မဲခေါင်ဒေသ၌အမေရိကန်ထိတွေ့ဆက်ဆံမှုတိုးချဲ့ရန် မဲခေါင်-အမေရိကန် မိတ်ဖက်ပူးပေါင်းမှုစတင်ခြင်း

မဲခေါင်ဒေသ၌အမေရိကန်ထိတွေ့ဆက်ဆံမှုတိုးချဲ့ရန် မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှုစတင်ခြင်း

 

အချက်အလက်များ
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
စက်တင်ဘာ ၁၄၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စု၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စက်တင်ဘာလ ၁၁ ရက်တွင် မဲခေါင်အမေရိကန်မိတ်ဖက်ပူးပေါင်းမှုကိုစတင်လိုက်ခြင်းဖြင့်၎င်းတို့၏ကာလရှည်ကြာဆက်ဆံရေးကိုထပ်လောင်းအတည်ပြုခဲ့ကြပါသည်။အမေရိကန်ပြည်ထောင်စုသည်မဲခေါင်ဒေသမိတ်ဖက်နိုင်ငံများ၏ကိုယ်ပိုင်လွတ်လပ်မှု၊စီးပွားရေးအမှီအခိုကင်းမှု၊ကောင်းမွန်သောအုပ်ချုပ်မှု၊ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုစသည့်စံတန်ဖိုးများကိုလက်ကိုင်စွဲထားခြင်းသည်အာဆီယံစည်းလုံးညီညွတ်ရေးနှင့်ထိရောက်အစွမ်းထက်ရေးတို့အတွက်လည်းအရေးကြီးသည့်အကြောင်းအလေးထားမှတ်သားကာအဆိုပါစံတန်ဖိုးတို့ကိုတိုးမြှင့်နိုင်ဆောင်ရွက်နိုင်ရေးအစီအစဉ်များကိုအမေရိကန်ကွန်ဂရက်နှင့်ပူးပေါင်းဆောင်ရွက်၍ကြေညာခဲ့ပါသည်။

အမေရိကန် ထိတွေ့ဆက်ဆံမှုတိုးချဲ့ခြင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (ယူအက်စ်အေ့ဒ်) တို့ သည် ၂၀၀၉ မှ ၂၀၂၀ အတွင်း မဲခေါင်အောက်ပိုင်းဒေသဖွံ့ဖြိုရေး အစီအစဉ်တစ်လျှောက် ဒေါ်လာ ၃.၅ ဘီလီယံနီးပါးအား မဲခေါင် မိတ်ဖက် နိုင်ငံ ငါးနိုင်ငံအတွက် ကူညီထောက်ပံ့ခဲ့ပါသည်။ ယင်းအကူအညီ ပေးမှုများတွင်

ကျန်းမာရေး အစီအစဉ်များအတွက် ဒေါ်လာ ၁.၂ ဘီလီယံ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာ ၇၃၄ သန်း

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဒေါ်လာ ၆၁၆ သန်း

လူ့အခွင့်အရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် ဒေါ်လာ ၅၂၇ သန်း

ပညာရေးနှင့် လူမှုရေးဝန်ဆောင်မှုများအတွက် ဒေါ်လာ ၁၇၅ သန်း နှင့်

လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ဒေါ်လာ ၁၆၅ သန်း တို့ပါဝင်သည်။

မဲခေါင်အောက်ပိုင်းဖွံ့ဖြိုးရေးအစီအစဉ်၏ အောင်မြင်မှုများကို ထပ်လောင်း၍ မဲခေါင် မိတ်ဖက် ငါးနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့သည် မဲခေါင်အမေရိကန် မိတ်ဖက်ဆက်ဆံရေးကို ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ မဟာဗျူရာ ဖိုရမ်တစ်ခုအဖြစ် စတင်လိုက်ပါသည်။ အဆိုပါ ပူးပေါင်းမှုသည် စီးပွားရေး ချိတ်ဆက်ရေး၊ စွမ်းအင်လုံခြုံရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ နယ်စပ်ဖြတ်ကျော်ရေးနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍများ အပါအဝင် လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ရုံသာမက ကဏ္ဍအသီးသီး၌လည်း တိုးချဲ့ဆောင် ရွက်သွားမည် ဖြစ်သည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများတွင် ကျန်းမာရေး လုံခြုံမှု စွမ်းရည်မြှင့်တင်ခြင်း၊ ကမ္ဘာ့ကပ်ဘေး တုံ့ပြန်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်း၊ ဆိုင်ဘာလုံခြုံရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုများ တိုက်ဖျက်ရေးစသည့် အသစ် ဖြစ်ပေါ်တိုးတက်လာနေသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာ၌ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင် သည်။

မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှုသည် သာတူညီမျှမှု၊ ကောင်းမွန်သော အစိုးရ၊ ပွင့်လင်းမှု၊ ပွင့်လင်း မြင်သာမှု၊ စီးပွားရေးဖွံဖြိုးမှု၊ အချုပ်အခြာအာဏာပိုင်မှုတို့အပါအဝင် အမေရိကန် အင်ဒိုပစိဖိတ် မဟာဗျူဟာနှင့် အင်ဒိုပစိဖိတ် ဆိုင်ရာ အာဆီယံ မျှော်မှန်းချက်တွင် ဖော်ပြထားချက်များနှင့်အညီ လေးစားစံတန်ဖိုးထားမှုများဖြင့် ထိန်းကျောင်းလမ်းညွှန်ထားခြင်းဖြစ်သည်။ ဤမိတ်ဖက်ပူးပေါင်းမှုသည် အထက်ပါ တန်ဖိုးများနှင့်အညီ ဧရာဝတီကျောက်ဖယားမဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS)၊ အာဆီယံအဖွဲ့၊ မဲခေါင်မြစ် ကော်မရှင်၊ အခြား မဲခေါင် ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအမံများကို ထပ်မံ ဖြည့်စွက် ဆောင်ရွက်သွားမည့် အစီ အစဉ်တစ်ခု ဖြစ်ပါသည်။

မိတ်ဖက်ပူးပေါင်းမှုတွင် အမေရိကန်ပြည်ထောင်စု၏ အဆင့်မြှင့်တင်နေမှုများ

မဲခေါင်ဒေသနိုင်ငံများ၏ ကိုဗစ်၁၉ တိုက်ဖျက်ရေးအတွက် အရေးပေါ် ကျန်းမာရေး၊ လူသားချင်း စာနာထောက်ထားမှု၊ စီးပွားရေးနှင့် ဖွံ့ဖြိုးမှု အကူအညီများကို ယနေ့အထိ ဒေါ်လာ ၅၂ သန်းကျော် ပေးအပ်ခြင်း။

အရှေ့တောင်အာရှဒေသတွင်း စွမ်းအင်ကုန်သွယ်မှု၊ ငွေပင်ငွေရင်း ရနိုင်မှုနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်း ပါဝင်မှုများ တိုးတက်စေရန်အတွက် ခေတ်မီ၍ အချိတ်အဆက်မိသော စိတ်ချရသည့် စွမ်းအင်စနစ်များ ထောက်ပံ့ကူညီပေးရေးအတွက် Asia Enhancing Development and Growth through Energy (EDGE) အစီအစဉ်ဖြင့် ရန်ပုံငွေ ဒေါ်လာ ၃၃ သန်း ပေးအပ်ခြင်း။

ဒေသတွင်း နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရာ၌ ဒေသ၏ ဥပဒေစိုးမိုးရေးနှင့် တရား စီရင်ရေးကဏ္ဍ စွမ်းရည်အားကောင်းစေရေး သြစတြေးလျနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဒေါ်လာ ၅၅ သန်း ထည့်ဝင်ရန် စီစဉ်နေခြင်း။ ယင်းအစီအစဉ်တွင် နယ်စပ်လုံခြုံရေး မြှင့်တင်ခြင်း၊ တရားမဝင် ကုန်စည် အထူးသဖြင့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင်အသုံးပြုသောဓာတုပစ္စည်းများကို တရားမဝင်ကုန်ကူးမှု အဓိကလမ်းကြောင်းမှတစ်ဆင့် စီးဆင်းနေမှုကို တားဆီးနှိမ်နှင်းခြင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲခြင်းနှင့် ငွေကြေးခဝါချမှု၊ ယင်းနှင့် ဆက်နွယ်သော ငွေကြေးမှုခင်းများကို စုံစမ်းဖော် ထုတ် အရေးယူခြင်းတို့ ပါဝင်သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နောက်ထပ် ဒေါ်လာ နှစ်သန်း ထည့်ဝင်မည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအားကဏ္ဍ အစီအစဉ်တွင် မဲခေါင်ဒေသ၌ စွမ်းအင် အခြေခံ အဆောက်အအုံနှင့် ဈေးကွက်များ တိုးတက်စေရေး ဒေါ်လာ ၆.၆ သန်း စီမံချက်များ ရေးဆွဲ ထားခြင်း။

ပြည်တွင်း အသံများကို ထောက်ခံကူညီပြီး မတူကွဲပြားအမြင်များအပေါ် ၎င်းတို့ သုတေသန ပြု စူးစမ်းရှာဖွေနိုင်မည့် ပလက်ဖောင်းများ ဖန်တီးပေးရန်၊ အိန္ဒိယဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် အရှေ့အနောက် သယ်ယူပို့ဆောင်ရေးကဏ္ဍ ချိတ်ဆက်မှု ရှိစေရန်၊ အမျိုးသမီးများအား စီးပွားရေး လုပ်ပိုင်ခွင့် တိုးမြှင့်ပေးပြီး စင်္ကာပူနှင့် ဆောင်ရွက်နေသည့် တတိယနိုင်ငံ သင်တန်းအစီအစဉ်ကို ဆက်လက် ဆောင်ရွက်ရန်တို့၌ ကူညီရေး၊ ဒေသဆိုင်ရာ ကောင်းမွန်သော အုပ်ချုပ်ရေး ပွင့်လင်း မြင်သာမှု အားကောင်းစေရန် ဒေါ်လာ ၆ သန်း သုံးစွဲခြင်း။

ယင်းအစီအစဉ်များတွင် မဲခေါင်မြစ်ကော်မရှင် (MRC) နှင့် တူညီသည့် ရည်မှန်းချက်များကို ထောက်ပံ့ကူညီရေးအတွက် မဲခေါင်ဒေသ ရေ လုံခြုံရေး အားကောင်းစေရန် ဒေါ်လာ ၁.၈ သန်း ကူညီမှုလည်း ပါဝင်သည်။

ဒေသတွင်း ကြိုတင်ပြင်ဆင်နိုင်မှု၊ တုံ့ပြန်နိုင်မှုများ အားကောင်းစေရေးအတွက် သဘာဝ ဘေးအန္တရာယ်ကယ်ဆယ်ရေး လေ့ကျင့်မှု တိုးချဲ့ဆောင်ရွက်ရန် မဲခေါင်နိုင်ငံများ၊ အခြား မိတ်ဖက်နိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း

မူဝါဒ ချမှတ်သူများ၊ ဒေသခံ လူထုအသိုက်အဝန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပေါင်းစပ်ပါဝင် နိုင်ရေးအတွက် မဲခေါင်ဒေသ၏ ဖြစ်ထွန်းလာသော အခွင့်အလမ်းနှင့် စိန်ခေါ်မှုများဆိုင်ရာ မူဝါဒဆွေးနွေး ဖလှယ်ပွဲ အစီအစဉ်များကို ကူညီပံ့ပိုးခြင်း။

ဆောင်ရွက်ဆဲ အမေရိကန် ပူးပေါင်းပါဝင်မှုများ

ဒေသတွင်းရှိ ပြည်သူတို့၏ဘဝများအတွက် မြင်သာသော တိုးတက်မှုများ ဆောင်ရွက်ပေးရင်း မဲခေါင်ဒေသ နိုင်ငံများရှိ အစိုးရအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကြံ့ကြံ့ခံနိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် စွမ်းဆောင်ရည်ရှိမှုတို့အတွက် မိမိတို့ ဆက်လက် ကူညီသွားမည် ဖြစ်သည်။

အခြေခံအဆောက်အအုံနှင့် စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုများ

အရှေ့တောင်အာရှဒေသတွင် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ဘဏ္ဍာရေး ကော်ပို ရေးရှင်း (DFC) က ရင်းနှီးမြှုပ်နှံပြီးဖြစ်သော ဒေါ်လာ ၁ ဘီလီယံအပေါ်ထပ်မဲအားဖြည့်သည့်အနေဖြင့် ရှေ့လာမည့်နှစ် များအတွင်း  DFC သည် မဲခေါင်ဒေသ အခြေခံ အဆောက်အအုံပိုင်း၌ နောက်ထပ် ဒေါ်လာ ဘီလီယံ များစွာ ရင်းနှီးမြှုပ်နှံ ကူညီသွားရန် ရည်မှန်းထားသည်။ မဲခေါင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက လည်း ရေရှည်တည်တံ့ပြီး အရည်အသွေးမြင့်သော ပုဂ္ဂလိက ကဏ္ဍ ဦးဆောင်သည့် စီးပွားရေး ဖွံ့ဖြိုး မှုကို အကူအညီ ဖြစ်စေမည့် အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအား အဆင်ပြေချောမွေ့ စေအောင် သက်ဆိုင်ရာ စီးပွားရေးဝန်းကျင်များ တိုးတက်ရေး ဆောင်ရွက်ရန် ကတိကဝတ်ပြုထားကြပါသည်။

ဂျပန်အမေရိကန်မဲခေါင် လျှပ်စစ်ဓာတ်အား မိတ်ဖက်ပူးပေါင်းမှု (JUMPP) ကတစ်ဆင့် အမေရိကန် ပြည်ထောင်စုသည် မဲခေါင်ဒေသ အစိုးရများ၏ ဦးစားပေး အစီအစဉ်အရ နိုင်ငံအလိုက် နှင့် ဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အား ဈေးကွက်ဖွံ့ဖြိုးမှု အားကောင်းစေရေး နည်းပညာနှင့် အကြံ ဉာဏ်များ ကူညီပေးအပ်လျက် ရှိသည်။ အမေရိကန်၏ အကူအညီသည် JUMPP ပူးပေါင်းမှု၊ ယင်းနှင့် လိုက်ဖက်ညီသော ဧရာဝတီကျောက်ဖယားမဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS)နှင့် အာဆီယံ ဓာတ်အားကွန်ယက် အစီအစဉ်များကို အထောက်အကူဖြစ်စေရေး ဒေသ လျှပ်စစ် ကုန်သွယ်မှု တိုးချဲ့ရန် အရည်အသွေးမြင့်ပြီး  ပွင့်လင်းမြင်သာသော ဓာတ်အားကဏ္ဍ ရင်းနှီး မြှုပ်နှံမှုများကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

• JUMPP ပူးတွဲကြေညာချက်တစ်ခုတွင် အမေရိကန်နှင့် ဂျပန်တို့က မဲခေါင်ဒေသ စွမ်းအင် ကဏ္ဍ၏ ကောင်းမွန်သော အုပ်ချုပ်မှု အားကောင်းလာကာ မဲခေါင် လျှပ်စစ်ဓာတ်အားကဏ္ဍများ၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ လမ်းဖွင့်ပေးလျက် နယ်စပ်ဖြတ်ကျော် စွမ်းအင်ကုန်သွယ်မှုများ ကြီးထွားလာအောင် မဲခေါင်ဒေသနိုင်ငံများ၏ စွမ်းရည်မြှင့်တင်ရေးကို ဆောင်ရွက်ရန် ရည်ရွယ် ကြောင်း ကြေညာခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားကဏ္ဍ အစီအစဉ်သည် မဲခေါင်ဒေသနိုင်ငံများအား နာရီ ၁,၀၀၀ ကျော် လေ့ကျင့်သင်တန်းများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ မိမိတို့၏ ပံ့ပိုးမှုများက ဒေသ နိုင်ငံများအား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ပိုမိုသုံးစွဲရေး၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ကုန်သွယ်မှုမြှင့်တင်ရေး၊ လျှပ်စစ်မီတာခ တွက်ချက်မှု နည်းလမ်းများ တိုးတက်ရေး၊ စွမ်းအင် အလေအလွင့် နည်းသည့် စံနှုန်း သတ်မှတ်ချက်များ ထည့်သွင်းစဉ်းစားရေးတို့တွင် အကူအညီပေးအပ်နိုင်ခဲ့ပါသည်။  နည်းပညာ အကူအညီများက ဗီယက်နမ်နိုင်ငံအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော လျှပ်စစ်ဓာတ်အား ဈေးကွက် တည်ဆောက်ရေးစနစ်လည်ပတ်မောင်းနှင်မှု တိုးတက်ရေးတို့တွင် အထောက်အကူပြုခဲ့သလို စွမ်းအင် ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုတည်ထောင်ပြီး ဓာတ်အားပို့ဆောင်မှုတွင် တတိယအဖွဲ့ ဝင်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ထိုင်းနိုင်ငံ၏ လျှပ်စစ်ဌာနကို အကြံဉာဏ်များ ပေးနိုင်ခဲ့ပါသည်။

ရေဖူလုံရေးနှင့် နယ်စပ်ဖြတ်ကျော် မြစ် စီမံခန့်ခွဲမှု

မဲခေါင်ဒေသအောက်ပိုင်း မိတ်ဆွေများက တည်ထောင်သည့် ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံမိတ်ဖက်ပူးပေါင်းမှု Sustainable Infrastructure Partnership (SIP) သည် မြေအောက်ရေ စီမံမှု၊ အဝေးထိန်း တိုင်းတာမှု၊ စုစုပေါင်း ထိခိုက်နိုင်ချေ ဆန်းစစ်မှုနှင့် လူမှု စီးပွား သတင်းအချက်အလက် ဝေမျှမှုများ အပါအဝင် အသစ်ဖြစ်ထွန်းလာသော အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအတွက် စွမ်းရည်မြှင့်တင်ခြင်းများမှတစ်ဆင့် မဲခေါင်မြစ် သဘာဝအရင်းအမြစ်များဆိုင်ရာ ကောင်းမွန်သော အုပ်ချုပ်မှု၊ ပူးပေါင်း စီမံခန့်ခွဲမှုများကို အားကောင်းစေခဲ့ပါသည်။

• SIP ၏ မိတ်ဖက်ဖြစ်သော Eyes on Earth, Inc. က လေ့လာမှုတစ်ခု ဆောင်ရွက်ခဲ့ရာ ယင်း လေ့လာမှုအရ မြစ်ညာဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဆည်ရေလုပ်ငန်းများက မဲခေါင်မြစ်အတွင်း သဘာဝမြစ်ရေစီးဆင်းမှုကို ထိန်းချုပ်ခြယ်လှယ်လျက်ရှိကြောင်း ဖော်ထုတ်ခဲ့ရာ သတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လာကြပြီး နယ်စပ်ဖြတ်ကျော် မြစ်ရေ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှုများ ပိုမိုတိုးမြှင့်ကျင့်သုံးရေး တောင်းဆိုမှုများ အသစ်ပြန်လည် တိုးမြင့်လာစေခဲ့ သည်။

အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့ စုစုပေါင်း ၆၀ ကျော် ပါဝင်သော မဲခေါင်ရေအချက်အလက်စုဆောင်းမှဒအစီအစဉ် Mekong Water Data Initiative (MWDI) သည် ဒေတာ မျှဝေခြင်း၊ သိပ္ပံအခြေခံ ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့မှတစ်ဆင့် မဲခေါင်မြစ်၏ နယ်စပ်ဖြတ်ကျော် စီမံခန့်ခွဲမှု တိုးတက်ရေးကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

၂၀၁၉ ခုနှစ်တွင် ဝန်ကြီး ပွမ်ပဲယိုး သည် ရေနှင့်သက်ဆိုင်သော ဒေတာများ မျှဝေကာ ဆော့ဖ်ဝဲ ကိရိယာများ၊ ရင်းမြစ်များဆိုင်ရာ အချက်အလက်များ စုစည်းပေးထားသည့် MWDI MekongWater.org ပလက်ဖောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းဝဘ်ဆိုဒ်တွင် မြစ်ဝှမ်း မြေပုံ ရေးဆွဲခြင်းနှင့် ဇလဗေဒ၊ မိုးလေဝသ ခန့်မှန်းခြင်း၊ အိုးပန်းဆော့စ် ဒေတာ ဆန်းစစ်မှု ဆော့ဖ်ဝဲ ကိရိယာများ၊ ဂေဟစနစ်များနှင့် ပြည်သူပါဝင်သည့် သုတေသနသိပ္ပံပညာရပ် (Citizen Science) တို့အတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့ပေါင်း ၃၅ ခုကျော်ထံမှ ဆော့ဖ်ဝဲကိရိယာ ၆၅၀ ကျော် လွှင့်တင်ထားရှိပါသည်။

• NexView သည် မဲခေါင်မြစ်အတွက် သိပ္ပံအခြေခံ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး မဲခေါင်ဒေသမှ နိုင်ငံများနှင့် MRC တို့နှင့် မိတ်ဖက်ပြု၍ ဆောင်ရွက်လျက်ရှိသည်။ MRC ဒေတာများကို အရီဇိုးနား ပြည်နယ်တက္ကသိုလ်၏ Decision Theater ဖြင့် NexView က ပုံဖော်ပေးခြင်းအားဖြင့် မဲခေါင် လူထု အသိုက်အဝန်းများသည် ရေ၊ စွမ်းအင်၊ စားနပ်ရိက္ခာ ရင်းမြစ်စီမံခန့်ခွဲရေးဆိုင်ရာ ရွေးချယ်မှုများ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှု၊ အလျော်အစားများကို စူးစမ်းရှာဖွေလာနိုင်ခဲ့ကြပါသည်။

• Sister Rivers Exchange အစီအစဉ်အရ မဲခေါင်မြစ်ကော်မရှင် (MRC) နှင့် မစ်စစ္စပီမြစ် ကော်မရှင်အကြား ဆည်များ ဘေးကင်းလုံခြုံမှု၊ ရေစီမံခန့်ခွဲမှုဆိုင်ရာ အကျိုးသက်ဆိုင်သူအားလုံး အမြင်ဝေမျှစီမံမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ခြင်းလေ့ကျင့်မှုနှင့် အပြန်အလှန်ဖလှယ်မှု စသည့် အကောင်းဆုံး အလေ့အထများကို တိုးတက်မျှဝေပေးခဲ့ပါ သည်။

အမေရိကန် အင်ဂျင်နီယာတပ်ဖွဲ့ U.S. Army Corps of Engineers (USACE) သည် မဲခေါင်ဒေသနိုင်ငံများအား ရေနှင့် သဘာဝ ပတ်ဝန်းကျင် လုံခြုံရေး၊ ဘေးအန္တရာယ် စီမံမှု နည်းပညာအင်ဂျင်နီယာ အကူအညီနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီဆိုင်ရာ ဆောက်လုပ်ရေး စီမံကိန်းများ၌ ပံ့ပိုးပေးခဲ့သည်။ ဥပမာ ၂၀၂၁၂၀၃၀ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေး မဟာဗျူဟာ ရေးဆွဲရာ၌ ကူညီခြင်း၊ MRC နှင့် မစ်စစ္စပီမြစ် ကော်မရှင်အကြား အကောင်းဆုံး အလေ့အထများ ဝေမျှခြင်း၊ လာအိုနိုင်ငံ၏ အမျိုးသား ဆည်မြောင်း ဘေးကင်းမှုစီမံချက်ကို ကူညီခြင်း၊ မဲခေါင်ဒေသတစ်လျှောက် ကျောင်း၊ ဆေးခန်း၊ ရေတွင်း၊ သဘာဝဘေး စီမံမှု ပေါင်းစပ်ညှိနှိုင်းရေးရုံးများ တည်ဆောက်ခြင်း၊ လာအိုနိုင်ငံအတွက် အမျိုးသား အာဟာရ တက္ကသိုလ် တည်ဆောက်ခြင်း စသည်တို့ အပါအဝင်ဖြစ်သည်။

ယူအက်စ်အေ့ဒ်နှင့်နာဆာအကြား ထူးခြားသည့် မိတ်ဖက်ပူးပေါင်းမှု ဖြစ်သော SERVIR-Mekong အစီအစဉ်က မဲခေါင်ဒေသနိုင်ငံများအား မြစ်ညာဘက် ဆည်လုပ်ငန်းများကြောင့် မိုးခေါင်မှု၊ ရေကြီးမှု အန္တရာယ်များ လျှော့ချရေးကို ကူညီခဲ့သည်။ MRC နှင့်အတူ SERVIR-Mekong သည် မဲခေါင်မြစ်ဝှမ်းတွင် အစဉ်အဆက် မိုးခေါင်မှုကြောင့် ပျက်စီးထိခိုက်မှုများကို ခန့်မှန်း ခြေရာခံရေး ကူညီရန် မိုးခေါင်မှု ကြိုတင်သတိပေးစနစ် ပလက်ဖောင်း (Drought Early Warning Platform) ကို စတင် ထုတ်လွှင့်ခဲ့ပါသည်။

မဲခေါင်ဒေသ စမတ်အခြေခံအဆောက်အအုံ (SIM) အစီအစဉ်သည် စားနပ်ရိက္ခာ ဖူလုံရေးကို ကာကွယ်ရန် မဲခေါင်ဒေသတွင်းရှိ ဆည်များ၌ ငါးများသွားလာကျက်စားနိုင်သည့်လမ်းကြောင်းပုံစံအမျိုးမျိုးကို ရေးဆွဲခဲ့ပါသည်။

လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုများ

မဲခေါင်မြစ်အောက်ပိုင်း စီမံကိန်း လူငယ်သိပ္ပံပညာရှင်အစီအစဉ် (Lower Mekong Initiative Young Scientist Program) သည် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ အများပြည်သူစီမံမှုကဏ္ဍ၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေရေး၊ အနာဂတ် ကျောင်းသားနှင့် လူငယ်ပညာရှင်များတွင် ဆက်လက် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ၂၀၁၉၂၀၂၀ ခုနှစ်တွင် ဤအစီအစဉ်အရ သွေးလွန်တုပ်ကွေးကဲ့သို့ တိရစ္ဆာန်များကသယ်ဆောင်သော ရောဂါပိုးမွားများ ကိုင်တွယ် ဖြေရှင်းရာတွင် ကွန်ပျူတာ သတင်းအချက်အလက် ပညာရပ်ဆိုင်ရာ ဆော့ဖ်ဝဲ ကိရိယာများ အသုံးပြုရေးကို အလေးပေး ဆောင်ရွက်ခဲ့သည်။ ဤအစီအစဉ်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေး နည်းပညာ တီထွင်ဆန်းသစ်မှုများကို အလေးပေး ဆောင်ရွက်မည် ဖြစ်သည်။

ကျားမအခြေပြု အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး အစီအစဉ်သည် ကျားမအခြေပြု အကြမ်းဖက်မှုကို ဖြစ်စေသည့် ကျားမ စံနှုန်းများကို ကိုင်တွယ်ရာတွင် ပေါင်းစပ်ညှိနှိုင်းပြီး ကဏ္ဍစုံပါဝင်သည့် ပြည့်စုံသော ချဉ်းကပ်မှုကို ပံ့ပိုးကူညီပေးပါသည်။ ယင်းတို့တွင် အရွယ်မရောက်မီ အိမ်ထောင်ပြုစေခြင်း၊ အတင်းအကြပ် အိမ်ထောင်ပြုစေခြင်း၊ ကျောင်း၌ အကြမ်းဖက်ခြင်းနှင့် လိင်ပိုင်းနှင့် ကိုယ်ကာယပိုင်း အနိုင်ကျင့်မှုများ ပါဝင်သည်။ ဤအစီအစဉ်သည် ဓလေ့ထုံးတမ်းဥပဒေအသစ်များ၊ လူထု ဆွေးနွေးပွဲများက တစ်ဆင့် အမျိုးသားကြီးများ၊ အမျိုးသမီးကြီးများ၊ ယောက်ျားလေးများ၊ မိန်းကလေးများ ၂၂၃,၀၀၀ ကျော်ကို အသိပညာပေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ရပ်ရွာလူထု အားကောင်းရေး စီမံကိန်းကတစ်ဆင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အမျိုးသမီး ဦးဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အမျိုးသမီး ဦးဆောင်မှုကို ပံ့ပိုးကူညီလျက်ရှိသည်။ ထိုသို့ ကူညီခြင်းဖြင့် ရပ်ရွာလူထုအဆင့်၌ ပူးပေါင်းဆောင်ရွက် အဖြေရှာမှုများက တစ်ဆင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်သော စီးပွားရေး တိုးတက်မှုများ ရရှိအောင် အားပေးကူညီနိုင်မည် ဖြစ်သည်။

ပိုမိုသိရှိလိုသည်များနှင့် အရင်းအမြစ်များအတွက် မိမိတို့၏အင်တာနက်စာမျက်နှာအသစ်ဖြစ်သော www.mekonguspartnership.org တွင် ကျေးဇူးပြု၍ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

# # #