ချက်ချင်းထုတ်ပြန်ရန်
မတ် ၁၈၊ ၂၀၂၀

လတ်တလောအဆုတ်ရောင်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကိုတုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအား အမေရိကန်က ထပ်တိုးအကူအညီပေးအပ်ခြင်း

 

ရန်ကုန် မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ပြန့်ပွားမှု လျော့ပါးသက်သာရေးအတွက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) တစ်ဦးမှတစ်ဦးသို့အလွယ်တကူကူးစက်တတ်သော ရောဂါအတွက် အရေးပေါ် အရန် ရန်ပုံငွေ အစီအစဉ်မှနေ၍ဒေါ်လာ . သန်း ငွေကြေးအကူအညီ ထောက်ပံ့ပေးရန် အမေရိကန်အစိုးရက ရည်သန်ကတိပြုထားပါသည်။ USAID သည်ယခုရန်ပုံငွေများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် USAID’s “Breakthrough Action” စီမံကိန်း၏မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော Save the Children နှင့် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တို့ကိုပေးအပ်ခြင်းဖြစ်ပါသည်။

USAID သည် ယင်း ဒေါ်လာ . သန်းအကူအညီအတွင်းမှ ဒေါ်လာ ၇၀၀,၀၀၀ ကို မြန်မာနိုင်ငံ၏ COVID-19 အတွက် အသင့်ပြင်ဆင်နိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် WHO ကိုပေးအပ်ခြင်းဖြစ်ပါသည်။ ဒေါ်လာ ၆၀၀,၀၀၀ ကို မြန်မာနိုင်ငံ၏ စွန့်စားဆောင်ရွက်ရသော ပို့ဆောင်ဆက်သွယ်ရေးအတွက် UNICEF ကို USAID ကပေးအပ်ပါသည်။ USAID သည် Save the Children ၏တိုးချဲ့ထားသော မြန်မာနိုင်ငံအတွင်းရှိ ဒေသခံမိတ်ဖက်များ ကွန်ရက်ကတစ်ဆင့် အသိပညာပေးဆိုင်ရာ သတင်းစကားများနှင့် လိုအပ်သောပစ္စည်းများဖြန့်ဝေရာတွင် အရှိန်မြှင့်တင်ရေး အတွက် ဒေါ်လာ ၅၀၀,၀၀၀ ကိုလည်း Johns Hopkins Center for Communications Programs နှင့် ၎င်း၏မိတ်ဖက် အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံအခြေစိုက် Save the Children အစီအစဉ်က အကောင်အထည်ဖော်လျက်ရှိသည့် USAID’s Breakthrough Action စီမံကိန်းကို ပေးအပ်ပါသည်။

ဤအစီအစဉ်အသစ်များသည် ဖြစ်နိုင်ခြေရှိသော COVID-19 ကေ့စ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အလို့ငှာ ယခုလအစောပိုင်းအတွင်း USAID ကပေးအပ်လှူဒါန်းခဲ့သော ဆေးရုံသုံးနှာခေါင်းစည်း ၃၀,၀၀၀၊ မျက်နှာအကာ ,၅၀၀၊ နှာခေါင်းစည်း ,၅၀၀၊ ဝတ်ရုံအစုံ ,၅၀၀၊ ဖိနပ်ဖုံး ,၅၀၀ နှင့် လုံခြုံရေးမျက်ကာမျက်မှန် ,၀၀၀ အပြင်ထပ်မံပေးအပ်ခြင်းဖြစ်ပါသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) မှ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အကြီးတန်းပညာရှင်များ၏ နည်းပညာအကူအညီများကိုလည်း အမေရိကန်ပြည်ထောင်စုကပေးအပ်လျက်ရှိပါသည်။ ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် မြန်မာကျန်းမာရေးဝန်ထမ်းများကို အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ရောဂါပိုးကို သေချာစွာသတိထား စောင့်ကြည့်နိုင်ရေးအတွက် CDC က နည်းပညာအကူအညီများ ပေးအပ်နေပါသည်။ CDC သည် ဓာတ်ခွဲခန်းဆိုင်ရာ နည်းပညာအကူအညီများကိုလည်း ပေးအပ်နေပါသည်။ ယင်းသို့ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အမေရိကန်ထိုင်း ပူးတွဲအစီအစဉ်တစ်ခုဖြစ်သည့် Armed Forces Research Institute of Medical Sciences (AFRIMS) နှင့်အခြားသော အလှူရှင်များက ပေးအပ်သည့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေး စက်ကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများကို အကောင်းဆုံး ကိုင်တွယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

လတ်တလောအဆုတ်ရောင်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://www.cdc.gov/coronavirus/2019-ncov/index.html
https://mm.usembassy.gov/covid-19-information/
COVID-19 နှင့်ပတ်သက်၍ USAID တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုသိရှိလိုပါက https://www.usaid.gov/coronavirus-covid-19 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

### ပြီး ###