ပိစ်ကော စေတန့ာဝန်ထမ်းအဖွဲ့ ဒုတိယအသုတ် မြန်မာနိုင်ငံတွင် စတင်တာဝန်ထမ်းဆောင်ခြင်း

New Group of U.S. Peace Corps Volunteers Coming to Myanmar

ရန်ကုန်၊ မြန်မာ — မြန်မာနိုင်ငံသားများအတွက် တာဝန်ထမ်းရွက်မည်ဟူသော ၎င်း၏ကတိကဝတ်ကို မေလ ၂၆ ရက်တွင် ရန်ကုန် မြို့၌ ပြုလုပ်မည့် အသစ် ရောက်ရှိနေသော စေတနာ့ဝန်ထမ်း ၁၅ ဦး၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားဖြင့် ပိစ်ကောအဖွဲ့က ပိုမို လေးနက်ခိုင်မာစေလိုက်ပါပြီ။ ဤအဖွဲ့သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းရွက်ရန် ဒုတိယအသုတ်အနေဖြင့် ရောက်ရှိခဲ့သောအဖွဲ့ ဖြစ်ပါသည်။ ပိစ်ကော စေတနာ့ဝန်ထမ်း အသစ်များသည် ၎င်းတ့၏ို စေတနာ့ဝန်ထမ်းတာဝန် မထမ်းဆောင်မီကာလအတွင်း သီတင်းပတ် ဆယ်ပတ်ကြာ ကြိုတင်၍ မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေး ဆိုင်ရာ အကြိုသင်တန်းများကို အောင်မြင်စွာ တက်ရောက်ခဲ့ကြပြီး ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းများသည် ၎င်းတို့၏ သင်ကြားရေးနှင့် လိုက်လျောညီထွေစွာ နေထိုင်ရေးတို့တွင် အဆင်ပြေချောမွေ့စေရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများနှင့် ယှဉ်တွဲနေထိုင်ခဲ့ပြီး မြန်မာကျောင်းသူ၊ ကျောင်းသားများကိုသင်ကြားမည့် ကျောင်းသင်ခန်းစာများနှင့် ပတ်သက်၍ လည်း လက်တေ့ွေ လ့ကျင့် ဆည်းပူးခဲ့ပြီး ဖြစ်သည်။ ၎င်းတ့တိုာဝန်ထမ်းဆောင်မည့် နှစ်နှစ်တာကာလအတငွ်း ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အင်္ဂလိပ်ဘာသာစကား ကို သင်ကြားပို့ချပေးသွားကြမည်ဖြစ်ပါသည်။

ယခုအသုတ် စေတနာ့ဝန်ထမ်းများ၏ စတင်တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားကို ကရဝိတ်ခန်းမ၌ မေလ ၂၆ ရက်၊ သောကြာနေ့၊ နံနက် ၁၀း၀၀ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ကြမည့် ဧည့်သည်တော်များတွင် အမေရိကန်သံရုံး ၏ ဒုတိယအကြီးအကဲ ခရစ္စတင်းဘောင်ဝါ၊ အမေရိကန်သံရုံးမှ ကိုယ်စားလှယ်များ၊ ပိစ်ကောအဖွဲ့၏ တာဝန်ခံညွှန်ကြားရေးမှူး ရှီလားခရော်လီ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီးနှင့်ဒေသခံ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ လုပ်ငန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြမည့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပိစ်ကောအဖွဲ့မှဝန်ထမ်း များနှင့် ပိစ်ကောစေတနာ့ဝန်ထမ်းများ ပါဝင်ကြမည်ဖြစ်ပါသည်။

ပိစ်ကောအဖွဲ့သည် မြန်မာအစိုးရ၏ဖိတ်ကြားချက်အရ အရည်အချင်းပြည့်မီသော အမေရိကန် အမျိုးသား၊ အမျိုးသမီးများကို ခေါ်ယူ ပံ့ပိုးကာ အမေရိကန်ပြည်သူများနှင့် မြန်မာပြည်သူများအကြား ပိုမိုကောင်းမွန်သော အပြန်အလှန်နားလည်မှုကိုမြှင့်တင်ရင်း ပညာရေးရည်မှန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ပိစ်ကော အစီအစဉ်ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိစ်ကောအဖွဲ့စေတနာ့ဝန်ထမ်း ပထမအသုတ် စတင်တာဝန်ထမ်းဆောင်ခြင်းဖြင့်အစပျိုးခဲ့ပါသည်။ ယင်းစေတနာ့ဝန်ထမ်းများသည် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အင်္ဂလိပ်ဘာသာပြ မြန်မာဆရာ၊ ဆရာမများနှင့် အတူလက်တွဲ၍ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။

ဒေသခံပြည်သူများ၏ စွမ်းရည်တိုးတက်အားကောင်းလာစေရေး၊ ယဉ်ကျေးမှုနှီးနှောဖလှယ်ရာတွင်အဆင်ပြေချောမွေ့စေရေးနှင့် ထာဝရတည်တံ့သော ချစ်ကြည်ရင်းနှီးမှုတစ်ရပ်တည်ဆောက်ရေးတို့အတွက် ပိစ်ကောစေတနာ့ဝန်ထမ်းများသည် မြန်မာပြည်သူ လူထုနှင့် လက်တွဲဆောင်ရွက်လျက်ရှိပြီး၊ ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် ဦးစားပေးလုပ်ငန်းများဖြစ်သော ပညာရည်အဆင့်အတန်းမြှင့်တင်ရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်ရေး၊ ကျောင်းသူ၊ ကျောင်းသားများကို အရည်အသွေးမီအင်္ဂလိပ် ဘာသာစကား သင်ကြားပို့ချပေးရေး လုပ်ငန်းများတွင်လည်း ပိစ်ကောအဖွဲ့က ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အားပေးကူညီ လျက်ရှိပါသည်။ အင်္ဂလိပ်ဘာသာစကားစွမ်းရည် မြှင့်တင်ပေးခြင်း၊ ပညာရေးနှင့် သက်မွေးပညာကျွမ်းကျင်မှု ဖွံ့ဖြိုးရေးတွင် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရရှိစေရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ လူမှုအဖွဲ့အစည်းအသင်းဝင်များကို အကူအညီပေးခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်နည်းများကို ပိစ်ကောကအသုံးပြုပါသည်။

###