ကာကွယ်ရေးဦးစီးချုပ်များ၏ ပူးတွဲကြေညာချက် မြန်မာနိုင်ငံအတွင်း စစ်တပ်က ပံ့ပိုးသောအကြမ်းဖက်မှုများကို ကန့်ကွက်ရှုတ်ချခြင်း
အောက်ဖော်ပြပါကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂရိစ်၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ ကိုရီယားသမ္မတနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့်အမေရိကန်ပြည်ထောင်စုတို့၏ ကာကွယ်ရေးဦးစီးချုပ်များက ပူးတွဲထုတ်ပြန်ပါသည်။ ကာကွယ်ရေးဦးစီးချုပ်များအနေဖြင့် မိမိတို့သည် မြန်မာတပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ၏ လက်နက်မဲ့ ပြည်သူများအပေါ် သေစေလောက်သောအင်အားများ အသုံးပြုခြင်းကို ကန့်ကွက်ရှုတ်ချပါသည်။ အရည်အချင်းပြည့်ဝသော တပ်မတော်တစ်ရပ်သည် အပြည်ပြည်ဆိုင်ရာကျင့်၀တ်စံနှုန်းများကို လိုက်နာပြီး ၎င်းတို့အလုပ်အကျွေးပြုရသည့် ပြည်သူလူထုအပေါ် အန္တရာယ်ပြုရန်မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရန်နှင့် အဆိုပါလုပ်ရပ်များကြောင့် ဆုံးရှုံးသွားရသော မြန်မာပြည်သူလူထု၏ လေးစားမှုနှင့် ယုံကြည်လက်ခံနိုင်မှု ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ရန် မြန်မာ့တပ်မတော်ကို မိမိတို့တိုက်တွန်းပါသည်။ Read More»