ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရန်ကုန်တိုင်း၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အမေရိကန်၏ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း

ချက်ချင်းထုတ်ပြန်ရန်
ဇူလိုင် ၂၉၊ ၂၀၂၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရန်ကုန်တိုင်း၏ ကိုဗစ်၁၉ တိုက်ဖျက်ရေးအတွက် အမေရိကန်၏ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း

 

ရန်ကုန်။     ။ကိုဗစ်၁၉ ရောဂါပျံ့နှံ့မှု ကာကွယ်‌ရေးနှင့် လျော့ပါးသက်သာစေခြင်းအလို့ငှာ မြန်မာနိုင်ငံအား ဒေါ်လာ ၉၀,၀၀၀ တန်ဖိုးရှိ ထပ်ဆောင်းအကူအညီ ပေးအပ်ကြောင်းကို ဂုဏ်ယူစွာဖြင့် ကြေငြာလိုက်ပါသည်။ ကိုဗစ်၁၉ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ရန်ပုံငွေ ဒေါ်လာ ၁၈.၅ သန်းအပြင် ယနေ့တွင် သံရုံးယာယီတာဝန်ခံဂျော့ချ် ဆစ်ဘလီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အမေရိကန် ကာကွယ်‌ရေးဌာနကိုယ်စား ဒေါ်လာ ၉၀,၀၀၀ တန်ဖိုးရှိ တစ်ကိုယ်ရေ သုံး ရောဂါကာကွယ်ရေး ပစ္စည်း (PPE) များကို လှူဒါန်းခဲ့ပါသည်။ ကိုဗစ်၁၉ ကပ်ရောဂါ ကျရောက် နေသောကာလအတွင်း အမေရိကန်၏ မြန်မာအပေါ် ကူညီမှုက မြန်မာပြည်သူများ၏ ကျန်းမာရေး တိုးတက်မှု အတွက် အမေရိကန်၏ ကာလရှည်ကြာ ကတိကဝတ်ပြုထားမှုကို ထင်ဟပ်စေပါသည်။ အမေရိကသည် မြန်မာနိုင်ငံ၏ ကိုဗစ်၁၉ တုံ့ပြန်မှုတွင် အကြီးမားဆုံးသော အလှူရှင်နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ပါသည်။

ကျန်ကမ္ဘာကြီးလိုပဲ မြန်မာနိုင်ငံကလည်း ပြည်သူ့ကျန်းမာရေးအတွက် တုံ့ပြန်လုပ်ဆောင်နေတာမှာ အခု အချိန်ထိ ကောင်းစွာ အောင်မြင်မှု ရနေပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ကိုဗစ်၁၉ တုံ့ပြန် ဆောင်ရွက်ရေးအတွက် ဒေါ်လာ ၁၈.၅ သန်းကျော် ထောက်ပံ့ကူညီပေးထားခြင်းအားဖြင့် မိတ်ဆွေကောင်း အဖြစ် ခိုင်မာစွာ ရပ်တည်နေပါတယ်။ ယနေ့ လှူဒါန်းမှုဟာ မြန်မာနိုင်ငံမှာ လူ့အသက် ကယ်ဆယ်ရေး အတွက် ရော ကိုဗစ်၁၉ရောဂါ တိုက်ဖျက်ရေးအတွက်ပါ အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် ကူညီဖို့ ကြိုးစားနေခြင်း ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်ဟု သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက ပြောပါသည်။ဒီအကူအညီ တွေဟာ မြန်မာ့ကျန်းမာရေးလုပ်ငန်းအတွက် ကျွန်တော်တို့ရဲ့ သမဏိရှည်ကြာတဲ့ ကတိကဝတ်ပေါ်မှာ အခြေတည်တာ ဖြစ်ပါတယ်ဟု ထပ်လောင်းပြောကြားပါသည်။

ဤ ကာကွယ်ရေးပစ္စည်းများသည် အမေရိကန်ပြည်သူများ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၁၈.၅ သန်းကို ကျော်လွန်သွားပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ကိုဗစ်၁၉ရောဂါ တုံ့ပြန်မှုအတွက် အမေရိကန်အစိုးရ၏ ထောက်ပံ့မှုအချို့မှာ

  • မတ်လ ရက်တွင် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီမှတစ်ဆင့် ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီးထံသို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃၁,၅၀၀၊ မျက်နှာအကာ ,၅၀၀၊ နှာခေါင်းစည်းများ၊ ဝတ်ရုံများ၊ ဖိနပ်ဖုံးများနှင့် မျက်ကာမျက်မှန် ,၀၀၀ တို့ကို ပေးအပ်ခဲ့ပါသည်။
  • နိုင်ငံစုံ အလှူရှင်အဖွဲ့ Access to Health ရန်ပုံငွေအဖွဲ့မှတစ်ဆင့် ကျန်းမာ‌ရေးဌာနများနှင့် ကန့်သတ် စောင့်ကြည့်သည့်နေရာပေါင်း ၃၅၀ ရှိ လူပေါင်း ၁၃၅,၀၀၀ ကျော်ကို ရပ်ရွာလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုမှု အစီအစဉ်ကတစ်ဆင့် စောင့်ကြပ်ကြည့်ရှုပေးနိုင်ခဲ့ပါသည်။
  • မတ်လဆန်းက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက အကူအညီ ပေးမှုနှင့်အတူ မြန်မာနိုင်ငံ၏ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ပထမဆုံး နမူနာ ,၀၀၀ ကို စစ်ဆေးနိုင်ခဲ့ပြီး ကိုဗစ်၁၉ မသင်္ကာသူများကို ခြေရာခံ အတည်ပြုနိုင်ခဲ့ပါသည်။
  • အမေရိကန် ပြည်ထောင်စုက အမေရိကန်ထိုင်း ပူးပေါင်းအဖွဲ့ဖြစ်သည့် Armed Forces Research Institute of Medical Science (AFRIMS) နှင့် တခြားအလှူရှင်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရောဂါစစ်ဆေးစမ်းသပ်သော ကိရိယာများနှင့် အထောက်အကူပြု ပစ္စည်းများအား အကူအညီအဖြစ် ပေးအပ်ခဲ့ပါသည်။

ယနေ့ လှူဒါန်းသော ကျန်းမာရေး တစ်ကိုယ်ရေသုံး ကာကွယ်ရေး ပစ္စည်းများအား ကာကွယ်ရေးဌာန၏ ပင်လယ်ရပ်ခြား လူသားချင်း စာနာမှု၊ ဘေးအန္တရာယ်နှင့် အရပ်ဘက်ဆိုင်ရာ အကူအညီပေးရေး သီးသန့်ရန်ပုံငွေ (Overseas Humanitarian, Disaster, and Civic Aid Appropriations: OHDACA) မှ ကူညီပေးခြင်း ဖြစ်ပါသည်။ ယခုလို လှူဒါန်းမှုသည် ကျန်းမာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေးနေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

အမေရိကန် အစိုးရ၏ အကူအညီပေးမှု အချက်အလက်များနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက အင်္ဂလိပ် ဘာသာဖြင့် https://go.usa.gov/xfk79 မြန်မာဘာသာဖြင့်  https://go.usa.gov/xfk7P တွင် ဖတ်ရှုနိုင်ပါသည်။

အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ (USAID) နှင့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်‌ရေး ဌာန (CDC) တို့၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်၁၉ရောဂါ တုန့်ပြန်မှုနှင့် ပတ်သက်သော အချက်အလက်များကို https://www.usaid.gov/coronavirus-covid-19 နှင့်

https://www.cdc.gov/coronavirus/2019-ncov/global-covid-19/global-response.html တို့တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

### ပြီး ###