CDC မှ Dr. Mitesh Desai ပြောကြားသောအမှာစကား

CDC မှ Dr. Mitesh Desai ပြောကြားသောအမှာစကား

 

CDC သည် နိုင်ငံများစွာတွင် ရောဂါရှာဖွေရေးနှင့် ရောဂါကူးစက်မှုများဖြစ်ပွားသည့်အခါ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းပိုမိုအားကောင်းခိုင်မာလာစေရန် အကူအညီပေးရာတွင် ကမ္ဘာလုံးဆိုင်ရာဦးစီးဦးဆောင်အနေဖြင့် နှစ်ပေါင်း ၆၀ ကျော် ရပ်တည်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် အမေရိကန် စီဒီစီ မြန်မာရုံးခွဲကိုဖွင့်လှစ်ခဲ့ပါသည်။ အမေရိကန် စီဒီစီသည် ရေရှည်ရှိထားပြီးဖြစ်သည့် ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများအပေါ် အခြေပြုကာ မြန်မာနိုင်ငံ၏ ကိုဗစ်၁၉ ရောဂါဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများကိုပံ့ပိုးကူညီလျက်ရှိပါသည်။

ကိုဗစ်၁၉ ကပ်ရောဂါမပေါ်ပေါက်မီကာလများစွာကတည်းကပင် စီဒီစီသည် မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နီးနီးကပ်ကပ် လက်တွဲပြီးအရေးပါသောကနဦးဆောင်ရွက်မှုများဖြစ်သည့် အိတ်ချ်အိုင်ဗွီနှင့် ငှက်ဖျားရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံမှ ရောဂါရှာဖွေ ထိန်းချုပ်ရေး လုပ်သားများအတွက် သင်တန်းပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ယင်းပူးပေါင်းဆောင်ရွက်မှုများသည် စီဒီစီမှ သိပ္ပံပညာရှင်များ၏ ကမ္ဘာတဝန်း ကျောက်ရောဂါ တိုက်ဖျက်ရေးအချိန်ကာလမှသည် ပိုလီယိုနှင့် ဝက်သက်ကဲ့သို့သော ကာကွယ်ဆေးဖြင့် တားဆီးနိုင်သည့်

ရောဂါများထိန်းချုပ်ရေးပိုမိုတိုးတက်လာမှု များ၊ လူအမြောက်အများကို သေစေနိုင်သော ရောဂါများဖြစ်သည့် အိတ်ချ်အိုင်ဗီ၊ တီဘီနှင့် ငှက်ဖျားရောဂါများကုသရေးနှင့် ကာကွယ်ရေးလုပ်ဆောင်မှုများ၊ ထိုမှသည် များမကြာသေးသောကာလများတွင် ပေါ်ပေါက်လာသည့် တိရိစ္ဆာန်မှ လူသို့ကူးစက်ရောဂါများ ဖြစ်သည့် တုပ်ကွေးရောဂါပုံစံသစ်များ၊ အီဘိုလာ၊ ဇီကာ နှင့် ယခုဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်၊စသည့်ဖြစ်စဉ်များတွင် ပါဝင်မှုများမှ အခြေပြု တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် USAID အပါအဝင်အခြားသောကမ္ဘာလုံးဆိုင်ရာသိပ္ပံနည်းကျနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ခွင့် ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ကိုဗစ်၁၉ ရောဂါအတွက် အမေရိကန် စီဒီစီသည် မြန်မာနိုင်ငံတွင်းအကူအညီပေးရေးအစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ ၁.၉၅ သန်းလျာထားပြီးဖြစ်ပါသည်။ ယင်းရံပုံငွေအသစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကွင်းဆင်းရောဂါရှာဖွေထိန်းချုပ်မှုသင်တန်းအစီအစဉ်များနှင့် ကိုဗစ်၁၉ ရောဂါ ရှာဖွေထောက်လှမ်းမှုနှင့် ရောဂါထိန်းချုပ်မှုအားထုတ်လုပ်ဆောင်ချက်များကိုဆက် လက်ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ အမေရိကန်စီဒီစီမြန်မာသည် လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအသေးစိတ်ကိုအပြီးသတ်ရေးဆွဲလျက်ရှိပါသည်။

အမေရိကန်စီဒီစီသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိကိုဗစ်၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးတွင် အဓိကကျသည့်ဌာနခွဲများနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် ဗဟိုရောဂါရှာဖွေ ထိန်းချုပ်ရေးဌာနခွဲနှင့် အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းတို့အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုများလည်း အပါအဝင်ဖြစ်ပါသည်။ အမေရိကန်စီဒီစီမှ ကိုဗစ်၁၉ ရောဂါဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များအနက် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့များသို့ ဒေသတွင်းရှိစီဒီစီကျွမ်းကျင်ပညာရှင်များကိုယ်တိုင် လာရောက်တွေ့ဆုံကာ တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ လည်းပါရှိပါသည်။ရန်ကုန်နှင့် ဘန်ကောက်မြို့တို့ရှိစီဒီစီရုံးခန်းများသည် ကိုဗစ်၁၉ ကပ်ရောဂါကာလတစ်လျှောက်လုံးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တိုက်ရိုက် အွန်လိုင်းမှတဆင့် နည်းပညာဆိုင်ရာအကူအညီများကိုဆက်လက်ပေးအပ်လျက်ရှိပါသည်။

အမေရိကန်စီဒီစီသည် နိုင်ငံစုံပါဝင်သည့် နည်းပညာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများမှတဆင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် WHO အဖွဲ့အစည်းမှ ပူးပေါင်းပါဝင်ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်သည့် ကိုဗစ်၁၉ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များ ဖြစ်သည့် စမ်းသပ်စစ်ဆေးမှုများနှင့် ရောဂါရှာဖွေထောက်လုမ်းမှုများ ပိုမိုကောင်းမွန်လာစေရေး၊ ကိုဗစ်၁၉ ရောဂါကုသရေးစီမံခန့်ခွဲမှုနှင့် ရောဂါပျံ့ပွားမှုတားဆီးရေး လုပ်ငန်းစဉ်များအတွက်လည်း ပါဝင်ကူညီ လျက်ရှိပါသည်။

ထို့အပြင် စီဒီစီသည်အရှေ့တောင်အာရှဒေသတွင်းရုံးခန်း၏ စီမံခန့်ခွဲမှုဖြင့် ဒေသတွင်းစွမ်းရည်မြှင့် အစီအစဉ်သစ်တချို့ကိုစတင်ဆောင်ရွက်လျက်ရှိရာ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဇီဝလုံခြုံရေးနှင့်အရည်အသွေးထိန်းချုပ်ရေးဆိုင်ရာဓါတ်ခွဲခန်းစနစ်များပိုမိုအားကောင်းလာစေရေး၊အရေးေ

ပါ်အခြေအနေအတွက် ပြင်ဆင်ထားရှိမှု၊ တုံ့ပြန်ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ၊ ရွှေ့ပြောင်းလုပ်သားများကဲ့သို့သောရွေ့လျားသွားလာနေသည့်နိုင်ငံသားများ ဝင်ရောက်သည့်နေရာများတွင် ရောဂါရှာဖွေစစ်ဆေးခြင်း၊အနာဂတ်တွင်ပေါ်ပေါက်လာနိုင်သည့် တိရိစ္ဆာန်မှလူသို့ကူးစက်သည့် ရောဂါကူးစက်ပျံ့ပွားမှုများရှာဖွေထောက်လှမ်းရန်နှင့် တားဆီးရာတွင်အကူအညီပေးရန် ရည်ရွယ်ဖော် ဆောင်ထားသည့် တစ်ခုတည်းသောကျန်းမာရေး One Health လှုပ်ရှားမှုများစသည်တို့အတွက် အထောက်အကူပြုရန်ဖြစ်ပါသည်။

ထိုလုပ်ဆောင်ချက်များသည် ယခင်ကရှိထားခဲ့ပြီးဖြစ်သောပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းများအတွက်ရောဂါရှာဖွေထိန်းချုပ်မှုအထူးပြုသင်တန်းရရှိစေရန်ရည်ရွယ်ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ၂၀၁၈ ခုနှစ်အတွင်းကပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံတွင် ပထမဆုံးသောကွင်းဆင်းရောဂါရှာဖွေထိန်းချုပ်ရေးသင်တန်း (FETP) ပြုလုပ်မှုများစသည်တို့အပေါ် အခြေပြုတည်ဆောင်ထားခြင်းဖြစ်ပါသည်။ ယင်းသင်တန်းအစီအစဉ်မှ ၂၀၁၉ ခုနှစ်တွင် ရောဂါစုံစမ်းစစ်ဆေးရေးမှူး “Disease Detectives” ၁၅ ဦးသင်တန်းဆင်းခဲ့ပြီး ၎င်းတို့သည် ယခုအခါ မြန်မာနိုင်ငံ၏ ကိုဗစ်၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်မှုများတွင် တဖက်တလမ်းမှ အနှစ်သာရရှိရှိများစွာသောနည်းလမ်းများဖြင့် ပူးပေါင်းပါဝင် လျက်ရှိကြပါသည်။ အထက်ပါ FETP

Intermediate အဆင့်သင်တန်းဆင်းပွဲပြုလုပ်သည့်နေ့သည် သူ့ဘ၀ တွင် အပျော်ဆုံးနေ့များထဲက တစ်ခုဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်ထွေးကသူ့မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားသည်ကို ကြားရသည့်အခါ ကျွန်ုပ် များစွာလှိုက်လှိုက်လှဲလှဲခံစားခဲ့ရပါသည်။

ကိုဗစ်၁၉ ရောဂါဆိုင်ရာဆောင်ရွက်မှုများအပြင် စီဒီစီအနေဖြင့် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လာမည့် လများတွင်လည်းပိုမိုနက်ရှုှိင်းကျယ်ပြန့်စွာလက်တွဲပူးပေါင်းဆောင်ရွက်သွားရန်အစီအစဉ်ရှိကြောင်းကိုလည်း ဖြည့်စွက်ပြောကြားလိုပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပထမဦးစွာအမေရိကန် သမ္မတ၏ ငှက်ဖျားရောဂါဆိုင်ရာကနဦးလှှုပ်ရှားမှုအစီအစဉ်အောက်တွက် ဌာနေအကြံပေးပုဂ္ဂိုလ်ထားရှိ ခြင်း၊ ဒုတိယအနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကြီးလေးစားဖွယ်၊ ရည်ရွယ်ချက်မြင့်မားသည့် ကာကွယ်ဆေး ဖြင့် တားဆီးနိုင်သောရောဂါများထိန်းချုပ်ရေးအစီအစဉ်ဖြင့် ပိုမိုကျယ်ပြန့်စွာကာကွယ်ဆေးထိုးနှံရေးပရိုဂရမ်သို့ ရေရှည် နည်းပညာပိုင်းဆိုင်ရာအကြံပေးကူညီမှုပေးခြင်း၊ တတိယအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသား ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်း (သို့မဟုတ်) မြန်မာစီဒီစီအကောင်အထည်ဖော်ရာတွင် မဟာဗျူဟာကျကျ အကြံပေးချက်များဆက်လက် ပေးအပ်သွားရေးစသည်တို့ ပါဝင်သွားမည်ဖြစ်ပါသည်။

ကျွနု်ပ်ကိုယ်တိုင်နှင့် အမေရိကန်စီဒီစီအဖွဲ့၏ ကတိကဝတ်ဖြစ်သောရေရှည်ဖြစ်ပြီးအကျိုးဆက်မြင့်မားသည့်အကူအညီပေးရေးအစီအစဉ်မှတဆင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးလုံခြုံမှု ပိုမိုအားကောင်းစေရေးဆောင်ရွက်ရန်၊ ကျွနု်ပ်တို့နှစ်နိုင်ငံအကြားမဟာဗျူဟာကျသည့်မိတ်ဖက်ဆက်ဆံရေး၏ကျန်းမာရေးအခန်းကဏ္ဍ ပိုမိုအားကောင်းလာအောင်ဆောင်ရွက်ရေးတို့ကို ပါဝင်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းထပ်လောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။