မီဒီယာများသို့အသိပေးချက်
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
စက်တင်ဘာ ၂၇၊ ၂၀၁၉
လက်ထောက်နိုင်ခြားရေးဝန်ကြီး မရီးရွိုက်စ် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသို့သွားရောက်ခြင်း
ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မရီးရွိုက်စ်သည် ၂၀၁၉ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစီအစဉ် (ဝိုင်ဆီးလီ) ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန်၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး သံအမတ်ကြီးများရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုသို့ သွားရောက် လေ့လာရန်နှင့် ရန်ကုန်အမေရိကန်စင်တာ၌ကျင်းပမည့် အခမ်းအနားတစ်ခုကို တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၇ မှ အောက်တိုဘာ ၄ ရက်အထိ ထိုင်းနိုင်ံနှင့် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ အခမ်းအနားတက်ရောက်သူများ၊ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ စီးပွားရေးထိပ်သီးပုဂ္ဂိုလ်များ၊ သံတမန်များနှင့်တွေ့ဆုံ၍ မိမိတို့၏ ဒေသတွင်း အဓွန့်ရှည်တည်တံ့သော မိတ်ဖက်လက်တွဲမှုအကြောင်းကို မီးမောင်းထိုးပြသွားမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရွိုက်စ်သည် ၂၀၁၉ ဝိုင်ဆီးလီ ထိပ်သီး အစည်းအဝေးကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါမည်။ လက်ထောက်ဝန်ကြီးသည် လွန်ခဲ့သော ၇၅ နှစ်တစ်လျှောက် ဒေသတွင်း မိမိတို့၏ တစ်စိုက်မတ်မတ်ဆောင်ရွက်လာသည့် အကြောင်းအရာများကို အမှတ်တရ ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံ ၇၅ ပုံပါရှိသော Common Tides Exhibition ပြပွဲ ဖဲကြိုးဖြတ် ဖွင့်လှစ်သည့် အခမ်းအနားကို သဘာပတိပြုလုပ်မည်ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး သံအမတ်ကြီးများ ရန်ပုံငွေ အစီအစဉ်၏ ပညာရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းမိုင်တက္ကသိုလ်၏ ဥက္ကဋ္ဌ ကိုလည်း တွေဆုံနှုတ်ဆက်သွားမည်ဖြစ်ပါသည်။ သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ဆောင်ရွက်နေကြသော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပညာတော်သင်ဟောင်းများနှင့် နေ့လယ်စာ စားပွဲတစ်ခုကိုလည်း တက်ရောက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရွိုက်စ်သည် ရန်ကုန်အမေရိကန်စင်တာသို့ သွားရောက်မည်ဖြစ်သည်။ ရန်ကုန်အမေရိကန်စင်တာနှင့် မန္တလေးဂျက်ဖာဆန်စင်တာတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်းရွေးကောက်ပွဲများနှင့် ဒီမိုကရေစီ၏အရေးပါပုံအကြောင်းဆွေးနွေးဟောပြောမည့် အခမ်းအနားတစ်ခုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်ဖြစ်ပါသည်။ အခမ်းအနား တက်ရောက်မည့် ဧည့်သည်တော်များတွင် အရပ်ဖက်အအဖွဲ့အစည်းများတွင် လူသိများသော ပုဂ္ဂိုလ်များ၊ ဝိုင်ဆီးလီ၊ အိုင်ပေ့စ်၊ နိုင်ငံရေးပါတီများမှ လူငယ်အဖွဲ့ဝင်များ၊ သံအမတ်ကြီး၏ လူငယ်ကောင်စီ အဖွဲ့ဝင်များ၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ၏ စီမံကိန်းများကို လက်တွဲဖော်ဆောင်နေသူများ ပါဝင်ကြမည် ဖြစ်ပါသည်။ ရန်ကုန်အမေရိကန်စင်တာတွင် ကျင်းပမည့်အခမ်းအနားတစ်ခုတွင် ပညာတော်သင်ဟောင်းများ နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပါသည်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရွိုက်စ်၏ ခရီးစဉ်ကို ဝိုင်ဆီးလီ အဖွဲ့သားများနှင့် ရန်ကုန်အမေရိကန်စင်တာ အသင်းဝင်များပူးပေါင်းကျင်းပသော ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတစ်ခုကို တက်ရောက်ခြင်းဖြင့်အဆုံးမည်ဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက ECA-Press@state.gov သို့အီးမေးလ်ပို့၍ဆက်သွယ်နိုင်ပါသည်။ တွစ်တာအကောင့် @ECA_AS နှင့် ဖေ့စ်ဘွတ်ခ်နှင်ါတွစ်တာအကောင့်ဖြစ်သော @yseali ကိုလည်း follow လုပ်ထားနိုင်ပါသည်။
### ပြီး ###