မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်နေကြသော အမျိုးသမီးများ (Women of Change) ကို အမေရိကန်သံရုံးက ဂုဏ်ပြုချီးမြှင့်ခြင်း

မတ် ၂၂၊ ၂၀၁၈။ ရန်ကုန်၊ မြန်မာ — အမေရိကန်သံရုံးက နှစ်စဉ်ချီးမြှင့်သော Women of Change ဆုရရှိသူ သုံးဦးကို သံအမတ်ကြီးမာစီရယ်လ်က ယနေ့ ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေး
ပိုမိုတိုးတက်စေရေးနှင့် ဤနိုင်ငံအတွင်းရှိ လူနေမှုဘဝများအတွင်းက အမျိုးသမီးတ့၏ို အခန်းကဏ္ဍအပေါ်ထားရှိသည့် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ထင်ဟပ်စေသော အမျိုးသမီးများကို ဤဆုဖြင့် အသိအမှတ်ပြုခြင်းဖြစ်ပါသည်။

“ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ လူ့အခွင့်အရေး ပိုမိုတိုးတက်စေဖို့အတွက် ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို အားပေးကူညီဖို့အတွက် အမေရိကန်ပြည်ထောင်စု သန္နိဋ္ဌာန်ချထားပါတယ်။ ဒီ Women of
Change Award ဆု ပေးအပ်တယ်ဆိုတာ မြန်မာနိုင်ငံက အမျိုးသမီးတော်တော်များများ ဆောင်ရွက်နေကြတာတွေထဲကမှ ထူးထူးခြားခြား ဆောင်ရွက်တာတေကွို အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” ဟု သံအမတ်ကြီးမာစီရယ်လ်က
ပြောပါသည်။ “ဒနှီစ်ဂုဏ်ပြု ချီးမြှင့်တာခံရတဲ့ဆုရှင်တေဟွာ အငြင်းပွားစရာဖြစ်ပြီး ခက်ခဲတဲ့ကိစ္စရပ်တွေ ဒါမှမဟုတ် အန္တရာယ်များတဲ့ ကိစ္စရပ်တွေမှာ စွန့်စွန့်စားစား ဆောင်ရွက်ခဲ့ကြသလို အားနည်းတဲ့ လူမှုအသိုက်အဝန်းတွေဘက်က ရပ်တည်ခဲ့ပြီး ပြဿနာတွေ ကိုလည်း သေချာစဉ်းစားပြီး ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြပါတယ်” ဟု သံအမတ်ကြီးကထပ်ပြောပါသည်။

၂၀၁၈ အတွက်ဆုရရှိသူများ

ကရင်အမျိုးသမီးအဖွဲ့ — ကရင်အမျိုးသမီးအဖွဲ့သည် အဖွ့ဝဲ င် ၆၀၀၀ ကျော်ရှိပြီး ကျား၊ မ တန်းတူညီမျှရေး၊ ဒေသခံတိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် အမျိုသမီးတို့၏အသံများ ပိုမိုအားကောင်းရေး တို့အတွက် အားပေးဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။
ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူ အားလုံးအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဆန့်ကျင်ကာ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး တို့အပေါ် ထားရှိသည့် ၎င်းတို့၏ ခိုင်မာသော သန္နိဋ္ဌာန်တ့အို တကွ
ကရင်အမျိုးသမီးအဖွဲ့ကို အမေရိကန်သံရုံးက ယခုနှစ်အတွက် ချီးကျူးဂုဏ်ပြုခြင်းဖြစ်ပါသည်။

ဒေါ်အေးသဉ္ဇာမောင် — မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၏ ဗဟိုအလုပ်အမှူဆောင် ကော်မတီ အဖွ့ဝဲ င် တစ်ဦးအနေဖြင့် ဒ်ါအေးသဉ္ဇာမောင်သည် မြန်မာနိုင်ငံ၏ ကိစ္စရပ်များတွင် မသန်စွမ်းသူများ အပြည့်အဝပါဝင်နိုင်ရေးကို ထောက်ခံ အားပေးရန်အတွက် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါသည်။ အဆင့်မြင့် ပညာရေး သင်ယူရာတွင် ယခုအခါ၌ မသန်စွမ်းသူများလည်း တန်းတူညီမျှ အခွင့်အလမ်း ရရှိနေသည့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်သတ်မှတ်ချက်များ ပြောင်းလဲရေး အတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်ကာ ဦးဆောင်ဦးရွက်ပြုသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ ပါသည်။

ဒေါက်တာသက်သက်မူ — ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး သတင်းအချက်အလက်ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သက်သက်မူသည် အထောက်အထားအပေါ် အခြေခံသည့် မူဝါများချမှတ်ရာတွင် ဦးဆောင် ပါဝင်နေသူဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားသောအလှူရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဒေါ်လာများစွာသုံးစွ၍ဲ သုံးနှစ်ကြာ ကာက်ယူခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားအဆင့် လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်း ကောက်ယူရာတငွ် ဦးဆောင်ပါဝင်ခဲပ့ါသည်။ ယင်းစစ်တမ်း ကောက်ယူရာတငွ် ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရနှင့် ကာကွယ်ဆေးထိုးနှံခြင်း၊ စသော ကိစ္စရပ်များတွင် မျှတမှုမရှိသော အခြေအနေများကို မူဝါဒချမှတ်သူများ ပိုမိုနားလည်သဘောပေါက် စေရန်အတွက် ပဋိပက္ခဘေးသင့်ကာ အငြင်းပွားဖွယ်ရာ ဖြစ်နေသည့် အရပ်ဒေသများသို့ ရှေ့ပြေးအဖြစ် စွန့်စွန့်စားစား သွားရောက်မေးမြန်း၍ ရရှိသော အချက်အလက်များကို အသုံးပြုခဲ့ပါသည်။

အမေရိကန်သံရုံးသည် ဤဆုကို ပထမဆုံးအနေဖြင့်၂၀၁၇ ခုနှစ်တွင် စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ သဘာဝ ဘေးအန္တရာယ်တုံ့ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေကြသော ပုဂ္ဂိုလ် ခြောက်ဦးကို ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ပတ်သက်၍ မိမိတို့၏ ပိုမိုကျယ်ပြန့်သော အထူးအာရုံစိုက်မှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အမျိုးသမီးများ ဦးဆောင်သော
အရပ်ဘက်အဖွဲ့အစည်းများကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီနှင့် အမေရိကန်သံရုံး၏ ဒါဇင်နှင့်ချီသော အထောက်အပံ့ပေးရေး အစီအစဉ်များမှတစ်ဆင့် အပါအဝင် မြန်မာနိုင်ငံအတွင်း ကဏ္ဍများစွာမှ အမျိုးသမီးခေါင်းဆောင်များကို အားပေးထောက်ခံလျက်ရှိပါသည်။

###