ပြည်ထောင်စုရှေ့နေချုပ်ရုံးအတွက် တရားရေးကဏ္ဍ သင်တန်းအထောက်အကူပြုပစ္စည်းများကို အမေရိကန်ကပေးအပ်ခြင်း

ချက်ချင်းထုတ်ပြန်ရန်
သြဂုတ် ၂၆၊ ၂၀၂၀

ပြည်ထောင်စုရှေ့နေချုပ်ရုံးအတွက် တရားရေးကဏ္ဍ သင်တန်းအထောက်အကူပြုပစ္စည်းများကို အမေရိကန်ကပေးအပ်ခြင်း

 

ရန်ကုန်။ ဒေါ်လာ ၃၀,၀၀၀ တန်ဖိုးရှိ တယ်လီကွန်ဖရင့်ပြုလုပ်သည့်ပစ္စည်းကိရိယာများအား အမေရိကန်အစိုးရက လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် ယနေ့ကျင်းပခဲ့ပါသည်။ ယင်းပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့်အတူ သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီ တက်ရောက်ခဲ့ပြီး ပစ္စည်းကိရိယာများကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ကိုဗစ်၁၉ကပ်ရောဂါကာလတစ်လျှောက်မြန်မာနိုင်ငံတစ်ဝန်းနေရာခုနစ်နေရာတွင်မြန်မာအစိုးရရှေ့နေများအနေဖြင့်အသိပညာမျှဝေမှုနှင့်သင်တန်းများဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက်ယင်းပစ္စည်းကိရိယာများကအထောက်အကူပြုသွားမည်ဖြစ်ပါသည်။

ဒီပစ္စည်းကိရိယာ ပေးအပ်လှူဒါန်းမှုကနေ အစိုးရရှေ့တွေအတွက် အဝေးသင်စနစ်ကို တိုက်ရိုက်အထောက်အကူ ပြုမှာဖြစ်ပြီး တရားရေးကဏ္ဍ ပိုမိုအားကောင်းစေဖို့အတွက် မြန်မာနိုင်ငံနဲ့တိုးမြှင့်ဆောင်ရွက်နေတဲ့ လက်တွဲဆောင်ရွက်မှုကို ထပ်လောင်းအားဖြည့်ခြင်းလည်းဖြစ်ပါတယ်ဟု သံရုံးယာယီတာဝန်ခံ ဆစ်ဘလီကပြောကြားသည်။ခိုင်မာတဲ့ လက်တွဲမှုဆိုတာ သူကိုယ်တိုင်ပြန်ပြီးသက်သေထူပါတယ်။ အချိန်ကောင်းတွေမှာမှ မဟုတ်ပါဘူး။ စိန်ခေါ်မှု အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အချိန်တွေမှာလည်း သက်သေထူပါတယ်” “လက်ရှိကျွန်တော်တို့နေထိုင်မှုပုံစံတွေ၊ လေ့လာသင်ယူမှုပုံစံတွေ၊ အလုပ်လုပ်တဲ့ပုံစံတွေဟာ အရင်ကနဲ့မတူပေမဲ့ ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်တွေကတော့ မပြောင်းမလဲဘဲ ရှိနေတယ်ဆိုတာ ဒီနေ့ကျွန်တော်တို့မြင်တွေ့နေရပါတယ်ဟု ၎င်းကထပ်မံဖြည့်စွက်ပြောကြားသည်။

ပေးအပ်လှူဒါန်းထားသော ပစ္စည်းကိရိယာများသည် တောင်ကြီး၊ လွိုင်ကော်၊မကွေးနှင့်ဘားအံတို့ရှိအဝေးသင်စနစ်ဖြင့်လေ့လာရေးဌာနများတွင်တပ်ဆင်ထားပြီးဖြစ်သည်။နောက်ထပ်ပစ္စည်းကိရိယာများသည်လည်းထားဝယ်၊စစ်တွေနှင့်ဟားခါးမြို့များရှိလေ့လာရေးဌာနများသို့လာမည့်လအတွင်းရောက်ရှိမည်ဖြစ်ပါသည်။

အစိုးရရှေ့နေအသစ်တွေ အခုလို သင်တန်းကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆက်တက်နိုင်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ လက်တွဲဆောင်ရွက်ခွင့်ရတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ဝမ်းမြောက်ကြည်နူးရပါတယ်ဟု မြန်မာနိုင်ငံတွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူ ရောဘတ်စထရန့်က ပြောပါသည်။အခုပစ္စည်းကိရိယာတွေဟာ လာမယ့်နှစ်တွေ အတွင်း တရားရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာစေမယ်လို့မျှောင်လင့်ပါတယ်ဟု၎င်းကထပ်မံဖြည့်စွက်ပြောကြားသည်။

လွန်ခဲ့သောလအတွင်းကလည်းဥပဒေအရာရှိ၂၀၀ကျော်သည်အမေရိကန်တရားရေးဌာနမှကျွမ်းကျင်သူများနှင့်အတူအဝေးသင်စနစ်ဖြင့်လေ့လာခဲ့ကြပြီးဖြစ်သည်။အဝေးသင်စနနစ်ဖြင့်လှမ်း၍ပို့ချသောအစိုးရရှေ့နေအသစ်များအတွက်ပြည်ထောင်စုရှေ့နေချုပ်ရုံး၏အဆိုပါသင်တန်းတွင်တရားခွင်ဆိုင်ရာအခြေခံပညာရပ်များအားဗွီဒီယိုသင်ခန်းစာပို့ချချက်များ၊သရုပ်ပြမှုများကတစ်ဆင့်အမေရိကန်ကျွမ်းကျင်သူတို့ကအကူအညီပေးခဲ့ခြင်းဖြစ်သည်။ဤအစီအစဉ်များသည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊နိုင်ငံတကာမူးယစ်ဆေးနှင့်ဥပဒေစိုးမိုးရေးဗျူရိုမှကူညီပံ့ပိုးသောနိုင်ငံဖြတ်ကျော်မှုခင်းများတားဆီးကာကွယ်ရေးအစီအစဉ်၏ပုံစံအစိတ်အပိုင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့်မြန်မာနိုင်ငံအကြား နိုင်ငံဖြတ်ကျော်မှုခင်းများတားဆီးကာကွယ်ရေးအစီအစဉ်ကိုလည်း မေလအတွင်းက နောက်ထပ် နှစ်နှစ် ထပ်တိုးခဲ့ပါသည်။ ဤပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွင်း တရားရေးကဏ္ဍအတွက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီကတစ်ဆင့် ဆောင်ရွက်ခြင်းအပါအဝင် အခြားသော အမေရိကန်ပြည်ထောင်စု၏ ပူးပေါင်းဆောင်ရွက်မှုများကို ထပ်လောင်းအားဖြည့်ခြင်း ဖြစ်ပါသည်။

### ပြီး ###