USAID ဌာနေညွှန်ကြားရေးမှူး အလဲဂရပ်ဘ်စ် ငါးမွေးမြူသူများအတွက် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ ရွှေငါးအက်ပ် မိတ်ဆက်ပွဲမှ မှတ်ချက်စကား

USAID-WorldFIsh Press Release Header

USAID ဌာနေညွှန်ကြားရေးမှူး အလဲဂရပ်ဘ်စ်

ငါးမွေးမြူသူများအတွက် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ ရွှေငါးအက်ပ် မိတ်ဆက်ပွဲမှ မှတ်ချက်စကား


မွန်းတည့်
၁၂ နာရီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၀ ခုနှစ်
[ပြင်ဆင်ထားသောမှတ်ချက်စကား]

င်္ဂလာပါဒီနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့အတွက်‌ ကျေးဇူးတင်ပါတယ်။

ဒီနေ့ကတော့ ရွှေငါး လို့နာမည်ပေးထားတဲ့ mobile application ကိုမိတ်ဆက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ရွှေငါး mobile application ဟာမြန်မာနိုင်ငံမှ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူတွေ အထွက်တိုးစေရန်နှင့် စျေးကွက်အသစ်များချိတ်ဆက်ပြီး ဝင်‌ငွေတိုးပွားလာစေရန်အတွက် အထောက်ကူပြုပေးမှာဖြစ်ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ နည်းပညာသုံးထားတဲ့ ရွှေငါး app ဟာ မြန်မာပြည်သူတွေကို ဝင်ငွေတိုးပွားစေရန်သာမက ကိုဗစ်၁၉ ကဲ့သို့သော စီးပွားရေးရပ်ဝန်းအ‌ပေါ် ရုတ်တရက်ရိုက်ခတ်လာတတ်တဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလဲ အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။

ရွှေငါး mobile application ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံမှ လုပ်ကွက်ငယ်ငါးမွေးမြူရေးလုပ်ကိုင်သူတွေ အထွက်နှုန်းတိုးတက်ရေး၊ ပိုမိုကောင်းမွန်တဲ့ ပြည်တွင်းစျေးကွက်သစ်များနှင့် ချိတ်ဆက်နိုင်ရေးနဲ့  သန့်ရှင်းပြီး ဘေးကင်းတဲ့ ငါးအခြေခံစားသောက်ကုန်များမှ အာဟာရဖွံ့ဖြိုတိုးတက်ရေး တို့အတွက် အကူအညီပေးနေတာ ဖြစ်ပါတယ်။

ရွှေငါး application နဲ့ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း ဟာ “Feed the Future” လို့အမည်ရတဲ့ အမေရိကန်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံကိန်းကြီးရဲ့  အစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။

Feed the Future စီမံကိန်းအနေနဲ့ ကမ္ဘာတဝန်းမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေလုပ်ဆောင်ခဲ့တာ အခုဆို ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ စီမံကိန်းကြီးရဲ့ အဓိကရည်ရွယ်ချက်တွေကတော့

  • စိုက်ပျိုးရေးကိုအခြေခံတဲ့ အားလုံးပါဝင်ပြီး ရည်ရှည်တည်မြဲတဲ့ စီးပွားရေးတိုးတက်မှုဖော်ဆောင်ရန်
  • ရုတ်တရက်ဖြစ်ပေါ်လာပြီး စီးပွား‌ရေးရပ်ဝန်းကို ရိုက်ခတ်လာတတ်တဲ့ အကျိုးသက်ရောက်မှုတွေကို ခံနိုင်ရည်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ စနစ်တခုဖြစ်ပေါ်လာစေရန်
  • အမျိုးသမီးနှင့် ကလေးငယ်များ အာဟာရဖူလုံဖွံ့ဖြိုးစေရန် တို့ဖြစ်ပါတယ်။

USAID ရဲ့ စိုက်ပျိုးရေးစီမံကိန်းတွေဟာ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အိမ်ထောင်စုပေါင်း ၁၇၇,၀၀၀ စုကိုအကူအညီပေးခဲ့ပြီးဖြစ်ပါတယ်။ ထို့အပြင် တောင်သူများ၊ အလတ်စားနှင့် အသေးစား စီပွားရေးလုပ်ငန်းပေါင်း ၇၇၀၀၀ အတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၆၅ သန်းကျော် နှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၃.၅ သန်း အထောက်အပံ့ပေးခဲ့ပါတယ်။

ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းဟာ အနာဂတ်မှာ ပိုမိုဆန်းသစ်တဲ့ ချဉ်းကပ်မှုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေထပ်မံ တိုးတက်အောင်လုပ်ဆောင်ပြီး ငါးမွေးမြူရေးကဏ္ဍမှာ ကျေးလက်နေလူထုအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဆက်လက်ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။

အထက်ပါရည်ရွယ်ချက်များ အောင်မြင်ရန်အတွက် မိတ်ဆွေတို့နဲ့ပူးပေါင်းဆောင်ရွက်မယ် ဆိုတာထက် ကောင်းမွန်တဲ့ နည်းလမ်းဆိုတာ မရှိဘူးလို့ ယုံကြည်ပါတယ်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီဟာ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီအရေးနှင့် အားလုံးပါဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အပံ့ပေးလျက်ရှိပါတယ်။

ယခုမိတ်ဆက်လိုက်တဲ့ ရွှေငါး ကဲ့သို့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ နည်းပညာများထပ်မံပေါင်းစပ်ထားတဲ့ စီမံကိန်းမျိုးဟာ အမျိုးသမီးများ၊ လူငယ်များ နှင့် တိုင်းရင်းသားလူမျိုးစုများ အားလုံးလက်လှမ်းမှီတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာ ကောင်းမွန်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။

ယခုလို တက်ရောက်လာကြပြီး တန်ဖိုးဖြတ်မရတဲ့ ပူးပေါင်းပါဝင်မှုတွေအတွက် အားလုံးကို ကျေးဇူတင်ရှိကြောင်းထပ်မံ‌ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

###