သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါ၏ကြေညာချက်

သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါ၏ကြေညာချက်

မတ် ၂၇၊ ၂၀၂၁

မြန်မာ့တပ်မတော်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များသည် ၎င်းတို့ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားသည့် ကလေးများအပါအဝင်လက်နက်မဲ့ပြည်သူများကို နိုင်ငံတစ်ဝန်း၌ သတ်ဖြတ်နေပါသည်။ ဤသွေးမြေကျမှုမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဤလုပ်ရပ်များသည် အရည်အချင်းပြည့်ဝသောတပ်မတော်တစ်ရပ် သို့မဟုတ် ရဲတပ်ဖွဲ့၏လုပ်ရပ်များမဟုတ်ပါ။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် မနေထိုင်လိုကြောင်း မြန်မာပြည်သူလူထုက ရှင်းရှင်းလင်းစွာ ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။ အကြမ်းဖက်နေမှုများချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန် မိမိတို့တောင်းဆိုလိုက်သည်။