အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲကျင်းပသော မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အာရီယာ–ဖော်မြူလာ အစည်းအဝေး၌ သံအမတ်ကြီးလင်ဒါသောမတ်စ်ဂရင်းဖီးလ်၏ သဘောထားမှတ်ချက်
သံအမတ်ကြီးလင်ဒါသောမတ်စ်ဂရင်းဖီးလ်
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်
နယူးယော့ခ်
ဧပြီ ၉၊ ၂၀၂၁
ကျေးဇူးတင်ပါတယ် ဘာဘရာ။ မင်းသားဖီးလစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ပြောကြားရင်း ကျွန်မတို့ရဲ့ အသံတွေကို ထည့်သွင်းဖော်ပြပြီးတော့ စတင်ကြရအောင်ပါ။ တော်ဝင်မိသားစုနဲ့ ယူနိုက်တက် ကင်းဒမ်းပြည်သူတွေအတွက် ကျွန်မတို့ ထပ်တူဝမ်းနည်းရပါတယ်။ ဒီနေ့ အစည်းအဝေးခေါ်တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်းပြောပါရစေ။ ဒီနေ့ ပြောကြားပေးကြတဲ့ အဆွေတော်တို့ရဲ့ မှတ်ချက်နဲ့ အသေးစိတ် သဘောထား ရှင်းလင်းပြောကြားမှုအားလုံးအတွက်လည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သူတို့တစ်တွေလည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် စိတ်ထိခိုက်နေခဲ့ကြပါတယ်။
ဆန္ဒပြတယ်ဆိုတာ ဘာမှန်းတောင် မသိအောင် ငယ်ရွယ်လွန်းသေးတဲ့ ကလေးတွေ အပါအဝင် ပြည်သူတွေကို မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေက နေ့စဉ် ဆက်လက် သတ်ဖြတ်နေကြပါတယ်။ အခုလို ပွင့်ပွင့်လင်းလင်း ပြောဆိုကြမှုကို အဲဒီမြင်ကွင်းတွေမြင်တွေ့ခဲ့ကြရတဲ့ အရေးအကြီးဆုံးဖြစ်တဲ့ မြန်မာပြည်သူတွေကိုယ်တိုင် မမြင်တွေ့ရတာတော့ စိတ်မကောင်းစရာပါ။ စစ်တပ်ဟာ ပြည်သူတွေကို အင်တာနက် သတင်းအမှောင် ချထားပါတယ်။ ပြင်ပကမ္ဘာလောကနဲ့ ပြည်သူတွေကို ဖြတ်တောက်ထားခြင်း အားဖြင့် စစ်တပ်ဟာ ဆိုးရွားတဲ့ လုပ်ရပ်တွေနဲ့ ဆန္ဒပြမှုနှိမ်နင်းတာတွေ ဖုံးကွယ်ထားဖို့ ကြိုးပမ်းနေပြီး ဒဏ်ခတ်မခံရတဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေကို ပေးနေပါတယ်။ ဒါတွေ အောင်မြင်အောင် ကျွန်မတို့ခွင့်မပြုနိုင်ပါဘူး။
ဒါကြောင့် မြန်မာပြည်သူတွေအတွက် အားလုံး မြင်ရ ကြားရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုဟာ မိတ်ဆွေတို့ဘက်ကနေ ရပ်တည်နေတယ်ဆိုတာကို ကျွန်မက သိစေချင်ပါတယ်။ ကျွန်မတို့ရဲ့ မဟာမိတ်တွေနဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ ဒီက လုံခြုံရေးကောင်စီနဲ့ တခြားတစ်နေရာရာက အားလုံး ညှိနှိုင်းဆောင်ရွက်ပြီးတော့ ဒီလိုအခြေအနေဆိုးကို ကိုင်တွယ်ဖြေရှင်းဖို့ရာ ကူညီပေးဖို့ ကျွန်မတို့ရဲ့ အာဏာစက်အတွင်း ရှိသမျှအားလုံးကို ဆောင်ရွက်ပေးပါမယ်။ အမှန်ကိုပဲ ဒီက လုံခြုံရေးကောင်စီမှာ စတင်ဆောင်ရွက်နေပါပြီ။ ကျွန်မတို့မှာ မတူခြားနားမှုတွေ ရှိနေကြပေမဲ့လည်း ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ ခိုင်မာရှင်းလင်းပြီး တစ်ညီတစ်ညွှတ်တည်းသော အသံနဲ့ ကောင်စီက ပြောကြားခဲ့တဲ့အတွက် ကျွန်မတို့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကောင်စီကနေ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေတိုင်းဟာ မြန်မာပြည်သူတွေအပေါ် တပ်မတော်ရဲ့ ထပ်တိုးအကြမ်းဖက်မှုတွေကြောင့် ဖြစ်ပါတယ်။
ထုတ်ပြန်ချက်တွေနဲ့ချည်းပဲ လုံခြုံရေး ခြိမ်းခြောက်မှုတွေ မလုပ်ဆောင်တော့အောင် တပ်မတော်ကို တားမြစ်နိုင်စွမ်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အရှေ့ခြမ်းနယ်စပ်ဒေသက လေကြောင်းတိုက်ခိုက်မှုတွေ အကြားမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ ထောင်ချီတဲ့ပြည်သူကို ကျွန်မတို့ မြင်တွေ့ခဲ့ပြီးပါပြီ။ ရာပေါင်းများစွာသောပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က စစ်တပ်ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ နယ်စပ်ဒေသအနှံ့က လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းမှုကို ဘယ်လောက် အလျှင်အမြန် ဖြစ်စေခဲ့သလဲဆိုတာ ကျွန်မတို့ မြင်တွေ့ခဲ့ပါတယ်။ စစ်တပ်ရဲ့ မရပ်မနား အကြမ်းဖက်ရက်စက်မှု၊ ဖိနှိပ်နှိမ်နင်းမှုတွေ အထူးသဖြင့် မကြုံစဖူး တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကပ်ရောဂါဖြစ်ရပ်ကနေတစ်ဆင့် နောက်တစ်ကြိမ် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ဖို့ စစ်တပ်ကို ကျွန်မတို့အနေနဲ့ လုံးဝလုံးဝ ခွင့်မပြုနိုင်ဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် ဒီအရေးအခင်းကာလဟာ ကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာအတွင်းမှာ ဘယ်လိုမျိုး မျှမျှတတ ကျရောက်သလဲဆိုတာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။
အခုလိုအချိန်မှာ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှု တစ်ခုတည်းကသာလျှင် စစ်တပ်ကို ပြောင်းလဲပေးနိုင် ပါလိမ့်မယ်။ အဲဒီအရေးယူဆောင်ရွက်မှုဟာ ပုံစံများစွာနဲ့ ရယူနိုင်တဲ့အကြောင်း ပြောရပါမယ်။ ကောင်စီဟာ စစ်တပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး မြှင့်တင်ဖို့နဲ့ သူ့ရဲ့ အန္တရာယ်ရှိပြီး ရက်စက်ကြမ်းတမ်းတဲ့ အပြုအမူကို နောက်ဆုတ်ဖို့အတွက် ဖိအားပေးဖို့ အရေးကြီးတဲ့ အဆင့်တွေကို လုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်မတို့အနေနဲ့ ဒီလိုမျိုး အရေးယူဆောင်ရွက်မှုတွေကို တမင်လုပ်ဆောင်ဖို့ လိုအပ်ခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မတို့ရဲ့ ပြောဆိုခွင့်ရှိသူတစ်ဦးဟာ အမှန်တကယ် ပြောကြားခဲ့ပါတယ်။ ဒီအဆင့်တွေမှာ စစ်တပ်၊ စစ်တပ်ရဲ့ ကုမ္ပဏီတွေနဲ့ အကြမ်းဖက်မှုကနေ အကျိုးအမြတ်ရဖို့ ကြိုးပမ်းနေသူတွေ အပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံကိုလက်နက်တင်ပို့မှု ပိတ်ပင်တားဆီး အရေးယူတာ ပါဝင်ပါတယ်။ ရက်စက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ စစ်တပ်အဖွဲ့ဝင်တွေနဲ့ မိမိတို့ပြည်သူတွေအပေါ် အခြားသော အကြမ်းဖက်မှုတွေ လုပ်ဆောင်နေသူတွေဟာ သေချာပေါက် တာဝန်ခံရမယ်ဆိုတာ ပါဝင်ပါတယ်။
ကောင်စီအနေနဲ့ကျွန်မတို့ကဘယ်လိုအရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ပါစေကုလသမဂ္ဂအထူးသံတမန်ကမြန်မာနိုင်ငံကိုလာရောက်ဖို့ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲစစ်တပ်အာဏာပိုင်တွေကခွင့်ပြုပေးဖို့ကျွန်မတို့အနေနဲ့အပြင်းအထန်တောင်းဆိုရပါမယ်။စစ်တပ်ကသံတမန်လာရောက်မှုကိုပယ်ချခဲ့တယ်လို့ဒီနေ့သံတမန်ဆီကနေကျွန်မတို့ကြားခဲ့ပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင်အရပ်ဘက်လူမှုအဖွဲ့အစည်းဆောင်ရွက်သူတွေနဲ့ဒီမိုကရေစီရရှိရေးအတွက်ဦးဆောင်ပါဝင်သူတွေနဲ့ပိတ်ဆို့မှုမရှိမှုကိုသံတမန်အနေနဲ့လိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ ဒီအကြပ်အတည်းနဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု နဂိုအခြေအနေတစ်ရပ် ပြန်လည် ရောက်ရှိရေးအတွက် ဖြေရှင်းချက်တစ်ရပ် တောင်းဆိုရာမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့ အာဆီယံနဲ့ ဒေသတွင်းကနိုင်ငံတွေကို ကျွန်မတို့ ခိုင်ခိုင်မာမာ ထောက်ခံအားပေးပါတယ်။ အာဆီယံ အရေးပေါ်ညီလာခံကို ကျွန်မတို့ ထောက်ခံအားပေးပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်တပ်နဲ့ သူတို့ရဲ့ ငွေကြေးဆိုင်ရာကိစ္စတွေ၊ အခြားချိတ်ဆက်မှုတွေကို ပြန်လည်သုံးသပ်တဲ့ ဖို့အတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ံတွေနဲ့ အခြားနိုင်ငံအားလုံးကို ကျွန်မတို့ တိုက်တွန်းပါတယ်။ စစ်တပ်ဟာ ဆိုးရွားတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ခံစားရဖို့ လိုအပ်ပါတယ်။ ဒေသရဲ့ တည်ငြိမ်မှုနဲ့ ချမ်းသာဝပြောမှုဟာ လျှင်မြန်တဲ့ အရေးယူဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်။
စစ်တပ်ဟာ ကျွန်မတို့ရဲ့ ဝေဖန်ရှုံ့ချမှုချက်တွေကို လျစ်လျူရှုပြီး လုံခြုံရေးကောင်စီကို စမ်းသပ်နေပါတယ်။ ကောင်စီအနေနဲ့ စကားလုံးအသုံးအနှုန်းတွေ ရှာဖွေပြီးတော့ နောက်ထပ် ထုတ်ပြန်ချက်တွေ ထုတ်နေမလား။ ဒါမှမဟုတ် ကျွန်မတို့အနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ အရေးယူဆောင်ရွက်ကြတော့မလား။ စစ်တပ်ကနေ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ခွင့်ပေးထားပြီး နောက်ထပ် အကြမ်းဖက်မှုတွေ ဖရိုဖရဲအခြေအနေတွေအဖြစ် မြန်မာနိုင်ငံကို ထိုးဆင်းသွားစေမလား။ ဒါမှမဟုတ် ကျွန်မတို့က မြန်မာပြည်သူတွေရဲ့ ဆင့်ခေါ်မှုတွေကို နားထောင်ပြီး ကျွန်မတို့အားလုံး သိတဲ့အတိုင်း ဒီပြည်သူတွေနဲ့ ထိုက်တန်တဲ့ လွတ်လပ်ပွင့်လင်းပြီး ငြိမ်းချမ်းတဲ့နိုင်ငံ ရရှိနိုင်အောင် ကူညီပေးကြမလား။
ကျွန်မအတွက်တော့ အဖြေက ရှင်းပါတယ်။ ကျွန်မတို့ အရေးယူဆောင်ရွက်ကြရပါတော့မယ်။ ကျေးဇူးတင်ပါတယ်။
###