မြန်မာနိုင်ငံကျေးလက်ဒေသစိုက်ပျိုးရေးလုပ်ငန်းများအသွင်ကူးပြောင်းမှုကို အမေရိကန်နိုင်ငံက ကူညီခြင်း

ချက်ချင်းထုတ်ပြန်ရန်
စက်တင်ဘာ ၂၆၊ ၂၀၁၉

မြန်မာနိုင်ငံကျေးလက်ဒေသစိုက်ပျိုးရေးလုပ်ငန်းများအသွင်ကူးပြောင်းမှုကို အမေရိကန်နိုင်ငံက ကူညီခြင်း

 

ရန်ကုန်မြန်မာနိုင်ငံကျေးလက်ဒေသ စီးပွားရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော သိသာသည့်ပြောင်းလဲမှုများမှ မြန်မာတောင်သူများနှင့် ၎င်းတို့၏မိသားစုဝင်များက မည်သို့သော အကျိုးကျေးဇူများရရှိနေပါသနည်း။ ဤသည်မှာ အမေရိကန်နှင့် မြန်မာသုတေသနပညာရှင်များ၊ မြန်မာအစိုးရမူဝါဒချမှတ်သူများနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသူများ တစ်ရက်တာပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲအတွင်း အဓိကမေးကြသည့်မေးခွန်းဖြစ်ပါသည်။

ရန်ကုန်တွင်ပြုလုပ်သော ယင်းအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က စက်တင်ဘာ ၂၆ရက်တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ သူကမြန်မာ့စီးပွားရေး အပြောင်းအလဲနဲ့ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုတွေကို အမေရိကန်နိုင်ငံက တစိုက်မတ်မတ် အားပေးကူညီ နေပါတယ်။ မြန်မာနိုင်ငံအတွက် ဒီအပြောင်းအလဲဆိုတာက စိုက်ပျိုးကဏ္ဍကို ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးခြင်းပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးဟာ ကျေးလက်နေပြည်သူ ၇၀ရာခိုင်နှုန်းကျော်ရဲ့ အသက်မွေး ဝမ်းကျောင်းမှုရင်းမြစ်ဖြစ်ပါတယ်ဟု ပြောသည်။ ယနေ့ကျင်းပသော အလုပ်ရုံဆွေနွေးပွဲတွင် စကားဝိုင်း ဆွေးနွေးပွဲလေးခုပါဝင်ပြီး အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီနှင့် သက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအစီအစဉ်တို့က ပူးပေါင်းထောက်ပံ့သော ငါးနှစ်တာစီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိသည့် မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်မှ ပညာရှင်များက ဦးစီးကျင်းပခြင်းဖြစ်သည်။

ပါဝင်တက်ရောက်သူများသည် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် အပူပိုင်းဒေသအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုအတွင်းရှိ ကျေးလက်မိသားစု ,၀၀၀ နီးပါး လူမှုအသိုက်အဝန်း ၈၀၀၊ လယ်ယာစိုက်ပျိုးရေး ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်အတွင်းရှိ စီးပွားရေးလုပ်ငန်း ,၁၅၀ ကျော်ထံမှ စစ်တမ်းကောက်ယူရာတွင် တွေ့ရှိထားသည့် အချက်များကို ပြန်လည်သုံးသပ်ကြခြင်းဖြစ်သည်။ ဆွေးနွေးသူများက ရှမ်းပြည်နယ်အတွင်း ဖြစ်ထွန်းလျက်ရှိသည့် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကြောင့် တောင်သူများအကျိုးအမြတ်ရရှိနေသည့်အကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင်းရေလုပ်ငန်းများ တိုးတက်လာမှု၊ အပူပိုင်းဒေသအတွင်း ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်အတွင်းရှိ ဆီထွက်သီးနှံနှင့်ပဲအမျိုးမျိုးနှင့် စိုက်ပျိုးရေး ကဏ္ဍအတွင်း စက်ယန္တရားအသုံးပြုခြင်း တိုးပွားလာမှုတို့ကို အစိုးရမူဝါဒချမှတ်သူများအား ရှင်းလင်းတင်ပြ ကြသည်။ တောင်သူလယ်သမားများ၏လိုအပ်ချက်များဖြစ်သော မြေယာရရှိလုပ်ကိုင်အသုံးချမှု၊ မျိုးစေ့နှင့် ချေးငွေ၊ စိုက်ပျိုးရေး မဟုတ်သော စီးပွားရေးပြောင်းလဲနေမှု၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုနှင့် မူဝါဒများနှင့် အစီအစဉ်များတွင် ဂျဲန်ဒါကိစ္စရပ်များကိုထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အကြောင်းတို့ကို ဆွေးနွေးကြသည်။

စားနပ်ရိက္ခာဖူလုံရေးမူဝါဒစီမံကိန်း စတင်သည့် ၂၀၁၄ ကစ၍ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း စတင်ခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးမဟာဗျူဟာ အပါအဝင် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် အစိုးရရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အသိပေးရာတွင် သုတေသနရလဒ်များကို အသုံးချလာခဲ့ပါသည်။ ယင်းစီမံကိန်းသည် မူဝါဒသုတေသနနည်းစနစ်များအသုံးချရေးအတွက် ဝန်ကြီးဌာနမှ သုတေသနပညာရှင်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စီးပွားရေးနှင့်လူမှုရေးဖွံဖြိုးမှုစင်တာမှ သုတေသန ပညာရှင်များနှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများကို လေ့ကျင့်သင်တန်းများပေးအပ်ခဲ့ပါသည်။

ယူအက်စ်အေ့ဒ် စားနပ်ရိက္ခာဖူလုံရေးမူဝါဒစီမံကိန်းလုပ်ငန်းများ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပြီးဆုံးသည့်အခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သုတေသန အစီအစဥ်တစ်ရပ်ကို အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပါသည်။ ယင်းအစီအစဥ် များသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီနှင့် ဒေသန္တရ အစိုးရ (ပြည်နယ်နှင့်တိုင်းဒေသကြီး) နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ဒေသအလိုက်ကိုက်ညီမှုရှိသော သုသေသနစာတမ်းများသည် တောင်သူများအတွက်အထောက်အကူပြုမည်ဖြစ်သည်။

အမေရိကန်အစိုးရသည် Feed the Future Initiative အစီအစဉ်အစိတ်ပိုင်းတစ်ရပ်အနေဖြင့် ဒေါ်လာ ၁၇ သန်း မြန်မာနိုင်ငံအတွင်း နှစ်စဉ် ရင်းနှီးသုံးစွဲလျက်ရှိပါသည်။ ဤအကူအညီများသည် စိုက်ပျိုးရေးဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးမှု၊ အိမ်ထောင်စုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသောစနစ် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ အတွက် အာဟာရဖွံ့ဖြိုးရေး အစီအစဉ်များအတွက် ပေးအပ်ခြင်းဖြစ်ပါသည်။  ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးမှု မဟာဗျူဟာနှင့် ၎င်းတို့လျှောက်လှမ်းလျက်ရှိသော ကိုယ်တိုင်ရပ်တည်နိုင်ရေး လမ်းကြောင်းအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ လယ်ယာကဏ္ဍဝန်ဆောင်မှု အကူအညီပေးသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မူဝါဒချမှတ်သူများကို အကူအညီပေးအပ်လျက်ရှိပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စက်ယန္တရားများအသုံးပြုမှု သိသိသာသာ တိုးပွားလာမှုကိုပြသသည့် အချက်အလက်ပြရုပ်ပုံကားချပ်ကို အောက်ဖော်ြပပါ နေရာတွင် ရယူနိုင်ပါသည်။

https://mm.usembassy.gov/wp-content/uploads/sites/41/AgroDealer_update_fs.gif

### ပြီး ###