နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် အာ ပွန်ပဲယိုး ပေးပို့သောလွတ်လပ်ရေးနေ့ သဝဏ်လွှာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
ဇန်နဝါရီ ၄၊ ၂၀၂၁
နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် အာ ပွန်ပဲယိုး ပေးပို့သောလွတ်လပ်ရေးနေ့ သဝဏ်လွှာ

မြန်မာနိုင်ငံလွတ်လပ်ရေးနေ့

 

ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့ အခါသမယအတွက် မြန်မာပြည်သူများထံသို့ အမေရိကန်အစိုးရနှင့် အမေရိကန်ပြည်သူများကိုယ်စား လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပို့သအပ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးအသွင်ကူးပြောင်းရေးတို့ကို ထောက်ခံအားပေးရန်အတွက် မြန်မာပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါသည်။
မြန်မာနိုင်ငံအတွင်း ပိုမိုငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် လွတ်လပ်မှုတို့ကိုဖော်ဆောင်ရာတွင် အောင်မြင်မှုရရှိရေးအတွက်အကူအညီပေးရန်အလို့ငှာ အဆွေတော်တို့၏အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ လူငယ်များနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေကြောင်း မိမိဆုတောင်းမေတ္တာပို့သအပ်ပါသည်။
###