စီးပွားရေးလုပ်ငန်းဆိုင်ရာ လူမှုရေးတာဝန်ယူမှု အွန်လိုင်းအခမ်းအနားတွင်ပြောကြားသော သံရုံးယာယီတာဝန်ခံ၏ မှတ်ချက်စကား
မင်္ဂလာမနက်ခင်းပါ။ သာယာပျော်ရွှင်ဖွယ် ကျေးဇူးတော်များနေ့ ဖြစ်ကြပါစေ။
ကိုဗစ်–၁၉ ကြောင့် လူအချင်းချင်းတွေ့ကြဖို့ မဖြစ်နိုင်တဲ့အတွက် အခုလို အွန်လိုင်းကနေတွေ့ဆုံနိုင်မယ့်ပွဲ ကျင်းပဖို့ နည်းလမ်းရှာဖွေပေးတဲ့အတွက်ရော အခုလို အွန်လိုင်းအခမ်းအနားမှာပါဝင်ဖို့ ဖိတ်ကြားပေးတဲ့အတွက်ပါ အမေရိကန် ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ပါတယ်။
စီးပွားရေးလုပ်ငန်းဆိုင်ရာလူမှုရေးတာဝန်ယူမှု ကြိုးပမ်းအားထုတ်ခြင်းအတွက် အသိအမှတ်ပြုခံရတဲ့ ကုမ္ပဏီ ၁၇ ခုကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်။
ဒီနှစ်အတွင်းမှာ စိန်ခေါ်မှုအခက်အခဲတွေ ဘယ်လိုကြုံတွေ့နေရသလဲဆိုတာကတော့ စကားလုံးနဲ့ထုတ်ဖော် ပြောပြဖို့တောင် မလုံလောက်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်မိတ်ဆွေတို့အနေနဲ့ ဝန်ထမ်းတွေကို ကိုဗစ်–၁၉ ဘေးကနေကာကွယ်ရတာ၊ မိတ်ဆွေတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို မကြုံစဖူး ထူးကဲတဲ့နည်းလမ်းတွေနဲ့ လည်ပတ်နေခဲ့ရတာ၊ ဒါမှမဟုတ် ဝန်ထမ်းတွေကို လုပ်ခလစာပေးနိုင်ဖို့အတွက် အနစ်နာခံရတဲ့လမ်းကို ရွေးချယ်ရတာတွေနဲ့ပတ်သက်ပြီး ကုမ္ပဏီအားလုံးကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ခံစားတွေးကြည့်လို့ ရပါတယ်။
နေ့စဉ်အခက်အခဲဒုက္ခဒဏ်ကိုရင်ဆိုင်နေရချိန်မှာ မိတ်ဆွေတို့ တစ်ဦးတစ်ယောက်ချင်းစီထားရှိကြတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာလူမှုရေးတာဝန်ယူမှု ခိုင်မာတဲ့ကတိကဝတ်တစ်ခုကြောင့် ဒီကမ္ဘာ့ကပ်ရောဂါကြီးက ကျွန်မတို့ရဲ့ ဘဝတွေကို ဘယ်လိုပဲ ကိုင်လှုပ်ခဲ့ကိုင်လှုပ်ခဲ့ မမှုပါဘူး။
ဒါကြောင့် အခုအခမ်းအနားကို ကျေးဇူးတော်များနေ့မှာ ပြုလုပ်တာကလည်း အချိန်ကောင်းပါပဲ။ ကျွန်မ ဘာလို့ အခုလိုပြောရသလဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် အမေရိကန်ဘောလုံးပွဲတွေ၊ ကြက်ဆင်သား မဟားတရားစားကြတာတွေ၊ ဟင်းအနှစ်အများကြီးထည့်စားရတာတွေအတွက် ကျေးဇူးတော်များနေ့ဟာ ကျွန်မတို့နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းလိုပဲ ကျွန်မတို့မြတ်နိုးနှစ်သက်ကြတဲ့ ဒီအရာတွေကို ကျေးဇူးတရားတွေနဲ့ ပြန်လည်ထင်ဟပ်ကြတဲ့အချိန်အခါသမယဖြစ်နေလို့ပါ။
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လူမှုရေးတာဝန်ယူမှုအစီအစဉ်တွေရဲ့ ဗဟိုချက်မမှာရှိနေတဲ့ ကိုကာကိုလာ၊ ဘောလ်၊ အင်းယား တို့လိုကုမ္ပဏီတွေနဲ့ တစ်ခြားများစွာသော နွမ်းပါးသူတွေအတွက် စီးပွားရေးအခွင့်အလမ်း ဖန်တီးပေးခဲ့တာတွေ၊ သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိခဲ့တာတွေ၊ ဒါမှမဟုတ်ပညာရေးတစ်ရပ်အတွက် လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးအပ်ခဲ့တာတွေဟာလူမှုအသိုက်အဝန်းတွေရဲ့ ကောင်းကျိုးဖြစ်ပါတယ်။
တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားပြီး မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းဆိုင်ရာလူမှုရေးတာဝန်ယူမှုနဲ့ကောင်းမွန်သောအလေ့အထတို့ရဲ့ စံနမူနာတစ်ခုအနေနဲ့ ဆက်လက်ပြီးတည်ဆောက်ပြသသွားဖို့အတွက် အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း ပုဂ္ဂလိကကဏ္ဍနဲ့လက်တွဲဆောင်ရွက်ဖို့နဲ့ တာဝန်ယူမှုရှိတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီကနေပြီး အစီအစဉ်သစ်တစ်ခု စတင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီဟာ ဒီအစီအစဉ်သစ်ကိုမြန်မာနိုင်ငံအတွင်း ဆောင်ရွက်ဖို့အတွက် စိတ်လှုပ်ရှားနေပါပြီ။ အခုလို စိန်ခေါ်မှုအခက်အခဲဖြစ်နေတဲ့ ကာလအတွင်းမှာတောင် အမေရိကန်ကုန်သည်ကြီးများအသင်းက လူကြီးပိုင်းတွေ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးနေပါပြီ။
ဒါကြောင့်ကျွန်မအနေနဲ့ ကျေးဇူးတော်များနေ့ကို ဆင်နွှဲရင်းနဲ့ အားလုံးကို အလေးအနက်ထားစဉ်းစားမိပါတယ်။ ပွင့်လင်းမြင်သာမှု၊ လူမှုရေးတာဝန်ယူမှုနဲ့ပရဟိတလုပ်ငန်း အစီအစဉ်တွေအတွက် သန္နိဋ္ဌာန်ချထားတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းအသိုက်အဝန်းအတွင်းကအဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ အမေရိကန်စိတ်ဓာတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲစွဲမြဲမြဲထားရှိတဲ့ အမြင်အယူအဆတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ဒီနေ့မှာ ကျေးဇူးတင်ရမယ့် တစ်ခြားအကြောင်းအနည်းငယ်လည်းရှိပါသေးတယ်။ တစ်ခုကတော့ ရန်ကုန်မြို့ကို မကြာသေးခင်ကမှ ရောက်လာပြီး အခုလိုအွန်လိုင်းတွေ့ဆုံပွဲမှာ ပါဝင်ပေးကြသူတွေပါ။ မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမြှင့်တင်ဖို့အတွက် လက်တွဲဆောင်ရွက်ကြဖို့မျှော်လင့်နေပါတယ်။
ကျွန်မတို့အနေနဲ့ ကျေးဇူးတော်များနေ့ကို ဆင်နွှဲနေကြတာဖြစ်တဲ့အတွက် ကိုဗစ်–၁၉ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အကြိုလေ့လာမှုတွေအရ အောင်မြင်မှုရရှိတဲ့အကြောင်း မကြာသေးခင်ကမှ ထုတ်ပြန်ကြေညာလိုက်တဲ့ အမေရိကားရဲ့ ထိပ်တန်းဆေးကုမ္ပဏီတွေအတွက် ဖန်ခွက်လေးတွေမြှောက်ပြီး ချီးကျူးဂုဏ်လိုက်ကြပါစို့။
အဆုံးသတ်အနေနဲ့ မြန်မာနိုင်ငံအတွင်း ကောင်းမွန်တဲ့ စီးပွားရေးအလေ့အကျင့်တွေ၊ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ လူမှုရေးတာဝန်ယူမှုအတွက် အကောင်းဆုံးဆောင်ရွက်ဖို့အတွက် စိတ်ခွန်အားတက်စရာ အနေနဲ့ရော ဦးဆောင်နေမှုအတွက်ပါ အမေရိကန်ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ပါတယ်။
ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
### ပြီး ###