မြန်မာစစ်အာဏာရှင်အပေါ် အမေရိကန်ပြည်ထောင်စုက ထပ်တိုးအရေးယူခြင်း

သတင်းထုတ်ပြန်ချက် အန်တိုနီ ဂျေ ဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး ဇူလိုင် ၂၊ ၂၀၂၁ မြန်မာစစ်အာဏာရှင်၏ ရက်ရက်စက်စက် အကြမ်းဖက်ကျူးလွန်နေမှုကိုတုံ့ပြန်ကာ စစ်တပ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်နေမှုများကိုဆက်လက်ဒဏ်ခတ်သည့်အနေဖြင့် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သော လူပုဂ္ဂိုလ် ၂၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ ဤအရေးယူမှုများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် နောက်ထပ်သုံးဦး၊ စစ်တပ်ကခန့်အပ်ထားသော အစိုးရအဖွဲ့ဝင် လေးဦး တို့ပြင် ယခင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသော စစ်အရာရှိများ၏ အရွယ်ရောက်ပြီး သား၊ သမီး သို့မဟုတ် အိမ်ထောင်ဖက် ၁၅ ဦး တို့လည်းပါဝင်သည်။ ယင်းလူပုဂ္ဂိုလ်တို့မှာ စစ်တပ်အရာရှိများ၏ တရားမဝင်ပိုင်ဆိုင်မှုများအတွက် ဘဏ္ဍာရေးကွန်ရက်များဖြင့် အကျိုးပြုနေသူများဖြစ်ကြသည်။ ယင်းအပြင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ဝမ်ပေါင်သတ္တုတူးဖော်ရေးလီမိတက်၊ ၎င်းလီမိတက်၏လက်အောက်ခံကုမ္ပဏီနှစ်ခုနှင့် King Royal Technologies ကုမ္ပဏီတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအတွင်း …

Read More»

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ ပူးတွဲကြေညာချက်

ဧပြီ ၉၊ ၂၀၂၁   လွန်ခဲ့သည့် နှစ်လ၊ ဖေဖော်၀ါရီလ (၉) ရက် နေ့ က မ မြသွဲ့ သွဲ့ ခိုင် သည် နေပြည်တော်တွင် ဆန္ဒပြမှု အတွင်း ဘတ်စ်ကားမှတ်တိုင်တွင် အကာအကွယ်ယူနေစဉ် အပစ်ခံခဲ့ရသည်။ သူမ သည် (၁၉) နှစ်သာ ရှိသေးသည်။ ထိုစဉ် က စ ၍ မြန်မာနိုင်ငံတွင် အရပ်သားများ ၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ကြရ သည်—အများအပြား မှာ ခက်ခက်ခဲခဲ ရရှိထားသည့် ဒီမိုကရက်တစ် အခွင့်အရေးများ နှင့် လွတ်လပ်မှု များ အတွက် ဆန္ဒပြရင်း အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ကလေးငယ် များလည်း အသတ်ခံခဲ့ကြရသည်။ လွတ်လပ်မှု နှင့် ဒီမိုကရေစီ …

Read More»
Show More ∨