အမေရိကန်-အာဆီယံ အနာဂတ်ကျန်းမာရေး အစီအစဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
ဧပြီ ၂၂ ၂၀၂၀

အမေရိကန်အာဆီယံ အနာဂတ်ကျန်းမာရေး အစီအစဉ်


အချက်အလက်များ
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ဧပြီ ၂၂၊ ၂၀၂၀

အမေရိကန်အာဆီယံ ကျန်းမာရေး အနာဂတ် အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးက ယနေ့စတင်လိုက်သည်။ အနာဂတ် ကျန်းမာရေး အစီအစဉ်သည် မိမိတို့အားလုံးပေါင်း တစ်ဘီလျံရှိသော ပြည်သူများ၏ ကျန်းမာသုခအတွက် အာဆီယံနှင့်အတူ မိမိတို့၏ ရှိနှင့်ပြီးသောလုပ်ငန်းများနှင့် လက်ရှိလုပ်ငန်းတို့ကို အခြေခံ၍  ရေရှည်တွဲဖက်ဆောင်ရွက်မှု၊ ရည်ရွယ်လုပ်ဆောင်သည့် အကူအညီနှင့် ကျွန်ုပ်တို့၏ အခြေခံအကျဆုံးသော အရင်းအမြစ်အပေါ် ပြန်လည်ဆန်းသစ်ထားသည့် အာရုံစိုက် လုပ်ဆောင်မှုတို့အပေါ် အုတ်မြစ်ချထားပါသည်။ အမေရိကန်ပြည်ထောင်စုသည် အလေးအနက်ထား၍ ရေရှည်တည်တံ့သော ဆက်ဆံမှုကိုတစ်ရပ်၏ သမိုင်းကြောင်းအဆင့်ကို ကိုယ်စားပြုကာ အာဆီယံနိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အားလုံးနှင့် သက်ဆိုင်သော ကျန်းမာရေးရည်မှန်းချက်များအတွက် လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း ဒေါ်လာ , ဘီလျံကျော် သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ ဤရန်ပုံငွေများသည် ဒေသတွင်းတစ်လျှောက် ကျန်းမာကြံ့ခိုင်သော ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် အခြေခံအုတ်မြစ်များ ချမှတ်ပေးခဲ့ပြီး မိမိတို့၏ဆက်ဆံရေးကို ဆက်လက် လျှောက်လှမ်းရန် အ‌ခြေခံအကြောင်းဖြစ်ပါသည်။ ကိုဗစ်၁၉ ကို တုံ့ပြန်တိုက်ဖျက်ရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွက် ဧပြီ ၂၂ ရက်ပေးအပ်သည့် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၃၅. သန်းအပါအဝင် ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့၏ အကူအညီများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။

အိပ်ချ်အိုင်ဗွီ/အေ့ဒ်နှင့် အခြားကူးစက်တတ်သော ရောဂါထိန်းချုပ်မှု၊ သန့်ရှင်းသောရေရရှိမှု တိုးချဲ့ဆောင်ရွက်ရေးနှင့် အာဟာရနှင့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုတိုးတက်ရေးအပါအဝင် ကျယ်ပြန့်သော နယ်ပယ်တစ်ရပ်အတွင်း အနာဂတ်ကျန်းမာရေးအစီအစဉ်တစ်ရပ်အတွက် အားလုံးနှင့် သက်ဆိုင်သော ရည်မှန်းချက်များကို မိမိတို့အနေဖြင့် ပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးသုတေသ နပူးတွဲဆောင်ရွက်ခြင်း၊ ဒေသတွင်းတစ်လျှောက် ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်မြှင့်တင်ခြင်းနှင့် အနာဂတ်လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ခြင်းတို့ကို မိမိတို့အတူတကွ လုပ်ဆောင်နေကြသည်။ မိမိတို့သည် အမေရိကန်အာဆီယံ စမတ်စီးတီးများ လက်တွဲဆောင်ရွက်မှု အစီအစဉ်ကတဆင့် စမတ်စီးတီးများ၏ ကျန်းမာရေးပြဿနာဖြေရှင်းချက်များကိုလည်း စူးစမ်းဖော်ထုတ်လျက် ရှိပါသည်။

သုတေသနများသိပ္ပံနည်းကျ ဗဟုသုတသည် ရောဂါနှင့်တကွ ကုထုံးသစ်များ ဖွံ့ဖြိုးလုပ်ဆောင်မှုကို သိရှိနားလည်ခြင်းနှင့် ရှာဖွေဖော်ထုတ်ရာတွင် အခြေခံကျသည်။ အာဆီယံဒေသအတွင်းရှိ ပူးတွဲသုသေသနတွင်

လွန်ခဲ့သည့် ဆယ်နှစ်ကာလအတွင်း သုတေသနပရောဂျက် ၁၀၀၀ ကျော်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးအင်စတီကျူရှိ အသင်းအဖွဲ့ ၂၀ ကျော်အကြား ပူးပေါင်းဆောင်ရွက်သည့် ပြုလုပ်ဆဲသုတေသနလုပ်ငန်းပေါင်း ၃၀၀ ကျော်ပါဝင်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကာလအတွင်း တက္ကသိုလ်များနှင့် အစိုးရသုတေသနအသင်းအဖွဲ့များထံသို့ တိုက်ရိုက်သုတေသနရန်ပုံငွေ ထည့်ဝင်မှုပမာဏ ဒေါ်လာ သန်း ၃၀ ကျော်နှင့်

အိပ်ချ်အိုင်ဗီ ကာကွယ်တားဆီးရေး စမ်းသပ်စစ်ဆေးမှုများ၊ အနုဇီဝဒြပ်ပေါင်းပစ္စည်း စမ်းသပ်စစ်ဆေးမှုများ၊ ခုခံအားကျဆင်းမှုရောဂါ လက်တွေ့ကုသမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ၊ တီဘီရောဂါကုသခြင်းနှင့် ကူးစက်တတ်သော ရောဂါများအား လက်တွေ့ကုသမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပါဝင်သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ လုပ်ဆောင်နိုင်စွမ်းခိုင်မာသော ကျန်းမာရေးစနစ်များသည် ခွန်အားပြည့်ဝ၍ ကျန်းမာသန်စွမ်းသော နိုင်ငံသူနိုင်ငံသားများကို ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် မရှိမဖြစ် အရေးပါသည်။ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်သည့် စွမ်းရည်တည်ဆောက်မှုတွင

နိုင်ငံသားများအားလုံး အထူးသဖြင့် ထိခိုက်ခံစားရနိုင်ခြေအများဆုံးသောသူများအတွက် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုများနှင့် လွှမ်းခြုံမှုတို့ကို ထောက်ပံ့ပေးခြင်း၊

ကျန်းမာသန်စွမ်းသည့် လူအရေအတွက်တိုးတက်များပြားလာစေရန် အထူးသဖြင့် တီဘီရောဂါ ရှာဖွေဖော်ထုတ်မှုနှင့် ကုသမှုနယ်ပယ်အတွင်း အများပိုင်ပုဂ္ဂလိက တွဲဖက်လုပ်ကိုင်မှုများကို ကျင့်သုံးစေခြင်း။ USAID နှင့် အမေရိကန်ကုမ္ပဏီများအကြား အများပိုင်ပုဂ္ဂလိက တွဲဖက်လုပ်ကိုင်မှုများသည် အာဆီယံတစ်ဝန်းရှိ လူနာထောင်ပေါင်းများစွာအတွက် တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါအတွက် သင့်တော်သည့် ကုသမှုများကို စတင်လုပ်ဆောင်စေနိုင်ပြီး တီဘီရောဂါ စုံစမ်းဖော်ထုတ်မှုနှင့် ကုသမှုကို ကောင်းစွာဖြစ်ထွန်းစေခဲ့သည်။

အိပ်ချ်အိုင်ဗီ/အေ့ဒ်စ် ကူးစက်ရောဂါအား ထိန်းချုပ်ခြင်း။ လူနာဦးရေ ၁၅၀,၀၀၀ သည် ယခုအခါတွင် အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းအားထုတ်မှုများကြောင့် ခုခံအားကျဆင်းမှုရောဂါသောက်ဆေးကို အသုံးပြုလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏  ထောက်ပံ့မှုဖြင့် ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းအရင်းအမြစ်များအား ဆော်ဩစည်းရုံးမှုပြုလုပ်ခြင်းနှင့် ရေရှည်ငွေကြေး မတည်ခြင်းတို့ကို သေချာစွာလုပ်ဆောင်ခြင်းအားဖြင့်  ၂၀၂၀ ခုနှစ်ကုန်ပိုင်းတွင် ၎င်း၏ အိပ်ချ်အိုင်ဗီ/အေ့ဒ်စ် တုံ့ပြန်ဖြေရှင်းမှု၏ အပြည့်အဝ ကိုယ်ပိုင်လုပ်ဆောင်မှုကို စွမ်းဆောင်ဖြစ်မြောက်ရန် ပထမဆုံးသော AIDS ခုခံအားကျဆင်းမှုရောဂါ ပြည်လည်ထူထောင်ရေးအတွက် သမ္မတ၏ အရေးပေါ်အစီအစဉ် (President’s Emergency Plan For AIDS Relief ) တွင် ပါဝင်သည့် နိုင်ငံဖြစ်လာရန်ရှိနေသည်၊

ဒေသအတွင်း တီဘီနှင့် ငှက်ဖျားရောဂါဖြစ်ပွားမှုကို လျော့ချရန် အာဆီယံထံသို့ အကျိုးပြုထောက်ပံ့မှု။ ဥပမာလာအိုနိုင်ငံ၌ ငှက်ဖျားရောဂါဖြစ်ပွားမှုအရေအတွက်သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၇၀ ရာခိုင်နှုန်းကျဆင်းသွားခြင်း၊

အမေရိကန် ရောဂါထိန်းချုပ်နှင့် ကာကွယ်ရေးဗဟို (Centers for Disease Control and Prevention) ကမ္ဘာလုံးဆိုင်ရာ ရောဂါရှာဖွေရေး လုပ်ဆောင်မှုများစင်တာသည် ထပ်မံပျံ့နှံ့ဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အာဆီယံဒေသအနှံ့ဖြစ်ပွားသော ကူးစက်ရောဂါ ၄၄ မျိုးအပါအဝင် ရောဂါကူးစက်ပြန့်ပွားမှုများနှင့် ကမ္ဘာတစ်လွှားရှိ လူမှုအသိုင်းအဝိုင်းများထံမှ ၎င်းတို့အပေါ် ကျရောက်နိုင်သည့် ဘေးအန္တရာယ်များကို စောင့်ကြည့်လေ့လာ၍ အစီရင်ခံစာများကို ပြုလုပ်ပါသည်၊

• USAID သည် အာဆီယံအရေးပေါ် လုပ်ငန်းများ စင်တာကွန်ရက်ကဲ့သို့သော အာဆီယံ၏ လက်ရှိနည်းလမ်းများကို အတူပေါင်းစည်းလျက် ပေါ်ပေါက်လာနိုင်သည့် အများပြည်သူ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ပြင်ဆင်ရန်နှင့် တုန့်ပြန်ဖြေရှင်းရန် အများပြည်သူ အရေးပေါ်ကျန်းမာရေး ညှိနှိုင်းဆောင်ရွက်ရေးစနစ်ကို ဖွံ့ဖြိုးလုပ်ဆောင်ရန်အတွက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့်အတူ လုပ်ကိုင်လျက်ရှိသည်။

ကျန်းမာရေးကဏ္ဍအတွင်း လူသားအရင်းအမြစ် ကဏ္ဍအား ဖွံ့ဖြိုးလုပ်ဆောင်ခြင်းအနာဂတ်မျိုးဆက် ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်ပညာရှင်များအား ပြုစုပျိုးထောင်ပေးခြင်းသည် ကျန်းမာသန်စွမ်းသော အနာဂတ်အတွက် ကျွန်ုပ်တို့၏ မျှဝေထားရှိသည့် ရည်မှန်းချက်များ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ အားထုတ်ကြိုးပမ်းမှုများတွင် အောက်ပါတို့ပါဝင်သည်

အသစ်စတင်ထားသည့် အမေရိကန်အာဆီယံ အနာဂတ်ကျန်းမာရေး ကျောင်းသားဟောင်းများကွန်ရက်မှတဆင့် ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စု၏ ကျွမ်းကျင်သူများနှင့်အတူ အကောင်းဆုံးသော ကျင့်သုံးဆောင်ရွက်မှုများကို မျှဝေရန်နှင့် တိုက်ရိုက်ချိတ်ဆက် ပူးပေါင်းရန် အာဆီယံ၏ ဆေးကုသရေးနှင့် အများပြည်သူ ကျန်းမာရေးကဏ္ဍအတွက် လာရောက်သင်ယူသူ ပညာတော်သင်နှင့် အစီအစဉ်၏ ကျောင်းသားဟောင်းအရေအတွက် ,၄၀၀ ကို ဆက်သွယ်ပေးလျက်ရှိပါသည်။

အာဆီယံနိုင်ငံများရှိ သမားတော်များ၊ ပြည်သူ့ကျန်းမာရေးသင်တန်းသားများနှင့် သိပ္ပံကျောင်းသားများအား အမေရိကန်ပြည်ထောင်စု၏ ကျွမ်းကျင်မှုနယ်ပယ်မှ သင်ယူလေ့လာမှုများ ပြုလုပ်နိုင်စေရန် ဖူးလ်ဘရိုက်နှီးနှောဖလှယ်ရေး ပညာတော်သင်အစီအစဉ်များ၊ နိုင်ငံတကာ ခေါင်းဆောင်မှုဆိုင်ရာ လေ့လာရေးအစီအစဉ်နှင့် အခြား နှိးနှောဖလှယ်ရေးအစီအစဉ်များမှတဆင့် ထောက်ပံ့ပေးခြင်း၊

အာဆီယံဒေသတစ်လွှားရှိ ရောဂါများကို ရှာဖွေဖော်ထုတ်ရန်၊ ကူးစက်ပြန့်ပွားမှုများအား သုတေသနပြုရန်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေများအား တုံ့ပြန်ဖြေရှင်းရန်တို့အတွက် ရောဂါရှာဖွေရေး ကျွမ်းကျင်သူ ,၃၀၀ ကျော်ကို လေ့ကျင့်သင်တန်းပေးခြင်း၊

ကူးစက်ရောဂါများ၏ ခြိမ်းခြောက်မှုကို ကာကွယ်တားဆီးရန်၊ စုံစမ်းထောက်လှမ်းရန်နှင့် တုံ့ပြန်ဖြေရှင်းရန်အတွက် ကျန်းမာရေးလုပ်သားအင်အားစုများကို လေ့ကျင့်ပြင်ဆင်ပေးရန် ၂၀၁၄ ခုနှစ် ကတည်းက ကျောင်းသားနှင့် ကျွမ်းကျင်ပညာရှင်ဦးရေ ၁၀,၀၀၀ ကျော်အား လေ့ကျင့်သင်တန်းပေးပြီးဖြစ်သည့် One Health တက္ကသိုလ်ကွန်ရက်များကို ဖန်တီးပေးခြင်း (လေးနိုင်ငံသီးသန့်၊ ဒေသတစ်ခု)

မြို့များနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများအား ဝန်ဆောင်မှုများနှင့် အချက်အလက်တို့ကို အကျိုးရှိရှိ အထောက်အကူပြုပေးနိုင်ရန် ဆက်သွယ်ရေးစနစ်သုံး ကျန်းမာရေးစောင့်ရှောက်မှုနှင့် အီလက်ထရွန်းနစ်မှတ်တမ်းများကို တိုးတက်လုပ်ဆောင်ခြင်း။

# # #