ဝန်ကြီးပွန်ပဲယိုး၏ ကြေညာချက် – မြန်မာနိုင်ငံလွတ်လပ်ရေးနေ့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး

ချက်ချင်းထုတ်ပြန်ရန်
ဇန်နဝါရီ ၂၊ ၂၀၂၀

ဝန်ကြီးပွန်ပဲယိုး၏ ကြေညာချက်

မြန်မာနိုင်ငံလွတ်လပ်ရေးနေ့

ဇန်နဝါရီ ရက်တွင် ကျရောက်သော မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာြပည်သူများကို အမေရိကန်ပြည်ထောင်စုအစိုးရကိုယ်စား မိမိဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆက်လက်ဖော်ဆောင်လျက်ရှိသော မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးအသွင်ကူးပြောင်းရေးတို့တွင် ထောက်ခံအားပေးကာ မြန်မာပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် လွန်ခဲ့သောဆယ်စုနှစ်များစွာကကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပါသည်။

ပြည်သူအားလုံး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို လေးစားတန်ဖိုးထား၍ ငြိမ်းချမ်းကာ ဒီမိုကရေစီစနစ် ထွန်းကားသော သာယာဝပြောသည့် မြန်မာနိုင်ငံအဖြစ် အောင်မြင်နိုင်ရေးအကူအညီပေးရန်အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်များနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လာမည့်နှစ်တွင် မြန်မာြပည်သူပြည်သားအားလုံး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း မိမိဆုမွန်ကောင်း တောင်းအပ်ပါသည်။

###