the-united-states-provides-16-5-million-in-assistance-to-myanmar-to-respond-to-covid-19

ချက်ချင်းထုတ်ပြန်ရန်
ဇူလိုင် ၁၀၊ ၂၀၂၀

ကိုဗစ်၁၉ တုံ့ပြန်ဆောင်ရွက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ဒေါ်လာ ၁၆. သန်း အကူအညီပေးအပ်

 

ရန်ကုန် မြန်မာနိုင်ငံအတွင်း ကိုဗစ်၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လျော့ပါးရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာသုံးသန်း ထပ်မံ ပေးအပ်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ကိုဗစ်၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ဖေဖော်ဝါရီလကတည်းက ပေးအပ်လာခဲ့သည်နှင့် ဆိုပါက စုစုပေါင်းဒေါ်လာ ၁၆. သန်း ရှိပြီဖြစ်ပါသည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဤထပ်ဆောင်းရန်ပုံ‌ငွေများကို ထိခိုက်ခံစားလွယ်ပြည်သူများနှင့် ပဋိပက္ခဘေးဒဏ်ခံရသူများအကြား ကိုဗစ်၁၉ ကူးစက်မှုတိုက်ဖျက်ရေးအတွက် ပေးအပ်သွားမည်ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုဟာ အခုလိုထည့်ဝင်မှုတွေကတစ်ဆင့် မြန်မာနိုင်ငံအတွင်းကပြည်သူတွေအတွက် အသက်ကယ်ဆယ်ရေး အကူအညီတွေပေးအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရကပေးအပ်လာခဲ့တာ အခုဆိုရင် ဒေါ်လာ ၁၆. သန်းရှိပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းကျန်းမာရေးကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံအားဖြည့်တာပါ။ ဒီအကူအညီတွေဟာ ပဋိပက္ခဘေးဒဏ်ခံကြရသူတွေအပါအဝင် မြန်မာနိုင်ငံအတွင်းကပြည်သူတွေဆီကို ရောက်ရှိမှာဖြစ်ပါတယ်ဟု အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီ ကပြောကြားပါသည်။အခုအမေရိကန် အကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက်ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံမှာ ကာလရှည်ကြာအကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ . ဘီလျံအပြင် ကိုဗစ်၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထပ်ပြီးပေးအပ်ခြင်းဖြစ်ပါတယ်ဟု သူကဖြည့်စွက်ပြောကြားပါသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ဤလူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာ သုံးသန်း ရန်ပုံငွေဖြင့် အောက်ပါဧရိယာများကို ကူညီပံ့ပိုးပေးခြင်းကတစ်ဆင့် လူ့အသက်များကို ကယ်ဆယ်မည်ဖြစ်ပါသည်။

အိုင်ဒီပီစခန်းများတွင်နေထိုင်ကြရသူများအပါအဝင် ထိခိုက်ခံစားလွယ်ပြည်သူများအတွက် ရေပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန်နှင့် တစ်ကိုယ်ရေကျန်းမာရေးအတွက် ဆပ်ပြာနှင့်လက်ဆေးရန်နေရာများ ပံ့ပိုးပေးခြင်းအပါအဝင် ရေနှင့်တစ်ကိုယ်ရေ ကျန်းမာရေးပစ္စည်းများ ထပ်မံပံ့ပိုးပေးခြင်း

ကိုဗစ်၁၉ ကူးစက်နိုင်မှု အမြင့်မားဆုံးနေရာများတွင် အရေးကြီးသော သန့်စင်ရေး/သန့်ရှင်းရေး ပစ္စည်းများပံ့ပိုးပေးခြင်း

အသွားအလာကန့်သတ်ထားရှိခြင်းခံရမှုကြောင့် ထိခိုက်ရသည့်ကလေးငယ်များအပါအဝင် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြံပြုဆွေးနွေးပေးခြင်းနှင့်

ကိုဗစ်၁၉ ကြောင့် မိသားစုနှင့်စီးပွားရေးအတွက် စိတ်ဖိစီး၍ဖြစ်ရသည့် ကျား/ အခြေပြုကာ ဖြစ်ပေါ်လာသော ကြမ်းတမ်းစွာပြုမူမှု ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်တားဆီးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် မိမိတို့၏မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်းဖြင့် လက်ရှိဖော်ဆောင်လျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်များကို ပြန်လှန်ဆက်စပ်သုံးသပ်ကာ ဒေသခံလိုအပ်ချက်များနှင့်ကိုက်ညီမှုရှိစေရေးနှင့် ကမ္ဘာတစ်ဝန်း ကိုဗစ်၁၉ ရောဂါကိုရင်ဆိုင် တိုက်ဖျက်ရာတွင် အသင့်ပြင်ဆင်ထားမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအပြင် ကိုဗစ်၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ကျန်းမာရေး အကူအညီ ဒေါ်လာ . သန်းနှင့်အတူ အမေရိကန်ပြည်သူများသည် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ တုံ့ပြန်မှုအောက်ပါဧရိယာများကို ကူညီပံ့ပိုးပေးခြင်းဖြင့် လူ့အသက်များကို ကယ်ဆယ်လျက်ရှိပါသည်။

ကူးစက်ခံရမှု စုံစမ်းစစ်ဆေးခြင်းနှင့် ထိတွေ့ခဲ့သူများအားခြေရာခံခြင်းအပါအဝင် ကူးစက်ခံရမှုရှိမရှိ ပိုမိုစောင့်ကြည့်၍ စမ်းသပ်စစ်ဆေးခြင်းများအတွက် အကူအညီပေးခြင်း

ပဋိပက္ခဘေးသင့်ဒေသများနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများကတစ်ဆင့်ဆောင်ရွက်ခြင်းအပါအဝင် ကူးစက်ပျံ့ပွားမှုကို တုံ့ပြန်ပြီးကာကွယ်တားဆီးရာတွင် ကျန်းမာရေးလုပ်သားများ ဘေးအန္တရာယ်ကင်းစွာဖြင့်ဆောင်ရွက်နိုင်ရန် အကူအညီပေးခြင်း

ရောဂါပိုးစစ်ဆေးမှု အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ဓာတ်ခွဲခန်းများပိုမိုတိုးတက်စေရန်လိုအပ်သည့် ကျွမ်းကျင်မှု၊ လေ့ကျင့်သင်တန်းများနှင့် ပစ္စည်းကိရိယာများကူညီပံ့ပိုးခြင်း

ကိုဗစ်၁၉ ရောဂါကိုမည်သို့တားဆီးကာကွယ်ပြီး တုံ့ပြန်ဆောင်ရွက်မလဲဆိုသည့်အကြောင်း အသိပညာပေး သတင်း အချက်အလက်များကို ဘာသာစကားမျိုးစုံနှင့်ရေးသားထုတ်လုပ်၍ ပုံနှိပ်မီဒီယာနှင့် လူမှုကွန်ရက်မီဒီယာကဲ့သို့သော လမ်းကြောင်းမျိုးစုံကတစ်ဆင့် ဖြန့်ဝေခြင်းအားဖြင့် လူထုအား ကျန်းမာရေးအသိပညာပေးမှုမြှင့်တင်ပေးခြင်း

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝန်းမှနည်းပညာကျွမ်းကျင်သူများ၊ အခြားသောအလှူရှင်များနှင့်အတူလက်တွဲ၍ ဤကပ်ရောဂါတုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) မှကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာအကြီးတန်းပညာရှင်များ၊ ဓာတ်ခွဲခန်းပညာရှင်များနှင့်ထိတွေ့ဆောင်ရွက်ခြင်းများကတစ်ဆင့် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုလည်း နည်းပညာအကူအညီများ ပေးအပ်လျက်ရှိပါသည်။ CDC သည် ရောဂါပိုး စောစီးစွာရှာဖွေဖော်ထုတ်ခြင်းနှင့် မြန်မာကျန်းမာရေးဝန်ထမ်းများကို အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ရောဂါပိုးကို သေချာစွာသတိထားစောင့်ကြည့်နိုင်ရေးအတွက် နည်းပညာအကူအညီများပေးအပ်မည်ဖြစ်ပါသည်။ CDC သည် ဓာတ်ခွဲခန်းဆိုင်ရာ နည်းပညာအကူအညီများကိုလည်း ပေးအပ်လျက်ရှိပါသည်။ ယင်းသို့ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေး စက်ကိရိယာများနှင့်ထောက်ပံ့ရေးပစ္စည်းများကို အကောင်းဆုံးကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ထိုင်း ပူးတွဲအစီအစဉ် တစ်ခုဖြစ်သည့် Armed Forces Research Institute of Medical Sciences (AFRIMS) နှင့်အခြားသောအလှူရှင်များက ပေးအပ်သည့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေးစက်ကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီကတစ်ဆင့် မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ကူညီပံ့ပိုးပေးခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ကမ္ဘာ့အများဆုံး နှစ်နိုင်ငံဆက်ဆံရေးအကူအညီပေးအပ်သူအဖြစ် ဆယ်စုနှစ်များစွာရပ်တည်နေခဲ့ပါသည်။ ၂၀၀၉ ခုနှစ်ကတည်းကစ၍ အမေရိကန် အခွန်ထမ်းပြည်သူများသည် ကမ္ဘာတစ်ဝန်း ကျန်းမာရေးအကူအညီ ဒေါ်လာ ၁၀၀ ဘီလျံနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာ ဘီလျံ ၇၀ နီးပါး ကူညီပေးအပ်ခဲ့ကြပြီး ဖြစ်ပါသည်။

အမေရိကန်နိုင်ံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ကိုဗစ်၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ https://www.usaid.gov/coronavirus-covid-19 တွင်ကြည့်ရှုနိုင်ပါသည်။

### ပြီး ###