မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းနှစ်ခုအား ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း

မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းနှစ်ခုအား ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း

 

သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင်
ဧပြီ ၂၁၊ ၂၀၂၁

မြန်မာစစ်အာဏာရှင်သည်နိုင်ငံတော်၏ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ရေးဟူသောမြန်မာပြည်သူလူထု၏ဆန္ဒကိုဆက်လက်လျစ်လျူရှုထားသည်။စစ်အာဏာရှင်သည်ပြည်သူလူထု၏ဆန္ဒကိုလက်ခံလိုက်လျောရမည့်အစား၎င်း၏အကြမ်းဖက်နှိပ်ကွပ်မှုလုပ်ရပ်ကိုအရှိန်မြှင့်တင်ခဲ့ပြီးဖေဖော်ဝါရီလ၁ရက်စ၍ကလေးပေါင်းများစွာအပါအဝင်လူပေါင်း၆၅၀ကျော်ကိုသတ်ဖြတ်ခဲ့သည်။လူပေါင်း၃၂၀၀ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြန်မာပြည်သူလူထုအပေါ်အကြမ်းဖက်မှုကျူးလွန်သည့်စစ်အာရှင်အတွက်အကျိုးအမြတ်ဖြစ်စေသောနိုင်ငံတော်ပိုင်လုပ်ငန်းနှစ်ခုကိုဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအတွင်းထည့်သွင်းအရေးယူခြင်းအားဖြင့်မြန်မာစစ်အာဏာရှင်၏စီးပွားရေးအရင်းအမြစ်များကိုကန့်သတ်ထိန်းချုပ်ရန်အတွက်အမေရိကန်ပြည်ထောင်စုကယနေ့ထပ်မံအရေးယူဆောင်ရွက်လိုက်သည်။မြန်မာ့သစ်လုပ်ငန်းနှင့်မြန်မာ့ပုလဲလုပ်ငန်းတို့ကိုမြန်မာအစိုးရ၏နိုင်ငံရေးဆိုင်ရာလက်အောက်ခံဌာန၊အေဂျင်စီသို့မဟုတ်အရေးပါသောယန္တရားဖြစ်နေသည့်အတွက်သမ္မတအမိန့်အမှတ်၁၄၀၁၄အရဒဏ်ခတ်ပိတ်ဆို့မှုစာရင်း၌ထည့်သွင်းအရေးယူခြင်းဖြစ်သည်။

မိမိတို့၏ယနေ့အရေးယူမှုသည်အမေရိကန်ပြည်ထောင်စုအနေဖြင့်စစ်တပ်၏တိကျသောဘဏ္ဍာငွေလမ်းကြောင်းများကိုဆက်လက်ပစ်မှတ်ထားပိတ်ဆို့၍စစ်အာဏာသိမ်းမှု၊ယင်းအာဏာသိမ်းမှုဆက်စပ်နေသောအကြမ်းဖက်မှုအတွက်တာဝန်ယူမှု၊တာဝန်ခံမှုရှိစေရေးတိုးမြှင့်လုပ်ဆောင်မည်ဟူသောစစ်တပ်ကိုမိမိတို့ပေးလို့သည့်သတင်းစကားကိုထပ်မံအားဖြည့်ခြင်းဖြစ်သည်။ဤအာဏာသိမ်းမှုကိုဖယ်ရှားကန့်ကွက်ရန်ကြိုးပမ်းအားထုတ်နေသည့်မြန်မာပြည်သူလူထုကိုမိမိတို့ဆက်လက်အားပေးထောက်ခံသွားပါမည်။အကြမ်းဖက်မှုရပ်တန့်ရန်၊မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကိုပြန်လွှတ်ပေးရန်၊မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ရန်စစ်အာဏာရှင်ကိုမိမိတို့တောင်းဆိုသည်။

ယနေ့အရေးယူမှုနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ကိုဖတ်ရှုနိုင်ပါသည်။

###