အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် ၏ ထုတ်ပြန်ချက်
၂၀၂၂ ဧပြီ ၁၁
၂၀၂၂ မြန်မာနှစ်သစ်ကူး – သင်္ကြန်အခါသမယ ထုတ်ပြန်ချက်သဝဏ်လွှာ
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုပါသည်။
သင်္ကြန်ဆိုသည်မှာ နှစ်ဟောင်းမှ အဆိုးအညစ်တို့ကိုဆေးကြောသန့်စင်သည့် အခါသမယတစ်ခု ဖြစ်ပါသည်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာပြည်သူများသည် စဉ်းစားတွေးထင်ရန်မဖြစ်နိုင်လောက်သည့် ဒုက္ခသုက္ခများကို ရင်ဆိုင်အံတုခဲ့ကြပြီး စစ်အာဏာရှင်အဖွဲ့အစည်းကို ဆန့်ကျင်ရာတွင် ထူးချွန်ပြောင်မြောက်သည့် သူရသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပြသခဲ့ကြပါသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူတို့နှင့်အတူတကွ ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်အဖွဲ့ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် ဆက််လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရန်နှင့် ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေး ရရှိရန် အကူအညီပေးရာတွင် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက်ပင် ရှိပါသည်။
ယခုကဲ့သို့အခက်အခဲကာလတွင် မြန်မာပြည်သူအားလုံးအတွက် မိမိတို့၏နွေးထွေးသောမေတ္တာကို အလေးထားပို့သလိုက်ပါသည်။