Remarks as prepared for U.S. Ambassador Scot Marciel Lincoln Scholarship launch

Remarks as prepared for U.S. Ambassador Scot Marciel
Lincoln Scholarship launch
Tuesday, November 26, 2019
Pathein Ballroom, Novotel Hotel, Yangon. 

အမေရိကန် သံအမတ်မှ အဖွင့်အမှာစကား

ကျွန်တော် မြန်မာနိုင်ငံမှာ နေလာတဲ့ သုံးနှစ်ခွဲအတွင်းမှာ နိုင်ငံအနှံ့မှာရှိတဲ့ အားတက်စရာထူးချွန်တဲ့သူ ရာပေါင်းများစွာကို ဆုံတွေ့ခဲ့ရပါသည်။ တစ်‌ယာက်ချင်းစီက ၎င်းတို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက်ပိုမို ကောင်းမွန်တဲ့ အနာဂတ်ကို ထူထောင်နိုင်ရန် အားသွန်ခွန်စိုက်ကျိုးပမ်းလျက်ရှိပါသည်။ ဒီမှာရှိတဲ့ လူငယ်ခေါင်းဆောင် များကလည်း မြန်မာနိုင်ငံနှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်စေရေး နည်းလမ်းများရှာဖွေကြံဆရန် တီထွင်ဆန်းသစ်လျက်ရှိပြီး သံဓိဌါန် ချထားကြပါတယ်။

ကျွန်တော်တို့က မြန်မာနိုင်ငံအောင်မြင်တာကို မြင်လိုပါသည်။ ဒါကြောင့် ဒီနေ့မှာ ဤပညာသင်ဆုအခွင့်အလမ်းနဲ့ ပတ်သက်ပြီး ကြေငြာခြင်းဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုအစိုးရက အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) လင်ကွန်းပညာသင်ဆုအစီအစဉ်မှတဆင့် မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင် ၁၀၀ ခန့်ကို လင်ကွန်း ပညာသင်ဆု ပေးအပ်ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါသည်။

လင်းကွန်းပညာသင်ဆုရရှိသူများက မြန်မာ့ဖွံ့ဖြို့တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးမည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိစေရန် အမေရိကန်ပြည်ထောင်စုတွင် ဘွဲ့လွန်မဟာဘွဲ့များ သင်ယူရရှိကြမည်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များက မြန်မာနိုင်ငံတက္ကသိုလ်များတွင် ပေးအပ်ခြင်းမရှိသေးသော မဟာဘွဲ့အချို့ကို သင်ကြားပေးအပ်ပါသည်။ မြန်မာ့အနာဂတ်ခေါင်းဆောင်လောင်းများကို အစားအသောက်နှင့် အဟာရ သိပ္ပံ၊ သဘာဝသယံဇာတရင်းမြစ် စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှု၊ စီးပွားရေး၊ ဘောဂ ဗေဒနှင့် ဘဏ္ဍာရေးစသည့် နယ်ပယ်များတွင် ဘွဲ့ဒီဂရီများရရှိစေခြင်းဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လူထုအခြေပြုလူ့အဖွဲ့အစည်းများတွင် ၂၁ ရာစု၏ ပိုမိုရှုပ်ထွေးလာသော အခြေအနေများ အကြား၌ ဦးဆောင်ဖြေရှင်းမည့်လူငယ်ခေါင်းဆောင်များ နည်းပညာ၊ စွမ်းရည်ပြည့်၀နေစေရန် ရည်ရွယ်ပါတယ်။

ဒီပညာသင်ဆုကိုအမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက် သမ္မတအေဘရာဟမ်လင်ကွန်းကို ဂုဏ်ပြုပြီး ဘာ‌ကြောင့်နာမည်ပေးရသလဲ ဆိုတာကို ရှင်းပြလိုပါတယ်။ အေဘရာဟမ်လင်ကွန်းသည် ဝါရှင်တန်ဒီစီနှင့် နယူးယောက်တို့ရှိ ဩဇာအာဏာ ရာထူးများနှင့် အလှမ်းကွာလှသည့် ဆင်းရဲသားမိသားစုမှပေါက်ဖွားခဲ့ပါသည်။ အညတရ မိသားစုအသိုင်းအဝိုင်းတွင် ကြီးပြင်းလာရသော်လည်း အေဘရာဟမ်လင်ကွန်းသည် ရှေ့နေတစ်ဉီးနှင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ ပါသည်။ အမေရိကန် ပြည်တွင်းစစ်ပွဲကာလတွင် အမေရိကန်နိုင်ငံပေါင်းစည်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံနှင့် နိုင်ငံသားများအခွင့်အရေးအတွက် ဦးဆောင်ပံ့ပိုးပေးခဲ့သူ ဖြစ်ပါသည်။ မြန်မာနိုင်ငံက ကြုံတွေ့နေရတဲ့ ပြဿနာများနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကတော့ တူချင်မှ တူပါလိမ့်မယ် ဒါပေမဲ့ ခေါင်းဆောင်တွေဆိုလိုက်တာနဲ့ ကြုံတွေ့ဖြေရှင်းကြရမယ့် ပြဿနာတွေရဲ့ အတိမ်အနက်ကတော့ အတူတူချည်း အားလုံးခက်ခဲတာပါပဲ။

ကိုယ်တိုင်လည်း မြန်မာနိုင်ငံသားတွေမှာ အဲဒီလို အခက်အခဲတွေ မလွဲမသွေ ဖြေရှင်းဆောင်ရွက်ကြမယ့် စိတ်ဓာတ်ခွန်အားတွေ တွေ့မြင်နေရပါတယ်။ လာမယ့် ၂၀၂၀ မှာ လင်ကွန်းပညာတော်သင် အ‌ယောက်နှစ်ဆယ်ဟာ ပထမအသုတ်အနေနဲ့ အမေရိကန်နိုင်ငံမှာ မဟာဘွဲ့လွန် သွားရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒီပညာသင်ဆုအစီအစဉ်မှာ လင်ကွန်းပညာသင်ဆုရရှိသူတိုင်းအတွက် ခေါင်းဆောင်မှု သင်တန်းကိုလည်း ထပ်မံတက်ရောက်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်နေတဲ့ ကာလအတွင်း ပညာသင်ဆုရကျောင်းသူကျောင်းသား အသုတ်တိုင်းက George Mason University တွင် ခေါင်းဆောင်မှုစွမ်းရည်နှင့် ပဋိပက္ခဖြေရှင်းရေးတို့ကို လေ့လာသင်ယူရမှာ ဖြစ်ပြီး သူတို့ပြန်လာတဲ့အခါ မြန်မာနိုင်ငံကို ကြာရှည် တည်မြဲတဲ့ ငြိမ်းချမ်းရေးနှင့်အမျိုးသားစည်းလုံးညီညွတ်ရေးစီကို ဦးတည်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ တတပ်တအား ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကနေ စပြီး  လျှောက်ထား နိုင်ပါတယ်။

ဒီပညာတော်သင်အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့် Institute of International Education (IIE) နှင့် ၎င်း၏ မြန်မာနိုင်ငံရှိ တွဲဖက်ဖြစ်တဲ့ Thabyay Foundation တို့ကို ကျေးဇူးတင်ပါသည်။

ဒီပညာသင်ဆုအခွင့်အလမ်းနှင့် ပက်သက်ပြီး လူငယ်များထံသို့ သတင်းစကားဖြန့်ပေးရန်နှင့်ဝေမျှပေးဖို့ ဒီနေ့ တက်ရောက်လာတဲ့ မိတ်ဆွေတို့အားလုံးကို တိုက်တွန်းချင်ပါတယ်။

အခု ကျွန်တော့်ရဲ့ အရေးကြီး ဧည့်သည်တော်ဖြစ်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဉီးဘိုဘိုငယ်ကို ဖိတ်ခေါ်ချင်ပါတယ်။ အမေရိကန်နိုင်ငံမှာ သင်ကြားခဲ့တဲ့ ပညာရပ်များနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်နေတဲ့သူအနေနဲ့ ကျွန်တော်တို့ အစီအစဥ်ကို တက်ရောက်ချီးမြှင့်တာ ဖြစ်ပါသည်။ ဦးဘိုဘိုငယ်ဟာ ဝါရှင်တန်ဒီစီရှိ Johns Hopkins University School of Advanced International Studies မှ နိုင်ငံတကာဘောဂဗေဒဘာသာဖြင့် မဟာဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။