မြန်မာနိုင်ငံအတွင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်သော မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာညွန့်ပေါင်းအဖွဲ့ကြေညာချက်

မြန်မာနိုင်ငံအတွင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်သော မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာညွန့်ပေါင်းအဖွဲ့ကြေညာချက် သံတမန်ကြေညာချက်၊ ဧပြီ ၁၉၊ ၂၀၂၁ မီဒီယာလွတ်လပ်ခွင့်ကို နှိပ်ကွပ်ရန် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့၏ ဆက်လက်ကြိုးပမ်းအားထုတ်နေမှုနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်မကင်းဖြစ်သည့်အကြောင်း အောက်တွင်လက်မှတ်ရေးထိုးထားသော မီဒီယာလွတ်လပ်မှုဆိုင်ရာညွန့်ပေါင်းအဖွဲ့ဝင်များကဖော်ပြအပ်ပါသည်။ မီဒီယာလွပ်လပ်ခွင့်သည် ဒီမိုကရက်တစ်လူ့ဘောင်အဖွဲ့အစည်းတို့၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်မှုများကိုအကာအကာအကွယ်ပေးရန်အတွက်လည်း မရှိမဖြစ်အရေးပါလှသည်။ သတင်းအချက်အလက်ရယူပိုင်ခွင့်မှာ အဓိကအရေးပါသည်။ ဆန္ဒပြမှုများအပါအဝင် နိုင်ငံအတွင်းဖြစ်ပျက်နေမှုများနှင့်ပတ်သက်၍ သတင်းသမားများအနေဖြင့် ကြောက်ရွံ့ခြင်းမရှိ၊ လက်တုန့်ပြန်ခံရခြင်းမရှိ၊ ခြိမ်းခြောက်ခံရခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ရေးသားတင်ပြနိုင်ရမည်ဖြစ်ပါသည်။ အင်တာနက်ချိတ်ဆက်ထားခြင်းဖြင့်ဖြစ်စေ၊ မချိတ်ဆက်ထားဘဲဖြစ်စေ မြန်မာနိုင်ငံအတွင်း ပုံဖျက်သတင်း၊ သတင်းမှားများအား ပြန်လည်တန်ပြန်ရေးလှုပ်ရှားမှုကို အထောက်အကူပြုရန်နှင့် နိုင်ငံအတွင်းအကြောင်းအရာကိစ္စရပ်များနှင့်ပတ်သက်၍ အဖြစ်မှန်အတိုင်း ပြည်သူလူထုကို တင်ပြပေးနိုင်ရန်အတွက် လက်ရှိဖြစ်ပျက်နေမှုများအပေါ် လွတ်လပ်၍ အမှီအခိုကင်းသော ရေးသားတင်ပြမှုသည် အရေးတကာ့အရေးကြီးဆုံးဖြစ်ပါသည်။ သတင်းသမားတို့၏အရေးပါသောအလုပ်၊ အထူးသဖြင့် ဝေးလံသောဒေသများအတွင်းလုပ်ဆောင်ရသည့်အလုပ်တို့ကို အထင်မကြီးဘဲနေ၍မရပါ။ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစ၍ မီဒီယာအလုပ်ဖြင့်အသက်မွေးကြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များနှင့်၎င်းတို့၏ရုံးများက ... Read More»
Show More ∨