မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက်
ဇွန် ၂၁၊ ၂၀၂၀
လူဦးရေ တစ်သန်းနီးပါရှိသော ပြည်သူများအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှုကို ပြတ်တောက်စေခဲ့သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အချို့နေရာများ၌ မိုဘိုင်းဒေတာ ဝန်ဆောင်မှု ဖြတ်တောက်ထားခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ်ပါသည်။ ယင်းသို့ဖြတ်တောက်ထားခဲ့ချိန်မှစ၍ သတင်းဌာနများနှင့် သတင်းထောက်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများလည်း ဖြစ်စေခဲ့ပါသည်။ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးနှင့်မျှဝေနိုင်ရေးအတွက် အင်တာနက်နှင့် မီဒီယာရရှိရေးမှာ အထူးသဖြင့် ရွေးကောက်ပွဲကာလ နီးကပ်လာချိန်နှင့် ကိုဗစ်–၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လွန်စွာအရေးကြီးပါသည်။ တစ်ချိန်တည်းတွင်လည်း ပဋိပက္ခကာလတစ်ခုအတွင်း၌ပင် အင်တာနက် ကန့်သတ် ချုပ်ချယ်ထားသည့် နယ်မြေများအတွင်း ပြည်သူများနှင့်အပြန်အလှန်ဆက်သွယ်ရေးမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ကူးစက်ပျံ့ပွားမှု ကာကွယ်တားဆီးရန်ကျန်းမာရေးကဏ္ဍအတွက် လွန်စွာအရေးပါလှပါသည်။ မည်သူမဆို နောက်ဆုံးဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို ရရှိသင့်ပါသည်။
ဤကြေညာချက်ကို အောက်ဖော်ပြပါ သံတမန်အဖွဲ့အစည်းများက လက်မှတ်ရေးထိုးပါသည်။
ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ဗြိတိန်နှင့် အမေရိကန်
###