သမ္မတဘိုင်ဒင်၏ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ရောက်ခြင်းနှင့်ပတ်သက်၍ထုတ်ပြန်ချက်

President Biden’s Participation in the U.S.-ASEAN Summit

သမ္မတဘိုင်ဒင်၏ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ရောက်ခြင်းနှင့်ပတ်သက်၍ထုတ်ပြန်ချက်

 

အမေရိကန်-အာဆီယံ နှစ်စဉ် ထိပ်သီးစည်းဝေးပွဲကြီးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ သမ္မတ ဂျိုးဇက် အာ ဘိုင်ဒင် ဂျူနီယာ တက်ရောက်ခဲ့ပါသည်။ သမ္မတကြီးက အာဆီယံနှင့်မိမိတို့၏ မိတ်ဖက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းစေရေးအတွက် ထားရှိသောအမေရိကန်၏ကတိကဝတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံ၏အမြင်ကိုလည်းချီးကျူးပြောဆိုခဲ့ပါသည်။

ဒေသတွင်းအပေါ်ထားရှိသည့် အမေရိကန်ပြည်ထောင်စု၏ကာလရှည်ကြာကတိကဝတ်ကို သမ္မတကြီးက အထူးအလေးပေးပြောကြားခဲ့ပြီး မိမိတို့အချိန်ကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် နိုင်ငံတကာဥပဒေများကိုအခြေခံသော ထုတ်ပြန်ညွှန်ကြားချက်များကို ခြိမ်းခြောက်မှုများအား ကာကွယ်စောင့်ရှောက်ရာတွင် မိမိတို့၏မဟာမိတ်များနှင့် လက်တွဲဆောင်ရွက်ခြင်းပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်နက်ရှိုင်းရှိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

ဒေသတွင်း၌ ကိုဗစ်-၁၉ ဒဏ်မှ ပြန်လည်နာလန်ထူနိုင်ရေး၊ ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကိုဖြေရှင်းရေး၊ စိးပွားရေးဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့ကို အားပေးကူညီနိုင်ရန်အတွက် အမေရိကန်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးချဲ့မည့် အစီအစဉ်သစ်တစ်ရပ်အတွက် ဒေါ်လာ ၁၀၂ သန်းခန့် ပံ့ပိုးပေးရန်ရည်မှန်းထားသည့်အကြောင်း သမ္မတကြီးက ကြောညာခဲ့ပါသည်။ ယင်းအပြင် သမ္မတကြီးက ကျန်းမာရေး၊ ရာသီဥတု၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ကျား၊ မ ရေးရာ စွမ်းရည်မြှင့်တင်ရေးတို့တွင် အမေရိကန်-အာဆီယံ ထိပ်တန်းအဆင့် ပူးပေါင်းဆောင်ရွက်ရေးတို့ချဲ့ မည့် ကြိုးပမ်းအားထုတ်မှုအသစ်အကြောင်း မီးမောင်းထိုးပြရင်း အမေရိကန်နှင့် အာဆီယံအကြား မဟာဗျူဟာမြောက် မိတ်ဖက်လက်တွဲမှုက အရေးကြီးသည့်အကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ကာကွယ်ဆေး အလုံးပေါင်း သန်း ၄၀၀ နှင့် အရေးပေါ်ကျန်းမာရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီ သန်း ၂၀၀ ကျော် ကျော်ရရှိနိုင်အောင် ဆောင်ရွက်ရေးအပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်‌ရေးအတွက် အမေရိကန်ပြည်ထောင်စုက ထားရှိသည့် ကတိကဝတ်နှင့် နောက်ဖြစ်လာမည့်အတွက် ကြိုတင်ပြင်ဆင်ရာတွင် ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ရေးတို့ကိုလည်း သမ္မတကြီးက ထပ်လောင်းပြောကြားခဲ့ပါသည်။ ကျန်းမာရေးစနစ်နှင့် ကျန်းမာရေးလုံခြုံမှုပိုမိုအားကောင်းအောင်ဆောင်ရွက်ရေး၊ ရာသီဥတုစိန်ခေါ်မှုဒဏ်လျှော့ချရေးတို့တွင် ထိထိရောက်ရောက် အရေးယူဖော်ဆောင်ရန်တိုက်တွန်းခဲ့ပြီး ပိုမိုကောင်းမွန်အောင်ပြန်လည်

တည်ဆောက်ရေးနှင့် ပြန်လည်စိမ်းလန်းစိုပြေရေးဖော်ဆောင်မှုတွင် အမေရိကန်ပြည်ထောင်စုက အားပေးကူညီမည့်အကြောင်း သမ္မတကြီးကထပ်လောင်းအတည်ပြုခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၊ ကြောက်မက်ဖွယ်ရာအကြမ်းဖက်နေမှုနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြောကြားခဲ့ပြီး အကြမ်းဖက်နေမှုချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့်မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆောင်ရွက်ရန် နိုင်ငံ၏စစ်အာဏာရှင်ကိုတောင်းဆိုခဲ့ပါသည်။ သဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး အာဆီယံ ကြိုးပမ်းအားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးသည့်အကြောင်းကိုလည်း သမ္မတကြီးကထုတ်ဖော်ပြောကြားခဲ့ပါသည်။

###