ပညာသင်ဆုနှင့်နှီးနှောဖလှယ်ရေးအစီအစဉ် အခွင့်အလမ်းများကို အမေကန်သံရုံးကကြေညာခြင်း

ချက်ချင်းထုတ်ပြန်ရန်
မေ ၁၉၊ ၂၀၂၀

ပညာသင်ဆုနှင့်နှီးနှောဖလှယ်ရေးအစီအစဉ် အခွင့်အလမ်းများကို အမေကန်သံရုံးကကြေညာခြင်း


ရန်ကုန်။
အမေရိကန်အစိုးရကပေးအပ်သော ၂၀၂၀၂၀၂၁ ပညာသင်နှစ်အတွက် ပညာသင်ဆုနှင့် နှီးနှောဖလှယ်ရေးအစီအစဉ် လေးခု အတွက် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်သည့်အကြောင်း အမေရိကန်သံရုံးက ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ယင်းပညာသင်ဆုအစီအစဉ်များတွင် အမေရိကန်ပြည်ထောင်စုတွင် မဟာဘွဲ့ တက်ရောက်ရယူရမည့် အလုံးစုံပံ့ပိုးပေးသော လင်ကွန်းပညာသင်ဆု (Lincoln Scholarship) နှင့် နိုင်ငံရပ်ခြား ကျောင်းသားများအတွက် ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Student Scholarship) ဘွဲ့ရအဆင့်များ အတွက် တစ်နှစ်တာ တက်ရောက်ရမည့် ဟူးဘတ် အိပ်ချ် ဟမ်ဖရီ ဖဲလိုရှစ် (Hubert H. Humphrey Fellowship) နှင့် ဆရာ၊ ဆရာများအတွက် နိုင်ငံခြားဘာသာစကားသင်ကြားမှု ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Language Assistant (FLTA) အစီအစဉ်တို့ပါဝင်ပါသည်။ အမေရိကန်အစိုးရက ပေးအပ်သော နှီးနှောဖလှယ်ရေးအစီအစဉ်များနှင့် ပညာတော်သင်အစီအစဉ်များသည် မြန်မာနိုင်ငံ အတွင်းမှ မည်သည့်တိုင်းရင်းသားလူမျိုးမဆို၊ မည်သည့်ဘာသာဝင်မဆို၊ မည်သည့် ကျား/ ဂျဲန်ဒါ မဆို၊ သို့မဟုတ် မည်သို့သော နိုင်ငံရေးအဖွဲ့အစည်းများတွင် ပါဝင်သူမဆို သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီမှုရှိသူ အားလုံးအတွက် လမ်းဖွင့်ပေးထားပါသည်။

အခုလို မသေချာမရောတဲ့အချိန်အတွင်းမှာလည်း အမေရိကန်ပြည်ထောင်စုမှာတက်ရောက်ရမယ့် ဒီပညာသင်ဆုတွေနဲ့ နှီးနှောဖလှယ်ရေးအစီအစဉ်တွေကို လျှောက်ထားကြပါလို့ မြန်မာနိုင်ငံတစ်နံတစ်လျားက အနာဂတ်ခေါင်းဆောင်တွေကို ကျွန်တော်တို့ တိုက်တွန်းအားပေးပါတယ်ဟု အမေရိကန်သံရုံး၏ သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက မှတ်ချက်ပြုပါသည်။

လက်ရှိခေါ်ယူလျက်ရှိသော ပညာသင်ဆုအစီအစဉ် တစ်ခုချင်းစီနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

လင်ကွန်းပညာသင်ဆု (Lincoln Scholarship) သည် မြန်မာနိုင်ငံတစ်နှံတစ်လျားရှိ အရပ်ဘက်အဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရအတွင်းမှ မတူကွဲပြားသော နောက်ခံအကြောင်းအရာ မျိုးစုံရှိကြသည့် အနာဂတ် ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုးရေးနှင့် တိုးတက်ခေတ်မီသော နည်းပညာ စွမ်းရည်များကိုပံ့ပိုးပေးပါသည်။ ဤပညာသင်ဆုတွင် မဟာဘွဲ့အတွက် တက်ရောက်ရာတွင် ပေးရသည့် ကျောင်းလခများ၊ ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးရေးသင်တန်းများ၊ နေထိုင်စားသောက်စရိတ် ထောက်ပံ့ကြေးများ၊ အမေရိကန်ပြည်ထောင်စုတွင် ကျောင်းတက်နေစဉ်အတွင်း အားပေးကူညီမှုပေးသည့် စနစ်တစ်ခုနှင့် ကျောင်းသားဟောင်းများလှုပ်ရှားမှု အစီအစဉ်များအတွက် အားပေးကူညီမှုနှင့် အမေရိကန်ပြည်ထောင်စုမှ ပြန်ရောက်လာသည့်အခါ ကျောင်းသားဟောင်းများ ဆောင်ရွက်သည့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့မှုတို့ပါဝင်ပါသည်။ အသေးစိတ်ကို www.thabyay.org/scholarship ကြည့်နိုင်ပါသည်။

နိုင်ငံရပ်ခြားကျောင်းသားများအတွက် ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Student Scholarship) သည် အမေရိကန်ပြည်ထောင်စုအတွင်းရှိ တက္ကသိုလ်တစ်ခုတွင် မဟာဘွဲ့ တက်ရောက်မည့် မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပညာသင်ဆု အပြည့်အဝပေးအပ်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

ဟူးဘတ် အိပ်ချ် ဟမ်ဖရီ ဖဲလိုရှစ် (Hubert H. Humphrey Fellowship) သည် အောင်မြင်သော သက်မွေးဝမ်းကျောင်း ပညာရှင်များကို အမေရိကန်ပြည်ထောင်စုသို့ စေလွှတ်၍ ဘွဲ့ရအဆင့် ပညာရပ်ဆိုင်ရာသင်တန်းနှင့် သက်ဆိုင်ရာ သက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတွေ့အကြုံ ရယူစေသည့် တစ်နှစ်တာအထောက်အပံ့ပေးသည့် အစီအစဉ်ဖြစ်ပါသည်။ ဤဖဲလိုရှစ်အတွက် ပညာတော်သင်များကို အစိုးရကဏ္ဍအတွက်ဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍအတွက်ဖြစ်စေ အမျိုးသားအဆင့် ခေါင်းဆောင်မှုနှင့် ပြည့်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန် ရည်သန်ထားသည့် ၎င်းတို့၏ အလားအလာများကို အခြေခံ၍ ရွေးချယ်ပါသည်။ ဟမ်ဖရီအစီအစဉ်သည် ဘွဲ့ဒီဂရီပေးသော အစီအစဉ်မဟုတ်သကဲ့သို့ ယခုနှစ်အတွက်ရွေးချယ်ခံရလျှင် ယခုနှစ်အတွက်သာအကျုံးဝင်၍ နောင်နှစ်သို့‌ ရွှေ့ခွင့်မရှိပါ။

ဆရာ၊ ဆရာများအတွက် နိုင်ငံခြားဘာသာစကားသင်ကြားမှု ဖူးလ်ဘရိုက်ပညာသင်ဆု Fulbright Foreign Language Assistant (FLTA) အစီအစဉ်သည် ကိုးလတာ တက်ရောက်ရသည့် လူငယ် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် အပြည့်အဝပေးသော ပညာသင်ဆုဖြစ်ပြီး ၎င်းတို့အနေဖြင့် အမေရိကန်ကျောင်းသားများကို မြန်မာဘာသာစကား သင်ကြားပေးရင်း ၎င်းတို့၏ သင်ကြားရေးစွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်စေကာ၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေ၍ အမေရိကန်ပြည်ထောင်စု၏ လူ့အဖွဲ့အစည်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ တိုးပွားစေမည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။

လျှောက်လွှာပိတ်ရက်များ

  • လင်ကွန်းပညာသင်ဆု၂၀၂၀၊ ဇွန်လ ရက်
  • ဖူးလ်ဘရိုက်နိုင်ငံရပ်ခြားကျောင်းသားများပညာသင်ဆု၊ ဟမ်ဖရီ နှင့် ဖူးလ်ဘရိုက် ဖလာတာ ပညာသင်ဆုများ၂၀၂၀၊ ဇွန်လ ၃၀ ရက်

Lincoln Scholarship လင်ကွန်းပညာသင်ဆု (Lincoln Scholarship) အတွက် အွန်လိုင်းမှ လျှောက်လွှာကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ရက်၊ မြန်မာစံတော်ချိန် ၁၁း၅၉ အထိ https://myapp.iie.org/lincolnscholarship တွင် ရယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာဖောင်ဖြင့် လူကိုယ်တိုင် လျှောက်ထားလိုပါက လင်ကွန်းပညာတော်သင်ဆုအစီအစဉ်၊ အမှတ် () ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်သို့  ၂၀၂၀ ခုနှစ်၊ ဇွန်လ ရက်၊ ညနေ ၄း၀၀ မတိုင်မီ သွားရောက်လျှောက်ထားနိုင်ပါသည်။

For Fulbright, Humphrey, and FLTA programs နိုင်ငံရပ်ခြားကျောင်းသားများအတွက် ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Student Scholarship) ဟူးဘတ် အိပ်ချ် ဟမ်ဖရီ ဖဲလိုရှစ် (Hubert H. Humphrey Fellowship) နှင့် ဆရာ၊ ဆရာများအတွက် နိုင်ငံခြားဘာသာစကားသင်ကြားမှု ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Language Assistant (FLTA) တို့အတွက် လျှောက်လွှာများကို https://mm.usembassy.gov/education/scholarship-programs/ တွင်ရယူ၍ RangoonUSECA@state.gov သို့ အီးမေးလ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။

### ပြီး ###