
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ်သည့် ဒန်စင်ထရွန် သည် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ဒုတိယအကြီးအကဲ ဖြစ်ပါသည်။
ဒန်သည် ကွာလာလမ်ပူ အမေရိကန်သံရုံးတွင် ၂၀၂၀ စက်တင်ဘာမှ စပြီး နိုင်ငံရေးရာအကြံပေးရာထူးဖြင့်လည်းကောင်း ၂၀၂၃ ဖေဖော်ဝါရီမှ ဇွန်အထိ ယာယီသံရုံးဒုတိယအကြီးအကဲအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကွာလာလမ်ပူသံရုံးတွင် တာဝန်မထမ်းဆောင်မီက သူသည် ၂၀၁၈ မှ ၂၀၂၀အထိ တိုကျိုမြို့ အမေရိကန်သံရုံးတွင် U.S. Olympic Coordinator၊ ၂၀၁၇ မှ ၂၀၁၈ အထိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ အထူးလက်ထောက်အရာရှိနှင့် ၂၀၁၆ မှ ၂၀၁၇ အထိ အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးကောင်စီတွင် ဂျပန်နှင့် အိုးရှန်းနီးယားနိုင်ငံများရေးရာ ညွှန်ကြားရေးမှူး စသည့် တာဝန်များကိုထမ်းဆောင်ခဲ့ပါသည်။
ဒန်သည် ဂျပန်ရေးရာဌာန၏ ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံရေးရာဌာန Under Secretary ၏ အထူးလက်ထောက်အရာရှိနှင့် UN General Assembly Coordinator ရာထူးများအပါအဝင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင်လည်း ရာထူးများစွာကိုလည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူထမ်းဆောင်ခဲ့သော အခြားပြည်ပ တာဝန်များမှာ ကာဘူးမြို့၊ တိုကျိုမြို့၊ ပေကျင်းနှင့် မနီလာမြို့များရှိ အမေရိကန်သံရုံးများတွင် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန် မထမ်းဆောင်မီ ဒန်သည် နယူးယော့ခ်မြို့ရှိ အစိုးရနှင့် ပုဂ္ဂလိကဏ္ဍ လုပ်ငန်းများတွင် ဆယ်နှစ်နီးပါး အရောင်း၊ စီးပွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာများကို ထိတွေ့လုပ်ကိုင်ခဲ့ပါသည်။
ဒန်သည် နယူးယော့ခ်မြို့ မြောက်ပိုင်းတွင် ကြီးပြင်းခဲ့ပြီး ဘော်စတွန်တက္ကသိုလ်မှ အရှေ့အာရှလေ့လာမှုနှင့် နိုင်ငံရေးသိပ္ပံ ဝိဇ္ဇာဘွဲ့များကို ရရှိခဲ့ပါသည်။ သူသည် ဂျပန်နှင့် မန်ဒရင်း တရုတ်ဘာသာစကားအနည်းငယ် ပြောဆိုနိုင်ပါသည်။ ဒန်သည် အီဇုမိ အိုကုဘို-စင်ထရွန် နှင့် လက်ဆက်ခဲ့ပြီး သူတို့၏ ရင်သွေးအမွှာညီအစ်ကိုနှစ်ဦးဖြစ်သော အဲလက်စ်နှင့် နစ်ခ်တို့သည် နယူးယော့ခ်မြို့ ဘဏ္ဍာရေးနယ်ပယ်တွင် အလုပ် လုပ်လျက်ရှိပါသည်။