မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုအကူအညီပေးအပ်မှု ဒေါ်လာ ၁၃.၅ သန်းနီးပါးခန့်ရှိလာ

ချက်ချင်းထုတ်ပြန်ရန်
ဇွန် ၁၇၊ ၂၀၂၀

မြန်မာနိုင်ငံအတွင်း ကိုဗစ်၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုအကူအညီပေးအပ်မှု ဒေါ်လာ ၁၃. သန်းနီးပါးခန့်ရှိလာ

မြန်မာနိုင်ငံအတွင်း ကိုဗစ်၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာလေးသန်း ထပ်မံပေးအပ်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ကိုဗစ်၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ၂၀၂၀ ဖေဖော်ဝါရီလကတည်းက ပေးအပ်လာခဲ့သည်နှင့်ဆိုပါက စုစုပေါင်းဒေါ်လာ ၁၃. သန်းရှိပြီဖြစ်ပါသည်။ ဤထပ်ဆောင်းအကူအညီများကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီသည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေအစီအစဉ် ကတစ်ဆင့် မြန်မာပြည်သူများကို ပေးအပ်မည်ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရမည့် နယ်ပယ်ဧရိယာများကို ရှာဖွေသတ်မှတ်ရန် မြန်မာအစိုးရ၊ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးအပ်သည့် မိတ်ဖက်အဖွဲ့အစည်းများ၊ အခြားပါဝင်ပတ်သက်သူများနှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အသက်ကယ်ဆယ်ရေးအကူအညီများကို ပေးအပ်လျက်ရှိပါသည်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ ဒီအမေရိကန်အကူအညီ ဒေါ်လာ ၁၃. သန်းဟာ နိုင်ငံတစ်ဝန်းကျန်းမာရေးကဏ္ဍအတွက် ကျွန်တော်တို့ရဲ့  ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်တာဖြစ်ပါတယ်။ အခုအကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက် ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ အကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ . ဘီလျံအပြင် ထပ်ပြီးပေးတာ ဖြစ်ပါတယ်ဟု အမေရိကန်သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီ ကပြောပါသည်။

ကိုဗစ်၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ကျန်းမာရေးအကူအညီ စုစုပေါင်းဒေါ်လာ . သန်းနှင့်အတူ အမေရိကန်ပြည်သူများသည် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍတုံ့ပြန်မှု အောက်ပါဧရိယာများကို ကူညီပံ့ပိုးပေးခြင်းဖြင့် လူ့အသက်များကို ကယ်ဆယ်မည်ဖြစ်ပါသည်။

  • ကိုဗစ်၁၉ ရောဂါကိုမည်သို့ တားဆီးကာကွယ်ပြီး တုံ့ပြန်ဆောင်ရွက်မလဲဆိုသည့်အကြောင်း အသိပညာပေး သတင်းအချက်အလက်များကို ဘာသာစကားမျိုးစုံနှင့်ရေးသားထုတ်လုပ်၍ ပုံနှိပ်ဒီယာနှင့် လူမှုကွန်ရက် မီဒီယာကဲ့သို့သော လမ်းကြောင်းမျိုးစုံကတစ်ဆင့် ဖြန့်ဝေခြင်းအားဖြင့် လူထုအား ကျန်းမာရေး အသိပညာပေးမှုမြှင့်တင်ခြင်း
  • ပဋိပက္ခဘေးသင့်ဒေသများနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများကတစ်ဆင့် ဆောင်ရွက်ခြင်း အပါအဝင် ကူးစက်ပျံ့ပွားမှုကို တုံ့ပြန်ပြီး ကာကွယ်တားဆီးရာတွင် ကျန်းမာရေးလုပ်သားများ ဘေးအန္တရာယ် ကင်းစွာဖြင့် ဆောင်ရွက်နိုင်ရန် အကူအညီပေးခြင်း
  • ရောဂါပိုးစစ်ဆေးမှု အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ဓာတ်ခွဲခန်းများ ပိုမိုတိုးတက်စေရန် လိုအပ်သည့် ကျွမ်းကျင်မှု၊ လေ့ကျင့်သင်တန်းများနှင့် ပစ္စည်းကိရိယာများ ကူညီပံ့ပိုးခြင်း
  • ကူးစက်ခံရမှု စုံစမ်းစစ်ဆေးခြင်းနှင့် ထိတွေ့ခဲ့သူများအား ခြေရာခံခြင်းအပါအဝင် ကူးစက်ခံရမှုရှိမရှိ ပိုမိုစောင့်ကြည့်၍ စမ်းသပ်စစ်ဆေးခြင်းများအတွက် အကူအညီပေးခြင်း

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ အမေရိကန်နိုင်ငံရပ်ခြားဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေးရုံး ကလည်း IDP စခန်းများတွင်နေထိုင်နေရကြပြီး ရေပြတ်လပ်နေကြသူများအပါအဝင် ထိခိုက်လွယ်ပြည်သူများအတွက် ဆပ်ပြာနှင့် လက်ဆေးစင်များပါဝင်သော ရေနှင့်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများပါဝင်သော ကိုဗစ်၁၉ တုံ့ပြန်တိုက်ဖျက်ရေး ရန်ပုံငွေ ဒေါ်လာ သုံးသန်း ကူညီပံ့ပိုးခဲ့ပါသည်။

ဒေါ်လာ ၁၃. သန်း စုစုပေါင်းအကူအညီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာဗျူရိုက နိုင်ငံတကာကြက်ခြေနီအဖွဲ့ ပဏာမတောင်းခံမှုကိုဗစ်၁၉ တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်မှုအတွက် ပေးအပ်သည့် ဒေါ်လာ . သန်းနီးပါးလည်း ပါဝင်ပါသည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်၁၉ တုံ့ပြန်ရေး ကြိုးပမ်းအားထုတ်မှုများတွင် အရေးကြီးသော ကျန်းမာရေးအခြေခံ အဆောက်အအုံ အကူအညီပေးခြင်း၊ ပြည်သူများသန့်ရှင်းသောရေရရှိရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်ရှိစေခြင်း၊ သီးသန့်ခွဲထားသည့်နေရာများတွင် ကူးစက်ပျံ့ပွားမှုကာကွယ်ခြင်း၊ မှုခင်းဆေးပညာလမ်းညွှန်များပေးအပ်ခြင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ရော ပြည်တွင်းအတိုင်းအတာနှင့်ပါ ကိုဗစ်၁၉ တုံ့ပြန်ရာတွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ Red Crescent Movement တို့နှင့်မိတ်ဖက်လက်တွဲ ဆောင်ရွက်မှုအတွက် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ မြန်မာအပါအဝင် ထိခိုက်လွယ် ပြည်သူများနှင့် အသိုက်အဝန်းများအတွက် ကြံ့ကြံ့ခံရပ်တည်နိုင်ရန်တည်ဆောက်ခြင်း ရေရှည်အစီအစဉ်များကို အကူအညီပေးခြင်းတို့ ပါဝင်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်၁၉ ရောဂါတုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) မှ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အကြီးတန်း ပညာရှင်များနှင့်အတူ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား နည်းပညာအကူအညီများလည်း ပေးအပ်လျက်ရှိပါသည်။ CDC သည် ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် မြန်မာကျန်းမာရေးဝန်ထမ်းများကို အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ရောဂါပိုးကို သေချာစွာသတိထား စောင့်ကြည့် နိုင်ရေးအတွက် နည်းပညာအကူအညီများ ပေးအပ်နေပါသည်။ CDC သည် ဓာတ်ခွဲခန်းဆိုင်ရာ နည်းပညာ အကူအညီများကိုလည်း ပေးအပ်နေပါသည်။ ယင်းသို့ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် အမေရိကန်ထိုင်း ပူးတွဲအစီအစဉ်တစ်ခုဖြစ်သည့် Armed Forces Research Institute of Medical Sciences (AFRIMS) နှင့်အခြားသော အလှူရှင်များက ပေးအပ်သည့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေး စက်ကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများကို အကောင်းဆုံး ကိုင်တွယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ကမ္ဘာ့အများဆုံး နှစ်နိုင်ငံဆက်ဆံရေးအကူအညီ ပေးအပ်သူအဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝန်း ကိုဗစ်၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာတစ်ဘီလျံကျော် အကူအညီပေးရန် ကတိကဝတ်ပြုထားပါသည်။

မိမိတို့၏  All-of-America ပုံစံချဉ်းကပ်မှုနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ်၁၉ ရောဂါတုံ့ပြန် တိုက်ဖျက်ရေးတွင် အမေရိကန်ပြည်ထောင်စု၏ ဦးဆောင်မှုနှင့် ပတ်သက်၍ https://www.state.gov/coronavirus/ တွင်ကြည့်ရှုနိုင်ပါသည်။

### ပြီး ###