မြန်မာနှစ်သစ်ကူး – အတာသင်္ကြန်ပွဲတော်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး

ချက်ချင်းထုတ်ပြန်ရန်
ဧပြီ ၁၃၊ ၂၀၂၀

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တဂပ်(စ်) ၏ ဆုတောင်းသဝဏ်လွှာထုတ်ပြန်ချက်

မြန်မာနှစ်သစ်ကူး – အတာသင်္ကြန်ပွဲတော်


မြန်မာပြည်သူများ မင်္ဂလာရှိသော အတာသင်္ကြန်၊ နှစ်သစ်ကူးအချိန်အခါသမယ ဖြစ်ကြပါစေကြောင်း အမေရိကန်ပြည်ထောင်စု အစိုးရကိုယ်စား မိမိ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ခိုင်မာအားကောင်းသောဒီမိုကရေစီတစ်ရပ်တည်‌ဆောက်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့်အပြန့်ကျယ်သောဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့်သာယာဝပြောမှုဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြသော မြန်မာပြည်သူများနှင့်အတူ ဆယ်စုနှစ်များစွာ မိတ်ဖက်အဖြစ်လက်တွဲလာခဲ့ပါသည်။ ယခုကဲ့သို့သော နှစ်သစ်အချိန်အခါသမယ၊ အထူးသဖြင့် မိမိတို့နှစ်နိုင်ငံလုံးရော အခြားနိုင်ငံများပါ ကိုဗစ်-၁၉ ကပ်ရောဂါရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်အခါတွင် အတူတကွလက်တွဲဆောင်ရွက်သွားမည့် မိမိတို့၏သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပါသည်။

မြန်မာပြည်သူအားလုံး လာမည့်နှစ်သစ်အတွင်း ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း မိမိတို့ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

 

###