သံရုံး၏ အကြီးအကဲ ဆူဆန် စတီဗင်ဆင်

CDA Susan N. Stevenson Official Photo

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယတန်းအကြီးအကဲအဆင့်ဝင် ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ်သည့် သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်သည် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ အကြီးအကဲတာဝန်ကို ၂၀၂၃ ဇူလိုင် ၁၀ တွင် စတင်ထမ်းဆောင်ခဲ့ပါသည်။

သူသည် ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၇ ဇန်နဝါရီမှ ၂၀၁၈ ဖေဖော်ဝါရီအထိတာဝန်ထမ်းဆောင်မှုအပါအဝင် ထောက်လှမ်းရေးနှင့်သုတေသနဌာနတွင် အကြီးတန်းဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၂၁ မှ ၂၀၂၃ အထိ၊ အီကွေတာဂီနီသမ္မတနိုင်ငံတွင် သံအမတ်အဖြစ် ၂၀၁၉ မှ ၂၀၂၁၊ ပြည်သူ့ရေးရာဌာနတွင် အကြီးတန်းဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၆ မှ ၂၀၁၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဝါရှင်တန်တွင်လည်း သူသည် ပြည်သူ့သံတမန်ရေးရာနှင့်ပြည်သူ့ရေးရာ Under Secretary ၏လက်အောက်တွင် ဌာနအကြီးအကဲ နှင့် အမှုဆောင်လက်ထောက်အဖြစ်လည်းကောင်း၊ မူဝါဒ၊ စီမံကိန်းနှင့် အရင်းအမြစ်ဌာန Under Secretary ၏ ရုံးတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန၏ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ပြည်ပတွင် ပေကျင်း၊ ဟောင်ကောင်၊ မက်ဆီကိုနှင့် ဘန်ကောက်တို့တွင် တာဝန်များထမ်းဆောင်ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း အမေရိကန်ကောင်စစ်ဝန်ချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မစ္စစတီဗင်ဆင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းနှင့် ဆန်းသစ်သောစီးပွားရေး တိုးတက်ထွန်းကားလာစေရေး အမေရိကန်ပြည်ထောင်စု၏ အားထုတ်ကြိုးပမ်းမှုများတွင် ရှေ့ဆောင်ပါဝင်ခဲ့ပါသည်။ သူသည် သတင်းစာပညာကျောင်းများနှင့် အစိုးရ ပြောရေးဆိုခွင့်ရှိသူများနှင့်ထိတွေပြီး အစိုးရနှင့် မီဒီယာဆက်ဆံရေးနှင့်ပတ်သက်ပြီး အထူးအလေးပေး ဟောပြောဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။

မစ္စစတီဗင်ဆင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ Leadership Award on Equal Employment Opportunity ဆုရှင်တစ်ဦးဖြစ်ပြီး Superior Award နှင့် Meritorious Honor Award စသည့် ဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါသည်။ အမေရိကန်အစိုးရအတွက် တာဝန်မထမ်းဆောင်မီတွင် သူသည် Kellogg ကုမ္ပဏီ၏ ပြင်သစ်နိုင်ငံ ရုံးခွဲအတွက် Category Brand Manager for Children’s Cereal ရာထူးအပါအဝင် Kellogg ကုမ္ပဏီတွင် ထုတ်ကုန်စီမံခန့်ခွဲမှုကဏ္ဍအတွက် တာဝန်ယူခဲ့ပါသည်။ သူသည် ပင်ဆီဗေးနီးယားတက္ကသိုလ် ဝှာတန်ကျောင်းမှ နိုင်ငံပေါင်းစုံစီမံခန့်ခွဲမှုနှင့် ပြင်သစ်ဘာသာရပ်ဆိုင်ရာ ဘွဲ့များကို ရရှိခဲ့ပါသည်။ မစ္စစတီဗင်ဆင်သည် ပြင်သစ်ဘာသာစကားအပြင် ထိုင်း၊ မန်ဒရင်းတရုတ် နှင့် စပိန် ဘာသာစကားများကိုလည်း ပြောဆိုနိုင်သူ ဖြစ်သည်။ သူ့တွင် သားသမီး သုံးဦး ရှိပါသည်။