အာဆီယံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ရေရှည်ကတိကဝတ်
သတင်းထုတ်ပြန်ချက်
မိုက်ကယ်အာပွမ်ပဲယိုး၊ နိုင်ငံခြားရေးဝန်ကြီး
စက်တင်ဘာ ၁၁၊ ၂၀၂၀
အမေရိကန်သည် အာဆီယံနိုင်ငံများနှင့် အချိန်ကြာမြင်စွာ မိတ်ဆွေဖြစ်လာခဲ့ပါသည်။ အင်ဒို–ပစိဖိတ်၏ အချက်အချာဖြစ်သော အာဆီယံ၏ အခန်းကဏ္ဍကို အမေရိကန် ပြည်ထောင်စုက အားပေးကူညီ သွားမည့်အကြောင်း မကြာသေးမီက ကျင်းပခဲ့သည့် အာဆီယံ–အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးများ၏အစည်းအဝေး၌မိမိထပ်လာင်းအတည်ပြုခဲ့ပါသည်။
အင်ဒို–ပစိဖိတ်နှင့် အမေရိကန် ပြည်ထောင်စု အင်ဒို–ပစိဖိတ် မဟာဗျူဟာအအတွက် အာဆီယံ အမြင်သည် အချုပ်အခြာအာဏာ၊ ဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ ပွင့်လင်းမှုနှင့် အားလုံးအကျုံးဝင်မှုကို လေးစားခြင်း တစ်ရပ်ရှိသည်ဟူ၍ မျှဝေရှုမြင်ပါသည်။ ဤမျှဝေထားသော မူဝါဒသဘောတရားများသည် အာဆီယံနှင့် မိမိတို့၏ လက်တွဲဆောင်ရွက်မှု၏ ဗဟိုချက်ကို ဖွဲ့တည်ပြီး ယခုတစ်ပတ်၏ မဲခေါင်–အမေရိကန် မိတ်ဖက်လက်တွဲ ပူးပေါင်းမှု စတင်ခြင်းအတွက် အခြေခံဖြစ်ပါသည်။ အားလုံးနှင့်ဆိုင်သော ဤစံတန်ဖိုးများကို တိုးတက်စေရန်အတွက် အာဆီယံကို အမေရိကန် ပြည်ထောင်စုက ပံ့ပိုးမည်ဖြစ်သည့်ကြောင်း အခိုင်အမာ ပြောဆိုမှုနှင့်အတူ အများစု၏အသံဖြင့် ထပ်လောင်းပြောကြားပါသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အရှိန်မြင့်တက်လာနေသော ရန်လိုမှုများနှင့် ရွေးချယ်မှုများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် နိုင်ငံများ၏စွမ်းရည်ဖြစ်သော အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေမှုများအား ရင်ဆိုင်ရာတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုမည့် မိမိတို့၏ ကတိကဝတ်ကိုလည်း အထူးအလေးထား ပြောကြားခဲ့ပါသည်။ မိမိတို့သည် မိမိတို့၏ အာဆီယံ မိတ်ဖက်များဘက်မှရပ်တည်ပါသည်။ အဘယ်ကြောင့် ဆိုသော် မိမိတို့သည် တောင်တရုတ်ပင်လယ်တွင် ဥပဒေစိုးမိုးရေးကို အပြင်းအထန် တောင်းဆို၍ အချုပ်အခြာအာဏာအား လေးစား၍ ဖြစ်သည်။ ထိုနေရာတွင် ဘေဂျင်းသည် အနိုင်ထက်အကျပ်ကိုင်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပျက်အစီးများ၏ ရက်စက်ကြမ်းကုတ်သော လုပ်ဆောင်မှုးများကို လုပ်ဆောင်နေခဲ့သည်။ မဲခေါင်ဒေသတွင်း ပွင့်လင်းမြင်သာမှုနှင့်လေးစားမှုဘက်မှလည်း မိမိတို့ရပ်တည်ပါသည်။ စီစီပီသည် အဆိုပါဒေသတွင် လက်နက်နှင့်မူးယစ်ဆေးဝါး ရောင်းဝယ်ဖာက်ကားခြင်းကို အားပေးအားမြှောက်ပြုခဲ့ပြီး သမိုင်းဝင် မိုးခေါင်ခြင်းကို ပိုမိုဆိုးရွားစေသည့် မြစ်အထက်ပိုင်းတွင် ရေကာတာများကို တစ်ဖက်သတ် ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။ ထို့ပြင် တရုတ်ဆက်သွယ်ရေး ဆောက်လုပ်ရေး ကုမ္ပဏီ ကဲ့သို့သော ဘေဂျင်း၏ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ နားလည်းရန်ခက်ခဲ၍ ခေါင်းပုံဖြတ်အမြတ်ကြီးစားသည့် စီးပွားရေး လုပ်ထုံးတို့နှင့် မတူသည်မှာ မိမိတို့အနေဖြင့် ပွင့်လင်း၍ စည်းမျည်းစည်းကမ်းအခြေပြုသော စီးပွားရေးဖွံ့ဖြိုးမှုဘက်မှ ရပ်တည်ပါသည်။
ကိုဗစ်–၁၉ တိုက်ဖျက်ရေးနှင့် ဒေသတွင်း စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးတွင် မိမိတို့၏ အာဆီယံ မိတ်ဖက်များနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ပါသည်။ ယခုအချိန်အထိ အင်ဒိုနီးရှားအတွက် အသက်ရှုစက် ၈၅၀ နှင့် ဖိလစ်ပိုင်နိုင်ငံအတွက် အလုံး ၁၀၀ ပို့ဆောင်ပေးမှု အပါအဝင် အမေရိကန်–အာဆီယံ အနာဂတ် ကျန်းမာရေး အစီအစဉ်နှင့် ကိုဗစ်–၁၉ တိုက်ဖျက်ရေး အမေရိကန်အစိုးရ ကူညီထောက်ပံ့ငွေ ဒေါ်လာ ၈၇ သန်းကျော်ကို ထပ်မံအားဖြည့်လျက် အာဆီယံနိုင်ငံများအနေဖြင့် ပြည်သူကျန်းမာရေး အရေးပေါ်အတွက် ကာကွယ်ရေး၊ ရှာဖွေဖော်ထုတ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးတို့ကို ပြင်ဆင်ရန်အတွက် One Health Workforce-Next Generation အားပေးအပ်မည့် ထပ်ဆောင်း အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ အကူအညီကို ကြေညာရန် ရှိနေပါသည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟို (CDC) သည် ဟနွိုင်းတွင် CDC ဒေသဆိုင်ရာရုံးသစ်တစ်ရုံးမှတစ်ဆင့် ထိတွေ့ဆက်ဆံမှုကို တိုးချဲ့လျက်ရှိပြီး အမေရိကန်–အာဆီယံ စမတ်စီးတီး ပူးပေါင်းဆောင်ရွက်မှုသည် ရေစီမံခန့်ခွဲရေးနှင့် ပို့ဆောင်ရေးတွင် သဘောတူညီမှု အသစ်များနှင့်အတူ ကျန်းမာရေးတွင် ကနဦးလှုပ်ရှားမှုများကို စတင်လျက်ရှိပါသည်။
ဒေသတွင်း စီးပွားရေး ချမ်းသာကြွယ်ဝမှုကို ဆက်လက်တိုးမြှင့်ရန်အတွက် အမေရိကန် ဖွံ့ဖြိုးမှုဘဏ္ဍာရေး ကော်ပိုရေးရှင်းကတစ်ဆင့် အမေရိကန်ပြည်ထောင်စုသည် လိုအပ်သည့် အခြေခံအဆောက်အအုံများတွင် ရင်းနှီး မြှုပ်နှံလျက်ရှိပါသည်။ မိမိတို့အနေဖြင့် ပွင့်လင်းမြင်သာ၍ ဥပဒေအခြေပြုသော ပုံစံဖြင့် အမေရိကန် ပြည်ထောင်စု၏ ရင်းနှီးမြှုပ်နှံမှုတွင် သန်းချီသော ဒေါ်လာများကို ထည့်ဝင်လာရေးအတွက် တတိယအကြိမ် အင်ဒို–ပစိဖိတ် စီးပွားရေးလုပ်ငန်း ဖိုရမ်ကိုလည်း ဗီယက်နမ်နှင့်အတူ ပူးတွဲကျင်းပသွားမည်ဖြစ်ပါသည်။
လူသားရင်းမြစ် ဖွံ့ဖြိုးရေးကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေးတွင် ပါဝင်၍ ယှဉ်ပြိုင်နိုင်ရေး ကျွမ်းကျင်မှုများနှင့် အသိပညာများရှိသော လူများကို ပံ့ပိုးရန်အတွက် အမေရိကန်နိုင်ငံခြားရေးဌာနအနေဖြင့် ဟိုချီမင်းမြို့တွင် ဖူးလ်ဘရိုက်တက္ကသိုလ် ဗီယက်နမ် (FUV) ၌ ဝိုင်ဆီးလီ အကယ်ဒမီ အစီအစဉ်အသစ်အတွက် ဒေါ်လာ ငါးသန်း ပံ့ပိုးပေးရန် ရည်ရွယ်ထားပါသည်။
မိမိတို့၏အာဆီယံနှင့်မဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့နေသည့်အားလျော်စွာဒေသတွင်းရင်ဆိုင်နေရသောအရေးကြီးသည့်အခက်အခဲစိန်ခေါ်မှုအချို့ကိုလည်းမိမိတို့အနေဖြင့်ဖြေရှင်းရမည်ဖြစ်ပါသည်။ရန်စမှုများအဆုံးသတ်ရန်၊ကိုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်တွင်ပါရှိသော၎င်းဝတ္တရားများကိုလိုက်နာဆောင်ရွက်ရန်နှင့်နျူကလီးယားလက်နက်ဖျက်သိမ်းရေးအောင်မြင်ရန်အတွက်ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်မြောက်ကိုရီးယာကိုမိမိတို့ကဆက်လက်တိုက်တွန်းပါသည်။ကုလသမဂ္ဂဆုံးဖြတ်ချက်များအရ၎င်းတို့၏တာဝန်ဝတ္တရားများကိုအပြည့်အဝဆက်လက်အကောင်အထည်ဖော်ရန်လည်းအာဆီယံနိုင်ငံများကိုမိမိတို့အနေဖြင့်တိုက်တွန်းပါသည်။မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင်ဆက်လက်ဖြစ်ပေါ်နေသောအကြမ်းဖက်မှုအပေါ်စိုးရိမ်ကြောင်းကိုပြောကြားလိုပြီးတိုက်ခိုက်မှုများရပ်တန့်၍အဖြေရှာရေးအတွက်ဆွေးနွေးညှိနှိုင်းကြရန်၊အကြမ်းဖက်မှု၏အခြေခံအကြောင်းရင်းများကိုဖြေရှင်းရေးအတွက်ကြိုပမ်းအားထုတ်မှုများကိုနက်နက်ရှိုင်းရှိုင်းဆောင်ရွက်ကာနေရပ်စွန့်ခွာထွက်ပြေးနေရသူများနှင့်ဒုက္ခသည်များသိက္ခာရှိရှိ၊ဘေးကင်းလုံခြုံစွာဖြင့်၎င်းတို့၏ဆန္ဒအလျောက်နှင့်ပြန်လာနိုင်ရေးအတွက်လွယ်ကူချောမွေ့အောင်ဆောင်ရွက်ပေးရန်တောင်းဆိုပါသည်။
စီစီပီ၏ ဖိနှိပ်မှုပြင်းထန်သော အမျိုးသား လုံခြုံရေး ဥပဒေပြဋ္ဌာန်းမှုသည် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပျက်သုန်းစေကြောင်း ကိုလည်း မိမိတို့ထပ်လောင်းပြောဆိုပါသည်။