ဒုတိယဝန်ကြီး ဘီဂဲန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တယ်လီကွန်ဖရင့်ဖြင့်စကားပြောကြားခြင်း

ဒုတိယဝန်ကြီး ဘီဂဲန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တယ်လီကွန်ဖရင့်ဖြင့်စကားပြောကြားခြင်း

ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ဒီဇင်ဘာ ၁၇၊ ၂၀၂၀

အောက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဒုတိယပြောခွင့်ရပုဂ္ဂိုလ်အကြီးအကဲ ခေလ်ဘရောင်း ကို ကိုးကားနိုင်ပါသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာခေါင်းဆောင်များနှင့်ပြည်သူများအကြား ဆက်လက်ကျင့်သုံးလျက်ရှိသည့် အဆင့်မြင့်ဆက်ဆံရေးကဏ္ဍအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး စတီဗင် အာ ဘီဂဲန် သည် မြန်မာနိုင်ငံကဆက်လက်ဖော်ဆောင်လျက်ရှိသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာရေးနှင့် အားလုံးပါဝင်နိုင်သော စီးပွားဖွံ့ဖြိုးရေးတို့အတွက် ထောက်ခံအားပေးသွားမည့်အကြောင်းကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အားပြောကြားခဲ့ပါသည်။ 

ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဦးကျော်တင် တို့သည် မြန်မာနိုင်ငံနှင့်အတူ စီးပွားရေးဆက်ဆံမှု ပိုမိုအားကောင်းစေရန် ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံအကြား အဓွန်ရှည်တည်တံ့သော မိတ်ဖက်လက်တွဲဆောင်ရွက်မှုကို ပိုမိုနက်နက်ရှိုင်းရှိုင်း ဖော်ဆောင်နေရင်း ဆက်လက်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှု၊ လူသားချင်း စာနာထောက်ထားမှု ကိစ္စတို့ကိုကိုင်တွယ်ဖြေရှင်းရေးကြိုးပမ်းအားထုတ်နေမှုများနှင့် ရိုဟင်ဂျာများအပေါ် သက်ရောက်မှုအပါအဝင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။