁၊ ၂၀၂၀

ခရိုင်အဆင့်ပဒေရုံး ဆယ်ရုံး ပိုမို တိုးတက်ကောင်းမွန်လာရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို USAID မှ ကူညီပံ့ပိုး

ရန်ကုန်။ ။အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မစ္စအလဲရ်ဂရပ်ဘ်စ်သည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးနှင့် ပူးပေါင်း၍ ဥပဒေရုံး၏ ကနဦးအစီအစဥ်ကို တိုးချဲ့လိုက်ကြောင်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော ပွဲတွင် ကြေညာခဲ့သည်။ ထပ်တိုး ဥပဒေရုံး ဆယ်ရုံးက အမှုကိုင်တွယ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ အစီရင်ခံတင်ပြခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့ တိုးတက်ကောင်းမွန်အောင် နည်းပညာကို စတင် အသုံးပြု၍ ဆောင်ရွက်ကြမည် ဖြစ်သည်။ ဥပဒေရုံးများသည် စံသတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ပိုမိုထိရောက်သော တရားစွဲဆိုမှုများကို အထောက်အကူပြုသွားမည် ဖြစ်သည်။ လူကုန်ကူးမှုများတွင် အသက်ရှင်ကျန်ရစ်သူများကို စိတ်ဒဏ်ရာများ တစ်ဖန် ပြန်မဖြစ်စေအောင် ကာကွယ်နိုင်ရန် ဤအချက်က အရေးကြီးသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုတာ ကမ္ဘာတခွင်လုံး ကြိုးပမ်းအားထုတ်နေရတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက်တာ၊ ပြစ်မှုပြုကျင့်သူတွေကို တရားစွဲဆိုတာ၊ လူကုန်ကူးမှုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ကူညီထောက်ပံ့တာတို့ကို လုပ်ဆောင်နိုင်ဖို့ နိုင်ငံတိုင်းက အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက မဟာဗျူဟာစီမံကိန်း တစ်စိတ်တစ်ဒေသအနေနဲ့ ပြည်ထောင်စုအနှံ့မှာရှိတဲ့ ဉပဒေရုံးအားလုံးမှာ ဒီလိုလုပ်ထုံးလုပ်နည်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင့်သုံးသွားဖို့ လမ်းကြောင်းဖောက်လိုက်ပါပြီ။ USAID ၊ အမေရိကန်သံရုံးနဲ့ အမေရိကန်ပြည်သူတွေက အခုလိုကြိုးပမ်းဆောင်ရွက်မှုတွေမှာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆောင်ရွက်ရတဲ့အတွက် ဂုဏ်ယူနေကြပါတယ်ဟု USAID ၏ ဌာနေညွှန်ကြားရေးမှူး အလဲရ်ဂရပ်ဘ်စ်က ဆိုသည်။

ကနဦးအစီအစဥ်တွင် ပါဝင်သည့် ဥပဒေရုံး ဆယ်ရုံးသည် မိတ္ထီလာ၊ ရမည်းသင်း၊ လားရှိုး၊ ဖျာပုံ၊ ပြည်၊ ရန်ကုန်တောင်ပိုင်း၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ကန့်ဘလူနှင့် သထုံခရိုင်တို့ ဖြစ်ကြသည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် USAID ၏ တရားဥပဒေစိုးမိုးရေး မြှင့်တင်မှုစီမံကိန်းက ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှ စတင်၍ ကူညီထောက်ပံ့ပေးလာခဲ့သော မူရင်း ကနဦးဥပဒေရုံး ရှစ်ခုဖြစ်သော ပြင်ဦးလွင်၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ ထားဝယ်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တို့အပြင် ချမ်းအေးသာဇံနှင့် မော်လမြိုင်မြို့နယ်တို့၌ အောင်မြင်သော အတွေ့အကြုံအပေါ် အခြေခံ၍ တည်ဆောက်ထားသည်။

###

USAID