ယူအက်အေ့ဒ် စားနပ်ရိက္ခာဖူလုံရေးမူဝါဒစီမံကိန်းမှ အဓိကတွေ့ရှိချက်များ (၂၀၁၄-၂၀၁၉)

အချက်အအလက်များ
ချက်ချင်းထုတ်ပြန်ရန်
စက်တင်ဘာ ၂၆၊ ၂၀၁၉

ယူအက်အေ့ဒ် စားနပ်ရိက္ခာဖူလုံရေးမူဝါဒစီမံကိန်းမှ အဓိကတွေ့ရှိချက်များ (၂၀၁၄၂၀၁၉)

 

ယခုအခါသည် မြန်မာနိုင်ငံကျေးလက်ဒေသအတွင်း သိသာစွာပြောင်းလဲလာသည့်အချိန်ဖြစ်သည်။

အောက်ဖော်ပြပါတွေ့ရှိချက်များသည်သိသာထင်ရှားသောတွေ့ရှိချက်များဖြစ်သည်

() အများပြည်သူနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံများလက်လှမ်းမီရရှိမှုကို ၂၀၁၁ ခုနှစ်က စ၍ တိုးချဲ့နိုင်ခဲ့သည်။

() ကျေးလက်ဒေသအတွင်း သွားရေးလာရေးတိုးတက်လျက်ရှိသည်။ လမ်းများ ပိုမိုကောင်းမွန်လာခြင်း၊ မော်တော်ဆိုင်ကယ်ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးပွားလာသည့်အတွက် ကျေးရွာများနှင့် နီးစပ်ရာ မြို့များသို့သွားလာမှုသည် လွန်ခဲ့သောငါးနှစ်အတွင်း သုံးဆနှင့်အထက် ပိုမိုများပြားလာခဲ့သည်။

() ကျေးလက်ဒေသအတွင်း ချေးငွေချေးယူသည်ပုံစံများ တရားဝင်ဖြစ်လာပြီး ပုံစံအမျိုးမျိုးဖြင့် ရှိလာခဲ့သည်။ တရားဝင်မဟုတ်သော ငွေချေးယူမှုများအတွက်အတိုးနှုန်းများ သိသိသာသာ လျော့ကျ လာခဲ့သည်။

() ကျေးလက်ဒေသ စီးပွားရေးလုပ်ငန်းများ အရေအတွက် လျင်မြန်စွာတိုးပွားလာပြီး တည်ထောင်မှုနှုန်း တိုးလာကာ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ကျေးလက်ဒေသ အသက်မွေး ဝမ်းကျောင်းမှု အခွင့်အလမ်းအသစ်များပေါ်ထွန်းလာနေသည်။

() ရွှေ့ပြောင်းသွားလာမှု (ပြည်တွင်းနှင့်နိုင်ငံတကာ) သည် စစ်တမ်းကောက်ယူသည့် ဒေသအားလုံးတွင် လူနေမှုဘဝပုံစံတစ်ခုအဖြစ် နေရာတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေပြီး ကျေးလက်ဒေသ စီးပွားရေး ပြောင်းလဲမှု၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။

() ရွှေ့ပြောင်းသွားလာမှုကြောင့် လုပ်သားရှားပါလာသည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသနှင့် အပူပိုင်း ဒေသအတွင်း အမှန်တကယ်ပေးရသည့် နေ့တွက်လုပ်အားခများမှာ ငါးနှစ်အတွင်း ၄၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ (ငွေကြေးဖောင်းပွမှုဖြင့်ညှိထားသည်)

() လယ်ယာစိုက်ပျိုးရေးသည် စက်ယန္တရားအသုံးပြုမှုဘက်သို့ အလျင်အမြန်ပြောင်းလဲလာနေသည်။ နမူနာအားဖြင့် ၂၀၁၆ ခုနှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသရှိ ဆန်စပါးလုပ်ငန်းများ၏ တစ်ဝက်ခန့်မှာ ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုလာကြသည်၊ ၂၀၁၃ ခုနှစ်အတွင်း လုံးဝအသုံးပြုခြင်းမရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။ စက်ယန္တရားများကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ငှားရမ်းဝယ်ယူသည့် စနစ်ဖြင့် အကြွေးဝယ်ယူရရှိနိုင်ပြီး တောင်သူလယ်သမားများအနေဖြင့် လယ်ယာအသုံးပြုမှုဆိုင်ရာ စာရွက်စာတမ်းများကို ချေးငွေအပေါင်ပစ္စည်းအဖြစ်ထားနိုင်သည်၊ စက်ယန္တရားများကိုတင်သွင်းရသည့် ကုန်ကျစရိတ် လျော့ကျလာသည်၊ စက်ယန္တရားအငှားလိုက်သည် ပုဂ္ဂလိက ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာသည်။

() ဆည်ရေကို အကန့်အသတ်ဖြင့်သာရရှိမှုနှင့် အရည်အသွေးမြှင့်ထားသော မျိုးစေ့များရရှိမှု နည်းပါးခြင်းကြောင့် အဓိကသီးနှံစိုက်ပျိုးရေး လုပ်ငန်းအများအပြားမှာ အမြတ်အစွန်းရရှိမှုနှင့် ထုတ်လုပ်နိုင်မှုစွမ်းအား နိမ့်ကျလျက်ရှိနေသေးသည်။

() ရှမ်းပြည်နယ်အတွင်းရှိ မျိုးစပ်ပြောင်းကဲ့သို့သော အခြားသီးနှံများမှာ အလျင်အမြန် တိုးပွားလာနေမှုနှင့် ကြုံတွေ့နေရသည်။

(၁၀) ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးလာခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကြီးမားသော စီးပွားရေးတိုးပွားမှုကို ဖန်တီးပေးနေသည်။

### ပြီး ###