သံအမတ်ကြီးဗိုက်ဒါနှင့် မြန်မာနိုင်ငံ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဖုန်းဖြင့်စကားပြောကြားခြင်

မတ် ၅၊ ၂၀၂၁

သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါသည် မြန်မာနိုင်ငံ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် မတ်လ ၅ ရက်ကဖုန်းဆက်စကားပြောခဲ့ပြီး လူပေါင်း ၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည့် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နေမှုအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များအပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်၊ ဆက်သွယ်ရေးစနစ်ဖြတ်တောက်နေမှုရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို ပြန်လည်အသက်သွင်းရန် တောင်းဆိုခဲ့ပါသည်။ တပ်မတော်၏လုပ်ဆောင်နေမှုကို ပြည်တွင်းနေရာအနှံ့အပြားမှ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်နေမှုအပြင် အာဏာသိမ်းမှုကြောင့်ကြုံတွေ့ရမည့် စီးပွားရေးထိခိုက်မှုနှင့် နိုင်ငံတကာ၏ဖယ်ကြဉ်မှုအရေးနှင့်ပတ်သက်၍လည်း အထူးအလေးပေးပြောကြားခဲ့ပါသည်။ တပ်မတော်အနေဖြင့် လက်ရှိသွာနေသည့်လမ်းကြောင်းကို နောက်ပြန်လှည်ရန်လည်း သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့ပါသည်။