မြန်မာစစ်အာဏာရှင်အပေါ် အမေရိကန်ပြည်ထောင်စုက ထပ်တိုးအရေးယူခြင်း

သတင်းထုတ်ပြန်ချက် အန်တိုနီ ဂျေ ဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး ဇူလိုင် ၂၊ ၂၀၂၁ မြန်မာစစ်အာဏာရှင်၏ ရက်ရက်စက်စက် အကြမ်းဖက်ကျူးလွန်နေမှုကိုတုံ့ပြန်ကာ စစ်တပ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်နေမှုများကိုဆက်လက်ဒဏ်ခတ်သည့်အနေဖြင့် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သော လူပုဂ္ဂိုလ် ၂၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ ဤအရေးယူမှုများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် နောက်ထပ်သုံးဦး၊ စစ်တပ်ကခန့်အပ်ထားသော အစိုးရအဖွဲ့ဝင် လေးဦး တို့ပြင် ယခင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသော စစ်အရာရှိများ၏ အရွယ်ရောက်ပြီး သား၊ သမီး သို့မဟုတ် အိမ်ထောင်ဖက် ၁၅ ဦး တို့လည်းပါဝင်သည်။ ယင်းလူပုဂ္ဂိုလ်တို့မှာ စစ်တပ်အရာရှိများ၏ တရားမဝင်ပိုင်ဆိုင်မှုများအတွက် ဘဏ္ဍာရေးကွန်ရက်များဖြင့် အကျိုးပြုနေသူများဖြစ်ကြသည်။ ယင်းအပြင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ဝမ်ပေါင်သတ္တုတူးဖော်ရေးလီမိတက်၊ ၎င်းလီမိတက်၏လက်အောက်ခံကုမ္ပဏီနှစ်ခုနှင့် King Royal Technologies ကုမ္ပဏီတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအတွင်း ...
Read More»

ကာကွယ်ရေးဦးစီးချုပ်များ၏ ပူးတွဲကြေညာချက် မြန်မာနိုင်ငံအတွင်း စစ်တပ်က ပံ့ပိုးသောအကြမ်းဖက်မှုများကို ကန့်ကွက်ရှုတ်ချခြင်း

အောက်ဖော်ပြပါကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂရိစ်၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ ကိုရီယားသမ္မတနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့်အမေရိကန်ပြည်ထောင်စုတို့၏ ကာကွယ်ရေးဦးစီးချုပ်များက ပူးတွဲထုတ်ပြန်ပါသည်။ ကာကွယ်ရေးဦးစီးချုပ်များအနေဖြင့် မိမိတို့သည် မြန်မာတပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ၏ လက်နက်မဲ့ ပြည်သူများအပေါ် သေစေလောက်သောအင်အားများ အသုံးပြုခြင်းကို ကန့်ကွက်ရှုတ်ချပါသည်။ အရည်အချင်းပြည့်ဝသော တပ်မတော်တစ်ရပ်သည် အပြည်ပြည်ဆိုင်ရာကျင့်၀တ်စံနှုန်းများကို လိုက်နာပြီး ၎င်းတို့အလုပ်အကျွေးပြုရသည့် ပြည်သူလူထုအပေါ် အန္တရာယ်ပြုရန်မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရန်နှင့် အဆိုပါလုပ်ရပ်များကြောင့် ဆုံးရှုံးသွားရသော မြန်မာပြည်သူလူထု၏ လေးစားမှုနှင့် ယုံကြည်လက်ခံနိုင်မှု ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ရန် မြန်မာ့တပ်မတော်ကို မိမိတို့တိုက်တွန်းပါသည်။
Read More»

သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါ၏ကြေညာချက်

သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါ၏ကြေညာချက် မတ် ၂၇၊ ၂၀၂၁ မြန်မာ့တပ်မတော်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များသည် ၎င်းတို့ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားသည့် ကလေးများအပါအဝင်လက်နက်မဲ့ပြည်သူများကို နိုင်ငံတစ်ဝန်း၌ သတ်ဖြတ်နေပါသည်။ ဤသွေးမြေကျမှုမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဤလုပ်ရပ်များသည် အရည်အချင်းပြည့်ဝသောတပ်မတော်တစ်ရပ် သို့မဟုတ် ရဲတပ်ဖွဲ့၏လုပ်ရပ်များမဟုတ်ပါ။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် မနေထိုင်လိုကြောင်း မြန်မာပြည်သူလူထုက ရှင်းရှင်းလင်းစွာ ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။ အကြမ်းဖက်နေမှုများချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန် မိမိတို့တောင်းဆိုလိုက်သည်။
Read More»
Show More ∨