မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ကြမ်းကြုတ်ရက်စက်မှုများအတွက် နိုင်ငံတော်ပိုင်ဘဏ်နှစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အရေးယူခြင်း

သတင်းထုတ်ပြန်ချက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ၂၀၂၃ ဇွန် ၂၁ မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန (MoD) နှင့် မြန်မာနိုင်ငံတွင် အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အကြီးမားဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ယနေ့တွင် အမေရိကန်ပြည်ထောင်စုက အရေးယူသတ်မှတ်မှုများ ပြုလုပ်သွားပါမည်။ အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၄င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့ကြပါသည်။ မိမိတို့နိုင်ငံတော်အတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စစ်မှန်သော ဒီမိုကရေစီအနာဂတ်တစ်ခုကို ... Read More»

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပြင်ဆင်ခြင်း…

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ရေးရာရုံး ၂၀၁၆ ခုနှစ်၊ မေ ၁၇ ရက်   အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပြင်ဆင်ခြင်း၊ တစ်သီးပုဂ္ဂလ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု (SDN) အောက်တွင်ထားရှိသော စီးပွားရေးလုပ်ငန်းများပြင်ဆင်သတ်မှတ်ခြင်း၊ ထိုပစ်မှတ်ထားအရေး ယူပိတ်ဆို့မှုအောက်တွင်ရှိနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ဖယ်ရှားသတ်မှတ်ခြင်း   မြန်မာနိုင်ငံ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူဖြစ်စေရန်လည်းကောင်း၊ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုအောက်တွင်ရှိသော စီးပွားရေးလုပ်ငန်များ၊ လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍လိုက်နာဆောင်ရွက်နိုင်စေရန်လည်းကောင်း၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်စေရန်အတွက် ရည်ရွယ်သော စည်းမျဉ်းစည်းကမ်း ပြင်ဆင်သတ်မှတ်ချက်များ   ဝါရှင်တန်။                 ။ မြန်မာနိုင်ငံအပေါ်တွင်ကျန်ရှိနေသေးသော စည်းမျဉ်းစည်းကမ်းများ 31 C.F.R. part 37 (“the Regulations”) ကို ပြင်ဆင်သတ်မှတ်ခြင်း၊ တစ်သီးပုဂ္ဂလပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုအောက်တွင်ရှိနေသော လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမေရိကန် ... Read More»
Show More ∨