ရိုက်တာသတင်းထောင်နှစ်ဦး ဖမ်းဆီးခံရခြင်းအပေါ် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်

Embassy Seal

ရိုက်တာသတင်းဌာနအတွက် သတင်းလိုက်ပေးသည့်သတင်းထောက်နှစ်ဦးသည် ယမန်နေ့ညက ရန်ကုန်မြို့တွင် ရဲအရာရှိများနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရပြီးနောက် သမားရိုးကျမဟုတ်သော ဖမ်းဆီးခြင်းခံရသည့်အကြောင်း ကြားသိရသည့်အတွက် အမေရိကန်သံရုံးအနေဖြင့်များစွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ ဒီမိုကရေစီတစ်ရပ် အောင်မြင်စေရေးအတွက် သတင်းထောက်များအနေဖြင့် လွတ်လပ်စွာ သတင်းရယူရေးသားနိုင်ရန် လိုအပ်ပါသည်။ မြန်မာအစိုးရအနေဖြင့် ယခုဖမ်းဆီးမှုများအကြောင်း ရှင်းပြပေးရန်နှင့် (သက်ဆိုင်သူများကို) သတင်းထောက်များနှင့် တွေ့ဆုံခွင့်ပေးရန် မိမိတို့ တိုက်တွန်းပါသည်။