ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း တိုက်ခိုက်ခံရမှု အမေရိကန်ရှုတ်ချ

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း တိုက်ခိုက်ခံရမှု အမေရိကန်ရှုတ်ချ

 

သတင်းထုတ်ပြန်ချက်
မော်ဂန်အော်တဂပ်(စ်)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်
ဧပြီ ၂၂၊ ၂၀၂၀

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦးအသက်ဆုံးရှုံး၍ ကျန်းမာရေးဝန်ထမ်းတစ်ဦးဒဏ်ရာရရှိစေခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှတ်အသား ရှင်းလင်းစွာပါရှိသည့် ကားတစ်စီး ရခိုင်ပြည်နယ်အတွင်း ဧပြီလ ၂၀ ရက်က တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချပါသည်။ ဤမြန်မာနိုင်ငံသားနှစ်ဦးသည် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေစဉ်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မိမိတို့နားလည်ပါသည်။ ဤကမ်းကုန်သောလုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း ထိခိုက်လွယ်သောပြည်သူများအတွက် ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းအားထုတ်မှုကို အားနည်းစေပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ရန် အမြန်ဆုံးလိုအပ်နေပြီ ဖြစ်သည့်အကြောင်း ထပ်မံ၍မီးမောင်းထိုးပြနေပါသည်။ ဗိုင်းရပ်ပြန့်ပွားမှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကိုလည်း အဟန့်အတားဖြစ်စေပါသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြည့်ပြည့်ဝဝဆောင်ရွက်ရန်နှင့် ကျူးလွန်သူများကို တရားဥပဒေအတိုင်း စီမံဆောင်ရွက်ပေးပါရန် မြန်မာအာဏာပိုင်များကို မိမိတို့တိုက်တွန်းပါသည်။ ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများအနေဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှု ခံရခြင်းမရှိပဲ – ယခုအခါတွင်ယခင်ကထက်ပိုမို၍ – ဆောင်ရွက်နိုင်ရမည် ဖြစ်ပါသည်။

###