USAID ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက ငါးမွေးမြူသူများအတွက် ရွှေငါး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို စတင်မိတ်ဆက်

Great Seal of the United States

USAID ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက ငါးမွေးမြူသူများအတွက် ရွှေငါး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို စတင်မိတ်ဆက်

ချက်ချင်းထုတ်ပြန်ရန် USAID ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက ငါးမွေးမြူသူများအတွက် ရွှေငါး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို စတင်မိတ်ဆက်   ရန်ကုန်၊ အောက်တိုဘာ ၁၃။ ။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြား‌ရေးမှူး မစ္စအလဲဂရပ်ဘ်စ်သည် ငါးမွေးမြူရေး လုပ်ကိုင်သူများအတွက် အသစ်ရေးဆွဲထားသော ရွှေငါး မိုဘိုင်းဖုန်း အက်ပလီကေးရှင်း (အက်ပ်)ကို အွန်လိုင်းဆွေးနွေးပွဲမှတဆင့် မိတ်ဆက်လိုက်သည်။ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ နိုင်ငံတကာဆက်ဆံရေးနှင့် စီမံကိန်း ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်နှင့် WorldFish အဖွဲ့မှကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။  ရွှေငါးအက်ပလီကေးရှင်းသည် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့်မိသားစုများကို ငါးများသိုလှောင်နည်း၊ အချိုးကျ အစာရောစပ်ပုံနှင့် အစာကျွေးနည်း၊ ငါးကျန်းမာရေးတို့နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ၊ ငါးမွေးမြူရေးနည်းပညာများအပြင် အာဟာရ၊ ရေနှင့်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး …

Great Seal of the United States

USAID ဌာနေညွှန်ကြားရေးမှူး အလဲဂရပ်ဘ်စ် ငါးမွေးမြူသူများအတွက် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ ရွှေငါးအက်ပ် မိတ်ဆက်ပွဲမှ မှတ်ချက်စကား

USAID ဌာနေညွှန်ကြားရေးမှူး အလဲဂရပ်ဘ်စ် ငါးမွေးမြူသူများအတွက် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ ရွှေငါးအက်ပ် မိတ်ဆက်ပွဲမှ မှတ်ချက်စကား မွန်းတည့် ၁၂ နာရီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၀ ခုနှစ် [ပြင်ဆင်ထားသောမှတ်ချက်စကား] မင်္ဂလာပါ … ဒီနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့အတွက်‌ ကျေးဇူးတင်ပါတယ်။ ဒီနေ့ကတော့ ရွှေငါး လို့နာမည်ပေးထားတဲ့ mobile application ကိုမိတ်ဆက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ရွှေငါး mobile application ဟာမြန်မာနိုင်ငံမှ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူတွေ အထွက်တိုးစေရန်နှင့် စျေးကွက်အသစ်များချိတ်ဆက်ပြီး ဝင်‌ငွေတိုးပွားလာစေရန်အတွက် အထောက်ကူပြုပေးမှာဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းပညာသုံးထားတဲ့ ရွှေငါး app ဟာ မြန်မာပြည်သူတွေကို ဝင်ငွေတိုးပွားစေရန်သာမက ကိုဗစ်–၁၉ ကဲ့သို့သော စီးပွားရေးရပ်ဝန်းအ‌ပေါ် ရုတ်တရက်ရိုက်ခတ်လာတတ်တဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလဲ အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ ရွှေငါး mobile …

CDA Cardno Gives Virtual Remarks at the at the launch of the Myanmar Intellectual Property Office

မြန်မာနိုင်ငံ ဉာဏပစ္စည်းမူပိုင်ခွင့်ရုံးဖွင့်ပွဲတွင် ပြောကြားသည့် သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နို၏ အမှာစကား (ပြင်ဆင်ထားသည့်အတိုင်း)

မြန်မာနိုင်ငံ ဉာဏပစ္စည်းမူပိုင်ခွင့်ရုံးဖွင့်ပွဲတွင် ပြောကြားသည့် သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နို၏ အမှာစကား (ပြင်ဆင်ထားသည့်အတိုင်း) နံနက် ၁၀ နာရီ၊ အောက်တိုဘာလ ၁ ရက်၊ ၂၀၂၀ ဂုဏ်သရေရှိ ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ တကွ မြန်မာနိုင်ငံ အစိုးရ ကိုယ်စားလှယ်တော်များ၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ ကိုယ်စားလှယ်တွေ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနဲ့ ဂျပန်နိုင်ငံမူပိုင်ခွင့်ရုံးက မစ္စတာ နိုရီဂျီဆာကာကူယာနဲ့ မစ္စတာဆုစူမူ အီဝါဆာကီ၊ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းမှ အသင်းအဖွဲ့များနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး၊ အမျိုးသား လူကြီးမင်းများ အားလုံးအား ဒီကနေ့ပွဲကို တက်ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဉာဏပစ္စည်းမူပိုင်ခွင့်ကို ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုတွေ ပိုရှိအောင် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းချက်တွေကို …

Great Seal of the United States

အမေရိကန်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု

အချက်အလက်များ ပြောခွင့်ရပုဂ္ဂိုလ်ရုံး စက်တင်ဘာ ၉၊ ၂၀၂၀ အမေရိကန်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက ဂုဏ်ယူစွာဆင်နွှဲလိုက်ပါသည်။ ဤမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းမှုသည် အမေရိကန် အင်ဒို-ပစိဖိတ် မဟာဗျူဟာနှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံအမြင်တို့တွင် ဖော်ပြထားသည် အာဆီယံ ဗဟိုပြုမှု၊ အချုပ်အခြာအာဏာ၊ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်သော အစိုးရ၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ စည်းမျဉ်းအခြေခံမူဘောင်များ၊ ပွင့်လင်းမှုတို့အပါအဝင် တူညီသော အခြေခံမူများအပေါ် တည်ဆောက်ထားပါသည်။ အနာဂတ် ပြည်သူ့ကျန်းမာရေးစနစ်များ အားကောင်းလာစေရေး အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးထောက်ပံ့ကူညီမှုတွင် ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး ယင်းအကူအညီများထဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ လက်ရှိကြုံတွေ့နေရသော COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရ၏ ဒေါ်လာ ၈၇ သန်းကျော် အကူအညီပေးမှုလည်းအပါအဝင် ဖြစ်သည်။ လက်ရှိ …

Great Seal of the United States

Remarks as prepared for U.S. Ambassador Scot Marciel Lincoln Scholarship launch

Remarks as prepared for U.S. Ambassador Scot Marciel Lincoln Scholarship launch Tuesday, November 26, 2019 Pathein Ballroom, Novotel Hotel, Yangon.  အမေရိကန် သံအမတ်မှ အဖွင့်အမှာစကား ကျွန်တော် မြန်မာနိုင်ငံမှာ နေလာတဲ့ သုံးနှစ်ခွဲအတွင်းမှာ နိုင်ငံအနှံ့မှာရှိတဲ့ အားတက်စရာထူးချွန်တဲ့သူ ရာပေါင်းများစွာကို ဆုံတွေ့ခဲ့ရပါသည်။ တစ်‌ယာက်ချင်းစီက ၎င်းတို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက်ပိုမို ကောင်းမွန်တဲ့ အနာဂတ်ကို ထူထောင်နိုင်ရန် အားသွန်ခွန်စိုက်ကျိုးပမ်းလျက်ရှိပါသည်။ ဒီမှာရှိတဲ့ လူငယ်ခေါင်းဆောင် များကလည်း မြန်မာနိုင်ငံနှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်စေရေး နည်းလမ်းများရှာဖွေကြံဆရန် တီထွင်ဆန်းသစ်လျက်ရှိပြီး သံဓိဌါန် ချထားကြပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံအောင်မြင်တာကို မြင်လိုပါသည်။ ဒါကြောင့် ဒီနေ့မှာ …

Great Seal of the United States

အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားပြီး မဟာဘွဲ့များရရှိနိုင်မည့် Lincoln Scholarship နှင့်ပတ်သက်၍ သံအမတ်ကြီးက ထုတ်ပြန်ကြေငြာခြင်း

FOR IMMEDIATE RELEASE November 26, 2019 အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားပြီး မဟာဘွဲ့များရရှိနိုင်မည့်  Lincoln Scholarship နှင့်ပတ်သက်၍ သံအမတ်ကြီးက ထုတ်ပြန်ကြေငြာခြင်း ရန်ကုန်မြို့ – အမေရိကန်သံအမတ်ကြီး Mr. Scot Marciel က မြန်မာနိုင်ငံတစ်၀ှမ်းမှ လူငယ်ခေါင်းဆောင် ၁၀၀ နီးပါးတို့ Lincoln Scholarship ဖြင့် အမေရိကန်တက္ကသိုလ်များတွင် အရည်အသွေးမြင့်မဟာဘွဲ့များရယူနိုင်မည်ဟု အမေရိကန် သံအမတ် Mr. Scot Marciel က ထုတ်ပြန်‌‌ကြေငြာခဲ့ပါသည်။ သံအမတ်ကြီး Mr.Scot Marciel က “ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အောင်မြင်သည်ကို မြင်လိုပါသည်။ ထို့ကြောင့် မိမိတို့က ဤနိုင်ငံအနှံမှ လူငယ်ခေါင်းဆောင်များကို Lincoln Scholarship အစီအစဉ်အသစ်ဖြင့် ပံ့ပိုးပေးနေခြင်းဖြစ်ပါသည်။ ဤ …

Great Seal of the United States

စိုက်ပျိုးရေးဝင်ငွေနှင့်အစာအာဟာရကဏ္ဍတိုးတက်ရေးအတွက် အမေရိကန်နှင့်မြန်မာတက္ကသိုလ်မှ ကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်ခြင်း

ချက်ချင်းထုတ်ပြန်ရန် စက်တင်ဘာ ၆၊ ၂၀၁၉ စိုက်ပျိုးရေးဝင်ငွေနှင့်အစာအာဟာရကဏ္ဍတိုးတက်ရေးအတွက် အမေရိကန်နှင့်မြန်မာတက္ကသိုလ်မှ ကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်ခြင်း နေပြည်တော်။ ။ အမေရိကန်အစိုးရအစီအစဉ်တစ်ခုသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေးကဏ္ဍအတွင်း ဆက်လက်၍ ပြောင်းလဲဖော်ဆောင်လျက်ရှိသော ပိုမိုတိုးတက်ကောင်းမွန်လာသည့် သိရှိနားလည်မှုများကတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများနှင့် ၎င်းတို့၏မိသားစုဝင်များကို အကူအညီပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ၇၀ ရာခိုင် နှုန်းသော အိမ်ထောင်စုများသည် စိုက်ပျိုးထုတ်လုပ်ရေးက တစ်ဆင့်သော်လည်းကောင်း သို့မဟုတ် လုပ်အားခများက တစ်ဆင့်သော်လည်းကောင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစာအာဟာရအဖြစ်ရော ဝင်ငွေအရင်းအမြစ် တစ်ခုအနေဖြင့်ပါ မှီခိုအားထားနေရပါသည်။ ကျေးလက်ဒေသစီးပွားရေးကဏ္ဍ မည်သို့ ပြောင်းလဲနေသည့်အကြောင်း သိရှိနားလည်ခြင်းသည် စိုက်ပျိုးမွေးမြူရေးအလုပ် လုပ်ကိုင်ကြသော အိမ်ထောင်စုများ အတွက် အစာအာဟာရနှင့် အသက်မွေးဝမ်းကျောင်းမှု တိုးတက်ကောင်းမွန်ရေးအတွက် ပိုမိုကောင်းမွန်သော မူဝါဒများနှင့် အစီအမံများ ချမှတ်ဖော်ဆောင်ရာတွင် မြန်မာအစိုးရအတွက် အထောက်အကူဖြစ်စေပါသည်။ သာဓကအနေဖြင့် …

Great Seal of the United States

ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူနှင့် ကိုဇော်ဂျတ်တို့ကိုပြစ်ဒဏ်ချခြင်းနှင့်စပ်လျဉ်းသောကြေညာချက် ၂၀၁၈၊ ဒီဇင်ဘာ ၉

ယမန်နေ့ကမြစ်ကြီးနားတွင် ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူနှင့် ကိုဇော်ဂျတ်တို့ကို အသရေဖျက်မှုဖြင့် ထောင်ဒဏ် ခြောက်လ နှင့် ဒဏ်ငွေ ချမှတ်လိုက်သည့်အတွက် မိမိတို့ များစွာ စိတ်မကောင်းဖြစ်မိပါသည်။ ယင်းအရပ်ဘက်အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူများသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာအဖြေရှာရေးနှင့် တိုက်ပွဲများအဆုံးသတ်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ကြပြီး ပဋိပက္ခကြောင့်ဒုက္ခရောက်နေကြသူများအတွက်လူသားချင်းစာနာမှုအကူအညီများရရှိရေးမြှင့်တင်ဆောင်ရွက်နေကြသူများလည်းဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တစ်ခုတွင် ဤသို့သောလှုပ်ရှားမှုမျိုးသည် ချီးမွမ်းထိုက်သော လုပ်ရပ်ဖြစ်ပြီး တရားစွဲရန်မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကို ပြန်လည်းစဉ်းစားသုံးသပ်ရန် တာဝန်ရှိသူများကို မိမိတို့ တိုက်တွန်းပါသည်။


မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်နေကြသော အမျိုးသမီးများ (Women of Change) ကို အမေရိကန်သံရုံးက ဂုဏ်ပြုချီးမြှင့်ခြင်း

မတ် ၂၂၊ ၂၀၁၈။ ရန်ကုန်၊ မြန်မာ — အမေရိကန်သံရုံးက နှစ်စဉ်ချီးမြှင့်သော Women of Change ဆုရရှိသူ သုံးဦးကို သံအမတ်ကြီးမာစီရယ်လ်က ယနေ့ ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေး ပိုမိုတိုးတက်စေရေးနှင့် ဤနိုင်ငံအတွင်းရှိ လူနေမှုဘဝများအတွင်းက အမျိုးသမီးတ့၏ို အခန်းကဏ္ဍအပေါ်ထားရှိသည့် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ထင်ဟပ်စေသော အမျိုးသမီးများကို ဤဆုဖြင့် အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ “ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ လူ့အခွင့်အရေး ပိုမိုတိုးတက်စေဖို့အတွက် ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို အားပေးကူညီဖို့အတွက် အမေရိကန်ပြည်ထောင်စု သန္နိဋ္ဌာန်ချထားပါတယ်။ ဒီ Women of Change Award ဆု ပေးအပ်တယ်ဆိုတာ မြန်မာနိုင်ငံက အမျိုးသမီးတော်တော်များများ ဆောင်ရွက်နေကြတာတွေထဲကမှ ထူးထူးခြားခြား ဆောင်ရွက်တာတေကွို အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” …