သမ္မတအိုဘားမား ၏ ဒေါ်အောင်ဆန်းစုကြည် ထံသို့ တယ်လီဖုန်းခေါ်ဆိုခြင်း

သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည် ထံသို့ ယနေ့ တယ်လီဖုန်းခေါ်ဆိုကာ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေသည့် အရပ်သားဦးဆောင်သော အစိုးရတစ်ရပ်အား ဒီမိုကရေစီ နည်းလမ်းတကျ အာဏာ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံ၏ ဤသမိုင်းဝင်ဖြစ်စဉ်အတွက် ဂုဏ်ယူဝမ်း မြောက်ကြောင်း ပြောကြားခဲ့ ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခိုင်မာပြတ်သားသည့် ကြိုးစားအားထုတ်မှုများ၊ နှစ်ပေါင်းများစွာအတွင်း ကြီးမြတ်သည့် ကိုယ်ကျိုးစွန့်လုပ်ရပ်၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုတစ်ရပ်အောင်မြင်ပြီးမြောက်ခဲ့ခြင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး ရှေ့ဆက်ဆောင်ရွက်မှုတို့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို သမ္မတအိုဘားမားက ကြိုဆိုပြီး ပိုမို၍ အားလုံးပါဝင်သော ငြိမ်းချမ်းစည်ပင်ဝပြောသည့် အနာဂတ်တည်ဆောက်ရာတွင် အောင်မြင်ရေးအတွက် မြန်မာနိုင်ငံသားများနှင့် မြန်မာအစိုးရအား ကူညီသွားမည့် အမေရိကန်၏ ကတိကဝတ်ကိုလည်း အလေးပေး ပြောကြားခဲ့ပါသည်။ Read More»

သမ္မတအိုဘားမား၏ မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် ထံသို့ တယ်လီဖုန်းခေါ်ဆိုခြင်း

သမ္မတအိုဘားမားက သမ္မတ ဦးထင်ကျော်ထံသို့ ယနေ့ တယ်လီဖုန်းခေါ်ဆိုကာ မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ယူခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။ ပြည်သူ့ဆန္ဒကိုထင်ဟပ်စေသည့် အရပ်သားဦးဆောင်သောအစိုးရအား ဒီမိုကရေစီနည်းလမ်းတကျ အာဏာလွှဲပြောင်းပေးသည့် ရှေ့ဆက်လှမ်းမည့် ဤသမိုင်းဝင်ခြေလှမ်းကို အမေရိကန်သမ္မတက ကြိုဆိုလိုက်ပါသည်။  ပိုမို၍ အားလုံးပါဝင်သော ငြိမ်းချမ်းစည်ပင်ဝပြောသည့် အနာဂတ်ကိုတည်ဆောက်ရာတွင် မြန်မာနိုင်ငံသားများနှင့် မြန်မာအစိုးရအား ထောက်ခံအားပေးသွားမည့် အမေရိကန်၏ ကတိကဝတ်ကိုလည်း အလေးပေး ပြောကြားခဲ့ပါသည်။ မကြာခင်ကျရောက်တော့မည့် အတာသင်္ကြန်နှင့် မြန်မာ့နှစ်သစ်ကူးပွဲတော် အကြိုအဖြစ် သမ္မတ ဦးထင်ကျော်နှင့် မြန်မာနိုင်ငံသားများ အတွက်လည်း သမ္မတအိုဘားမား က ဆုမွန်ကောင်းများ တောင်းလိုက်ပါသည်။ Read More»
Show More ∨