အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာ ၂၇၊ ၂၀၂၀
အတွင်းဝန် ဒေးဗစ်ဟေးလ် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းဖြင့် စကားပြောကြားခြင်း
အောက်ဖော်ပြပါ အကြောင်းအရာနှင့်ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တဂွန်ကို ကိုးကားနိုင်ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာအတွင်းဝန် ဒေးဗစ်ဟေးလ်သည် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ ဖုန်းဆက်စကားပြောဆို၍ မြန်မာနိုင်ငံအတွင်း ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှု၊ လူသားချင်းစာနာမှုဆိုင်ရာကယ်ဆယ်ရေးကြိုးပမ်းအားထုတ်နေမှု၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် အများလက်ခံယုံကြည်၍၊ ပွင့်လင်းမြင်သာမှုရှိသော အားလုံးပါဝင်သည့် ရွေးကောက်ပွဲအတွက် အမေရိကန်က ထောက်ခံအားပေးနေမှုကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။ နိုင်ငံတစ်ဝန်းပဋိပက္ခများ အဆုံးသတ်ရေးနှင့် ရိုဟင်ဂျာ၊ အခြားဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ ၎င်းတို့၏သဘောဆန္ဒအလျောက် လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေး အတွက်လည်း မြန်မာအစိုးရကို အတွင်းဝန်ဒေးဗစ်ဟေးလ်က တိုက်တွန်းပြောကြားခဲ့ပါသည်။
###