ချင်းပြည်နယ်အတွင်းတိုက်ခိုက်မှုများကို အမေရိကန်ပြည်ထောင်စုကရှုတ်ချ

ချင်းပြည်နယ်အတွင်းတိုက်ခိုက်မှုများကို အမေရိကန်ပြည်ထောင်စုကရှုတ်ချ

သတင်းထုတ်ပြန်ချက်
နက်ပရိုက်စ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်
အောက်တိုဘာ ၃၁၊ ၂၀၂၁

ခရစ်ယာန်ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များကျူးလွန်သော ကမ်းကုန်အောင်ရိုင်းစိုင်းသည့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်းအမင်းစိုးရိမ်မိပါသည်။ ဤသို့သော ပြည်သူလူထု၊ ပြည်သူလူထု၏အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာနေရာများကို ရက်ရက်စက်စက်လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာပြည်သူလူထု၏ အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏လုပ်ရပ်ကို မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ ဤသို့သောစက်ဆုပ်ရွံရှာဖွယ်တိုက်ခိုက်မှုများက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် စစ်တပ်ကိုလက်နက်များလွှဲပြောင်းပေးနေမှုပိတ်ပင်တားဆီခြင်းအပါအဝင် ကမ်းကုန်အောင်ရိုင်းစိုင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အမြန်ဆုံးအရေးယူရန်လိုအပ်နေသည့်ကို မီးမောင်းထိုးပြနေပါသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် နိုင်ငံအတွင်းနေရာအများအပြား၌ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးအရှိန်မြှင့်တင်နေခြင်းနှင့်ပတ်သက်၍လည်း မိမိတို့များစွာစိုးရိမ်မိပါသည်။ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကိုအားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ပြန်လည်ဖော်ဆောင်ရန်အတွက် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါသည်။

စစ်အာဏာရှင်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေသည့် ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် မိမိတို့ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပြန်လည်ဖော်ဆောင်ရေးနှင့် အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်နေကြသူအားလုံးကို မိမိတို့ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ပါသည်။

သတင်းထုတ်ပြန်ချက် https://go.usa.gov/xerab

###