ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦးအသက်ဆုံးရှုံး၍ ကျန်းမာရေးဝန်ထမ်းတစ်ဦးဒဏ်ရာရရှိစေခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှတ်အသား ရှင်းလင်းစွာပါရှိသည့် ကားတစ်စီး ရခိုင်ပြည်နယ်အတွင်း ဧပြီလ ၂၀ ရက်က တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချပါသည်။ ဤရဲရင့်သော မြန်မာနိုင်ငံသားနှစ်ဦးသည် သေစေနိုင်သောဗိုင်းရပ်စ်ဘေးမှ နိုင်ငံတစ်ဝန်းပြည်သူအားလုံးကို ကာကွယ်ရန်ကြိုးပမ်းအားထုတ်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးစစ်ဆေးရန်အတွက် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ပါသည်။ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြည့်ပြည့်ဝဝဆောင်ရွက်ရန်နှင့် ကျူးလွန်သူများကို တရားဥပဒေအတိုင်းစီမံဆောင်ရွက်ပေးပါရန် အာဏာပိုင်များကို မိမိတို့ တိုက်တွန်းပါသည်။