အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီး ဒေးဗစ် စတီးဝဲလ်၏ မှတ်ချက်စကားကောက်နုတ်ချက်ဖြစ်ပါသည်။
အပြည့်အစုံကိုအောက်ပါလင့်တွင်ဖတ်နိုင်ပါသည်။
http://go.usa.gov/xfkAT
“ဗန်ဂတ်ကမ်း (ဗီယက်နမ်ကမ်းလွန်ရေပြင်)၊ လူကိုနီးယားသောင်စွယ်တွေ (မလေးရှားကမ်းလွန်ရေပြင်) နဲ့ နာတူနာဘီဆာကျွန်း (အင်ဒိုနီးရှားကမ်းလွန်) ဒါမှမဟုတ် ဘရူနိုင်းရေပြင်က သီးသန့်စီးပွားရေးဇုန်ကို ပိုင်ဆိုင်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပင်လယ်ပြင်ဆိုင်ရာ တောင်းဆိုတင်ပြချက်တွေကို အမေရိကန် ပြည်ထောင်စုက ကန့်ကွက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြုအမူဟာ တစ်ခြားနိုင်ငံတွေရဲ့ ငါးဖမ်းလုပ်ငန်း ဒါမှမဟုတ် ဟိုက်ဒရိုကာဗွန်စီမံကိန်းကို အနှောင့်အယှက် ဖြစ်စေဖို့ ဒါမှမဟုတ် အဲဒီလို အပြုအမူမျိုးတွေကို သူကိုယ်တိုင် တစ်ဖက်သတ်လုပ်နေမယ်ဆိုရင် လုံးဝဥပဒေမဲ့လုပ်ရပ်ပါ။ ပြီးသွားပါပြီ။”
“တောင်တရုတ်ပင်လယ် သယံဇာတအရင်းအမြစ်တွေဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ မွေးရာပါ အခွင့်အရေးတွေဖြစ်ပါတယ်၊ ကမ်းရိုးတန်းဒေသကပြည်သူတွေအတွက် အသက်သွေးကြောကြီးဖြစ်ပါတယ်၊ သူတို့ရဲ့ သန်းများစွာသော နိုင်ငံသားတွေအတွက် အသက်မွေးဝမ်းကျောင်းမှုကြီးဖြစ်ပါတယ်။ အဲဒါတွေဟာ အဲဒီ နိုင်ငံတိုင်းက သား၊ သမီးမြေးမြစ်တွေရဲ့ အမွေဆက်ခံရမှုတွေဖြစ်ပါတယ်။”
မကြာသေးခင်လတွေကပဲ ဘေဂျင်းဟာ ဗီယက်နမ် ငါးဖမ်းသင်္ဘောတွေကိုနှစ်မြှုပ်ခဲ့တယ်၊ မလေးရှားကမ်းလွန် စွမ်းအင်စူးစမ်းရှာဖွေမှုတွေကို အနှောင့်အယှက်ပေးဖို့အတွက် လက်နက်တွေ တပ်ဆင်ထားတဲ့ ရေယာဉ်တွေ စေလွှတ်ခဲ့တယ်၊ ပြီးတော့ ဖိလစ်ပိုင် တပ်စခန်းတွေကိုဝိုင်းဖို့အတွက် ပင်လယ်ထဲကစစ်သွေးကြွတွေကို လက်နက်တွေပေးသုံးခဲ့တယ်။ ဘေဂျင်းဟာ Spratlys ကျွန်းစုတွေထဲမှာ စစ်လေယာဉ်အသစ်တွေ တပ်ချထားပြီး ကျွန်းတုတွေ၊ စစ်ဘက်ဆိုင်ရာတွေ အဆောက်အအုံတွေ တိုးချဲ့နေတယ်။ ငါးဖမ်းတာပိတ်ပင်မှုတွေကိုလည်း တစ်ဖက်သတ်ကြေညာခဲ့တယ်။ အငြင်းပွယ်ရာဖြစ်နေတဲ့ရေပိုင်နက်အတွင်းမှာလည်း စစ်ရေးတွေပြပြီး မငြိမ်သက်အောင် လုပ်နေတယ်။ အရှေ့တောင်အာရှ ကမ်းရိုးတမ်း နိုင်ငံတွေရဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရေနံ၊ ဂာတ်ငွေ့နဲ့ ငါးဖမ်းလုပ်ငန်းတွေလုပ်လို့မရအောင် အနှောင့်အယှက်ပေးဖို့အတွက် သူ့ရဲ့ ကျွန်းတုတွေကို အခြေစိုက်စခန်းတွေအနေနဲ့ ပိုအသုံးချလာတယ်။
တောင်တရုတ်ပင်လယ်ကိုဖြတ်သန်းပြီး ကုန်သွယ်မှုလုပ်နေတာဟာ နှစ်စဉ် ဒေါ်လာလေးထရီလျံနီးပါးလောက် ရှိနေပါတယ်။ အဲဒီထဲက ဒေါ်လာ တစ်ထရီလျံကျော်ဟာ အမေရိကန်စျေးကွက်နဲ့ချိတ်ဆက်နေ
တာပါ။ ဒီပင်လယ်ပြင်ကြီးဟာ ကမ်းလွန် ရေနံနဲ့ဓာတ်ငွေ့ ခန့်မှန်းခြေ ဒေါ်လာ ၂.၆ ထရီလျံဖိုးလောက်ရှာဖွေနိုင်တဲ့ နေရာဖြစ်ပါတယ်။ အဲဒါအပြင် အရှေ့တောင်အာရှ ကမ်းရိုးတန်းနိုင်ငံတွေက ခန့်မှန်းခြေလူဦးရေ ၃.၇ သန်းလောက်ကို အလုပ်အကိုင်ရရှိနေစေတဲ့ ကမ္ဘာ့အကြီးဆုံးငါးဖမ်းလုပ်ငန်းနေရာ တစ်ချို့ထဲမှာလည်း ပါဝင်နေတာပါ။
အခု ဒီဇူလိုင် ၁၃ ရက် သီတင်းပတ်ဟာ တောင်တရုတ်ပင်လယ်အတွင်း အပြည်ပြည်ဆိုင်ရာဥပဒေအရ ၂၀၁၆ အနုညာတခုံရုံး သမိုင်းဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တဲ့ နှစ်ပတ်လည်လည်းဖြစ်ပါတယ်။ ဒီအမှုကို ဖိလစ်ပိုင်ကနေပြီး အမှန်တကယ်ရဲရင်စွာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ခုံသမာဓိရုံးကို တင်ခဲ့တာပါ။ ပြီးတော့ ဘေဂျင်းရဲ့ ပင်လယ်ပြင်ဆိုင်ရာ Nine-Dash line တောင်းဆိုတင်ပြမှုဟာ အခြေအမြစ်မရှိဘူးဆိုပြီး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ခုံသမာဓိရုံးကနေပြီး ဖိလစ်ပိုင်ရဲ့ ခိုင်မာတဲ့ တရားဝင်တင်ပြမှုနဲ့အတူ သမာသမတ်ကျကျ ဆုံးဖြတ်ပေးခဲ့တာပါ။ အဲဒီကတည်းကစပြီး ဘေဂျင်းဟာ ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ လိုက်နာရမှာဖြစ်ပေမဲ့ အဲဒီအမိန့် ဆုံးဖြတ်ချက်ကို တရားမဝင်ဖြစ်အောင် ကြိုးပမ်းလာခဲ့ပြီး မသိချင်ယောင်ဆောင်နေခဲ့တာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ပင်လယ်ပြင်ဆိုင်ရာဥပဒေ ကုလသမဂ္ဂသဘောတူညီချက်အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေအရပဲ ဖြေရှင်းဖို့လိုလားတဲ့အကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ ကနေပြီး လွန်ခဲ့တဲ့လက အတင်းအကျပ်တောင်းဆိုခဲ့မှုအတွက်လည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဘေဂျင်းရဲ့ အပြုအမူတွေဟာ ကမ္ဘာပေါ်က ပင်လယ်ပြင်ဘယ်လိုနေရာဖြစ်ဖြစ် လွတ်လပ်မှုကို ကြီးကြီးမားမား ခြိမ်းခြောက် နေတာဖြစ်တဲ့အကြောင်း အသိအမှတ်ပြုတဲ့အနေနဲ့ အရေးယူဖို့အတွက် ကမ္ဘာတစ်လွှား နေရာအနှံအပြား မှာလည်းပြောဆိုနေကြပါပြီ။ တောင်တရုတ်ပင်လယ်ပြဿနာဟာ အာတိတ်သမုဒ္ဒရာ၊ အိန္ဒယသမုဒ္ဒရာ၊ မြေထဲပင်လယ်နဲ့ တစ်ခြားအရေးပါတဲ့ပင်လယ်ပြင်တွေမှာပါ တိုက်ရိုက် သက်ရောက်လာနေတာပါ။ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး ချိန်ခွင်လျှာပေါ်မှာ ရှိနေတာကတော့ သူတို့နိုင်ငံရဲ့ သာယာဝပြောမှုအတွက် ပင်လယ်ပြင်ဆိုင်လွတ်လပ်မှုနဲ့ ရေကြောင်းကုန်သွယ်မှုကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ အားထားတဲ့ နိုင်ငံတိုင်းနဲ့ပြည်သူတိုင်းအပေါ် တိုက်ရိုက်သက်ရောက်မှုတစ်ခု ရှိနေခြင်းဖြစ်ပါတယ်။