the-united-states-provides-16-5-million-in-assistance-to-myanmar-to-respond-to-covid-19

ချက်ချင်းထုတ်ပြန်ရန် ဇူလိုင် ၁၀၊ ၂၀၂၀ ကိုဗစ်–၁၉ တုံ့ပြန်ဆောင်ရွက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ဒေါ်လာ ၁၆.၅ သန်း အကူအညီပေးအပ်   ရန်ကုန်။ ။ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လျော့ပါးရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာသုံးသန်း ထပ်မံ ပေးအပ်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ဖေဖော်ဝါရီလကတည်းက ပေးအပ်လာခဲ့သည်နှင့် ဆိုပါက စုစုပေါင်းဒေါ်လာ ၁၆.၅ သန်း ရှိပြီဖြစ်ပါသည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဤထပ်ဆောင်းရန်ပုံ‌ငွေများကို ထိခိုက်ခံစားလွယ်ပြည်သူများနှင့် ပဋိပက္ခဘေးဒဏ်ခံရသူများအကြား ကိုဗစ်–၁၉ ကူးစက်မှုတိုက်ဖျက်ရေးအတွက် ပေးအပ်သွားမည်ဖြစ်ပါသည်။ “အမေရိကန်ပြည်ထောင်စုဟာ အခုလိုထည့်ဝင်မှုတွေကတစ်ဆင့် မြန်မာနိုင်ငံအတွင်းကပြည်သူတွေအတွက် အသက်ကယ်ဆယ်ရေး အကူအညီတွေပေးအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရကပေးအပ်လာခဲ့တာ အခုဆိုရင် ... Read More»

အမေရိကန်လွတ်လပ်ရေးနေ့သဝဏ်လွှာ

အမေရိကန်လွတ်လပ်ရေးနေ့သဝဏ်လွှာ ဇူလိုင် ၄၊ ၂၀၂၀ အခု ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့၊ ၂၄၄ နှစ်မြောက် ကျွန်တော်တို့နိုင်ငံရဲ့ မွေးနေ့ကို ဂုဏ်ယူစွာနဲ့ဆင်နွှဲသလို ရိုးရှင်းနှိမ့်ချစွာနဲ့လည်း ဆင်နွှဲခြင်းဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်ပြည်ထောင်စုဟာ လူမျိုးရေးဆိုင်ရာ မတရားမှုဆိုတာနဲ့ နပန်းလုံးနေရပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီပြဿနာကို ကျော်လွှားဖို့အတွက် ကာလရှည်ကြာစွာ ကြိုးစားရုန်းကန်လာခဲ့တဲ့ကြားထဲကပဲဆက်ပြီးရင်ဆိုင်ရတာပါ။ နိုင်ငံတစ်ဝန်း အမေရိကန်တွေဟာ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးဆိုတဲ့ဘက်က ရပ်တည်ဖို့အတွက် သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေကို ကျင့်သုံးနေကြတာဖြစ်ပါတယ်။ “လူသားအားလုံး အညီအမျှဖြစ်စေရန် ဖန်တီးထားသည်ဟူသော ပကတိထင်ရှားပြီးဖြစ်သည့် အမှန်တရားများအား ကျွနုပ်တို့စွဲကိုင်ထားရှိပေသည်” ဆိုပြီး လွတ်လပ်ရေးကြေညာစာတမ်းပြုစုရေးဆွဲခဲ့သူတွေက လွန်ခဲ့တဲ့ ၂၄၄ နှစ်တုန်းက အတိအလင်းကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး “ပိုမိုပြီးပြည့်စုံသောပြည်ထောင်စုကြီးတည်ဆောက်ရန်” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ကို တောင်းဆိုထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ... Read More»

မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက်

မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက် ဇွန် ၂၇၊ ၂၀၂၀ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတလျှောက်ရှိ မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်သည့်အစီရင်ခံစာများအပေါ် ကျွန်ုပ်တို့အလွန်အမင်းစိုးရိမ်ပူပန်မိပါသည်။ ထိုစစ်ဆင်ရေးများ၏ သမိုင်းကြောင်းဆိုင်ရာသက်ရောက်မှုများသည် အရပ်သားများအား အချိုးအစားမမျှတစွာ ထိခိုက်မှုများဖြစ်ပေါ်စေကြောင်းကျွန်ုပ်တို့သတိပြုမိပါသည်။ အထူးသဖြင့် ကိုဗစ်၁၉ နှင့်မုတ်သုန်ရာသီနဲ့ ပတ်သက်ပြီး ရပ်ရွာအဖွဲ့အစည်းများက တုံ့ပြန်ဆောင်ရွက်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများကိုလည်း သင့်တော်သည့် အကူအညီ ပေးနိုင်ရေးအတွက် အတားအဆီးမရှိသွားရောက်နိုင်ရေးကိုလည်း ခွင့်ပြုရမည်ဖြစ်သည်။ အရပ်သားများ၊ ယင်းတို့၏ပိုင်ဆိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများကို အကာအကွယ်‌ပေးရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။ ကျောက်တန်းကျေးရွာအုပ်စုတလျှောက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရခြင်းသည် ရခိုင်ပြည်နယ်၏ နေရပ်စွန့်ခွာနေထိုင်သူဦးရေကို သိသာထင်ရှားစွာ ပိုမိုများပြားလာစေပါလိမ့်မည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကိုမီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ရွာသားများအားဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ကျွန်ုပ်တို့သတိပြုမိပါသည်။ မိမိနေရပ်ကိုစွန့်ခွာပြီး ... Read More»

မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက်

မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက် ဇွန် ၂၁၊ ၂၀၂၀ လူဦးရေ တစ်သန်းနီးပါရှိသော ပြည်သူများအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှုကို ပြတ်တောက်စေခဲ့သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အချို့နေရာများ၌ မိုဘိုင်းဒေတာ ဝန်ဆောင်မှု ဖြတ်တောက်ထားခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ်ပါသည်။ ယင်းသို့ဖြတ်တောက်ထားခဲ့ချိန်မှစ၍ သတင်းဌာနများနှင့် သတင်းထောက်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများလည်း ဖြစ်စေခဲ့ပါသည်။ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးနှင့်မျှဝေနိုင်ရေးအတွက် အင်တာနက်နှင့် မီဒီယာရရှိရေးမှာ အထူးသဖြင့် ရွေးကောက်ပွဲကာလ နီးကပ်လာချိန်နှင့် ကိုဗစ်–၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လွန်စွာအရေးကြီးပါသည်။ တစ်ချိန်တည်းတွင်လည်း ပဋိပက္ခကာလတစ်ခုအတွင်း၌ပင် အင်တာနက် ကန့်သတ် ချုပ်ချယ်ထားသည့် နယ်မြေများအတွင်း ပြည်သူများနှင့်အပြန်အလှန်ဆက်သွယ်ရေးမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ကူးစက်ပျံ့ပွားမှု ကာကွယ်တားဆီးရန်ကျန်းမာရေးကဏ္ဍအတွက်  လွန်စွာအရေးပါလှပါသည်။ မည်သူမဆို နောက်ဆုံးဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို ... Read More»

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုအကူအညီပေးအပ်မှု ဒေါ်လာ ၁၃.၅ သန်းနီးပါးခန့်ရှိလာ

ချက်ချင်းထုတ်ပြန်ရန် ဇွန် ၁၇၊ ၂၀၂၀ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုအကူအညီပေးအပ်မှု ဒေါ်လာ ၁၃.၅ သန်းနီးပါးခန့်ရှိလာ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာလေးသန်း ထပ်မံပေးအပ်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ၂၀၂၀ ဖေဖော်ဝါရီလကတည်းက ပေးအပ်လာခဲ့သည်နှင့်ဆိုပါက စုစုပေါင်းဒေါ်လာ ၁၃.၅ သန်းရှိပြီဖြစ်ပါသည်။ ဤထပ်ဆောင်းအကူအညီများကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီသည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေအစီအစဉ် ကတစ်ဆင့် မြန်မာပြည်သူများကို ပေးအပ်မည်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရမည့် နယ်ပယ်ဧရိယာများကို ရှာဖွေသတ်မှတ်ရန် မြန်မာအစိုးရ၊ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးအပ်သည့် မိတ်ဖက်အဖွဲ့အစည်းများ၊ အခြားပါဝင်ပတ်သက်သူများနှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အသက်ကယ်ဆယ်ရေးအကူအညီများကို ပေးအပ်လျက်ရှိပါသည်။ “မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ ဒီအမေရိကန်အကူအညီ ... Read More»

ပညာသင်ဆုနှင့်နှီးနှောဖလှယ်ရေးအစီအစဉ် အခွင့်အလမ်းများကို အမေကန်သံရုံးကကြေညာခြင်း

ချက်ချင်းထုတ်ပြန်ရန် မေ ၁၉၊ ၂၀၂၀ ပညာသင်ဆုနှင့်နှီးနှောဖလှယ်ရေးအစီအစဉ် အခွင့်အလမ်းများကို အမေကန်သံရုံးကကြေညာခြင်း ရန်ကုန်။ ။ အမေရိကန်အစိုးရကပေးအပ်သော ၂၀၂၀–၂၀၂၁ ပညာသင်နှစ်အတွက် ပညာသင်ဆုနှင့် နှီးနှောဖလှယ်ရေးအစီအစဉ် လေးခု အတွက် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်သည့်အကြောင်း အမေရိကန်သံရုံးက ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ယင်းပညာသင်ဆုအစီအစဉ်များတွင် အမေရိကန်ပြည်ထောင်စုတွင် မဟာဘွဲ့ တက်ရောက်ရယူရမည့် အလုံးစုံပံ့ပိုးပေးသော လင်ကွန်းပညာသင်ဆု (Lincoln Scholarship) နှင့် နိုင်ငံရပ်ခြား ကျောင်းသားများအတွက် ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Student Scholarship)၊ ဘွဲ့ရအဆင့်များ အတွက် တစ်နှစ်တာ တက်ရောက်ရမည့် ဟူးဘတ် အိပ်ချ် ဟမ်ဖရီ ဖဲလိုရှစ် (Hubert H. Humphrey Fellowship) နှင့် ဆရာ၊ ဆရာများအတွက် နိုင်ငံခြားဘာသာစကားသင်ကြားမှု ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright ... Read More»

သံအမတ်ကြီးစကော့မာစီရယ်၏ နှုတ်ဆက်စကား

သံအမတ်ကြီးစကော့မာစီရယ်၏ နှုတ်ဆက်စကား မင်္ဂလာပါ။ ကျွန်တော် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးစကော့မာစီရယ်ပါ။  အခုဒီမြန်မာနိုင်ငံမှာ လေးနှစ်ကျော်တာဝန်ထမ်းဆောင်ပြီး တာဝန်ပြီးဆုံးတော့မှာဖြစ်လို့ အမေရိကန်ပြည်ထောင်စုကိုပြန်ရတော့မှာဖြစ်ပါတယ်။ ကျွန်တော့မိသားစုအတွက် အချိန်ပေးဖို့ မျှော်လင့်စောင့်စားနေပေမဲ့ ဒီမှာရှိတဲ့ ကျွန်တော့မိတ်ဆွေများစွာ၊ ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာများစွာကိုလည်း သတိရအောက့်မေနေမှာပါ။  အခုလိုခွဲခွာခါနီးမှာ မိနစ်အနည်းငယ်ယူပြီး နှုတ်ဆက်စကား အနည်းငယ်ပြောကြားလိုပါတယ်။  ကျွန်တော် ဒီမရောက်ခင် ဒီမြန်မာနိုင်ငံမှာနေခဲ့ဖူးတဲ့မိတ်ဆွေတွေကပြောပါတယ် ကျွန်တော် ဒီနိုင်ငံမှာ အချိန်အတိုင်းအတာတစ်ခု နေပြီးသွားတာနဲ့တစ်ပြိုင်နက် ဒီနိုင်ငံဟာ ကျွန်တော့ စိတ်ထဲ၊ ကျွန်တော့နှလုံးသားထဲမှာ ထာဝရစွဲထင်သွားမှာဖြစ်ပါတယ်တဲ့။ အဲဒါဟာ အမှန်ပဲဆိုတာ ကျွန်တော် အခုသိပါပြီ။ အမေရိကန်တွေတော်တော်များများလိုပါပဲ ဒီနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခု တည်ဆောက်ကြဖို့အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြတာတွေ၊ လူတော်တော်များများ စွန့်လွှတ်အနစ်နာခံကြရတာတွေဟာ ကျွန်တော့မှာရင်ထဲမှာ ရိုက်ခတ်စွဲထင် ကျန်ရစ်နေခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုလိုပါပဲ မိတ်ဆွေတို့ဟာလည်း ထူးထူးခြားခြား မတူကွဲပြားမှုတွေပေါင်းစုံနေတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ထဲကနေပြီး ပိုပြီး ပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးတစ်ခု ... Read More»

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ ၇.၃ သန်း အကူအညီပေးအပ်ခြင်း

ချက်ချင်းထုတ်ပြန်ရန် ဧပြီ ၂၈၊ ၂၀၂၀ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ ၇.၃ သန်း အကူအညီပေးအပ်ခြင်း   ရန်ကုန်။ ။ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျော့ပါးသက်သာရေးအတွက် နောက်ထပ် ‌ဒေါ်လာ ၃.၅ သန်း ထပ်မံအကူအညီ ပံ့ပိုးပေးရန် အမေရိကန်အစိုးရက ကတိကဝတ်ပြုလိုက်ပါသည်။ ယခုအကူအညီသည် ဖေဖော်ဝါရီလကတည်းက ပေးအပ်ခဲ့သော အကူအညီများနှင့် ဆိုလျှင် စုစုပေါင်း ဒေါ်လာ ၇.၃ သန်းရှိပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) သည် ယခုထပ်ဆောင်းရန်ပုံငွေများကို ထိခိုက်လွယ်ပြည်သူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) နှင့် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းများကို ပေးအပ်ပါသည်။ အမေရိကန်အစိုးရသည် ... Read More»

အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံသည် ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရေး၊ ရေရှည်ကြံ့ကြံ့ခံ ရပ်တည်နိုင်မှု တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည်နိုးထရေး…

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံး ချက်ချင်းထုတ်ပြန်ရန် ဧပြီ ၂၂ ၊ ၂၀၂၀ အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံသည် ကိုဗစ်–၁၉ ရောဂါကို တိုက်ဖျက်ရေး၊ ရေရှည်ကြံ့ကြံ့ခံ ရပ်တည်နိုင်မှု တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည်နိုးထရေးကို အထောက်အပံ့ပြုလုပ်ရန် လက်တွဲဆောင်ရွက် လျက်ရှိသည်   သတင်းထုတ်ပြန်ချက် မိုက်ကယ်အာပွန်ပဲယိုး၊ နိုင်ငံခြားရေးဝန်ကြီး ဧပြီ ၂၂၊ ၂၀၂၀ ကျွန်တော်တို့အနေဖြင့် ကိုဗစ်–၁၉ ကပ်ရောဂါကို တုံ့ပြန်ဖြေရှင်းပြီး စီးပွားရေးပြန်လည်နိုးထမှုအတွက် စီစဉ်ဆောင်ရွက်ရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများသည် အတူတကွရပ်တည်ပေးကြသည့် မဟာဗျူဟာမြောက် လက်တွဲဖက်နိုင်ငံများဖြစ်ပါသည်။ ဤကပ်ရောဂါကို တိုက်ဖျက်ရန်နှင့် ဒေသတွင်း၌ လင်းလက်တောက်ပသည့် အနာဂတ်အား အတူတကွတည်ဆောက်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်ရန်အတွက် အာဆီယံနှင့်အတူ ကျွန်တော်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ကိုင်သွားရန် ကတိပြုထားပါသည်။ အမေရိကန်ပြည်ထောင်စုအတွင်းသို့ အရေးကြီးသော ဆေးပစ္စည်းလိုအပ်ချက်များအား အဆက်မပြတ် ဝင်ရောက်စီးဆင်းမှုကို ... Read More»

အမေရိကန်-အာဆီယံ အနာဂတ်ကျန်းမာရေး အစီအစဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံး ချက်ချင်းထုတ်ပြန်ရန် ဧပြီ ၂၂ ၊ ၂၀၂၀ အမေရိကန်–အာဆီယံ အနာဂတ်ကျန်းမာရေး အစီအစဉ် အချက်အလက်များ ပြောခွင့်ရပုဂ္ဂိုလ်ရုံး ဧပြီ ၂၂၊ ၂၀၂၀ အမေရိကန်–အာဆီယံ ကျန်းမာရေး အနာဂတ် အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးက ယနေ့စတင်လိုက်သည်။ အနာဂတ် ကျန်းမာရေး အစီအစဉ်သည် မိမိတို့အားလုံးပေါင်း တစ်ဘီလျံရှိသော ပြည်သူများ၏ ကျန်းမာသုခအတွက် အာဆီယံနှင့်အတူ မိမိတို့၏ ရှိနှင့်ပြီးသောလုပ်ငန်းများနှင့် လက်ရှိလုပ်ငန်းတို့ကို အခြေခံ၍  ရေရှည်တွဲဖက်ဆောင်ရွက်မှု၊ ရည်ရွယ်လုပ်ဆောင်သည့် အကူအညီနှင့် ကျွန်ုပ်တို့၏ အခြေခံအကျဆုံးသော အရင်းအမြစ်အပေါ် ပြန်လည်ဆန်းသစ်ထားသည့် အာရုံစိုက် လုပ်ဆောင်မှုတို့အပေါ် အုတ်မြစ်ချထားပါသည်။ အမေရိကန်ပြည်ထောင်စုသည် အလေးအနက်ထား၍ ရေရှည်တည်တံ့သော ဆက်ဆံမှုကိုတစ်ရပ်၏ သမိုင်းကြောင်းအဆင့်ကို ကိုယ်စားပြုကာ အာဆီယံနိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အားလုံးနှင့် သက်ဆိုင်သော ... Read More»

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း တိုက်ခိုက်ခံရမှု အမေရိကန်ရှုတ်ချ

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း တိုက်ခိုက်ခံရမှု အမေရိကန်ရှုတ်ချ   သတင်းထုတ်ပြန်ချက် မော်ဂန်အော်တဂပ်(စ်)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဧပြီ ၂၂၊ ၂၀၂၀   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦးအသက်ဆုံးရှုံး၍ ကျန်းမာရေးဝန်ထမ်းတစ်ဦးဒဏ်ရာရရှိစေခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှတ်အသား ရှင်းလင်းစွာပါရှိသည့် ကားတစ်စီး ရခိုင်ပြည်နယ်အတွင်း ဧပြီလ ၂၀ ရက်က တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချပါသည်။ ဤမြန်မာနိုင်ငံသားနှစ်ဦးသည် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေစဉ်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မိမိတို့နားလည်ပါသည်။ ဤကမ်းကုန်သောလုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း ထိခိုက်လွယ်သောပြည်သူများအတွက် ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းအားထုတ်မှုကို အားနည်းစေပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ရန် အမြန်ဆုံးလိုအပ်နေပြီ ဖြစ်သည့်အကြောင်း ထပ်မံ၍မီးမောင်းထိုးပြနေပါသည်။ ဗိုင်းရပ်ပြန့်ပွားမှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကိုလည်း အဟန့်အတားဖြစ်စေပါသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြည့်ပြည့်ဝဝဆောင်ရွက်ရန်နှင့် ကျူးလွန်သူများကို တရားဥပဒေအတိုင်း စီမံဆောင်ရွက်ပေးပါရန် မြန်မာအာဏာပိုင်များကို မိမိတို့တိုက်တွန်းပါသည်။ ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ... Read More»

ရခိုင်ပြည်နယ်အတွင်း ကမ္ဘာကျန်းမာရေးအဖွဲ့ တိုက်ခိုက်ခံရမှုအတွက် သံရုံးကြေညာချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦးအသက်ဆုံးရှုံး၍ ကျန်းမာရေးဝန်ထမ်းတစ်ဦးဒဏ်ရာရရှိစေခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှတ်အသား ရှင်းလင်းစွာပါရှိသည့် ကားတစ်စီး ရခိုင်ပြည်နယ်အတွင်း ဧပြီလ ၂၀ ရက်က တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချပါသည်။ ဤရဲရင့်သော မြန်မာနိုင်ငံသားနှစ်ဦးသည် သေစေနိုင်သောဗိုင်းရပ်စ်ဘေးမှ နိုင်ငံတစ်ဝန်းပြည်သူအားလုံးကို ကာကွယ်ရန်ကြိုးပမ်းအားထုတ်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးစစ်ဆေးရန်အတွက် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ပါသည်။ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြည့်ပြည့်ဝဝဆောင်ရွက်ရန်နှင့် ကျူးလွန်သူများကို တရားဥပဒေအတိုင်းစီမံဆောင်ရွက်ပေးပါရန် အာဏာပိုင်များကို မိမိတို့ တိုက်တွန်းပါသည်။ Read More»

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံး ချက်ချင်းထုတ်ပြန်ရန် ဧပြီလ ၁၅၊ ၂၀၂၀     အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၅ ရက် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနိုင်ငံတကာအထူးအဖွဲ့ခေါင်းဆောင် ဒေါက်တာဘာဘရာမာစတန်နှင့် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) ၏ ထိုင်းနိုင်ငံဆိုင်ရာဌာနေညွှန်ကြားရေးမှူး ဒေါက်တာ ဂျွန်မက်အာသာတို့၏ တယ်လီဖုန်းဖြင့်ပြုလုပ်သည့်ဆွေးနွေးပွဲမှ ကောက်နုတ်ချက် အစီအစဉ်မှူး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ မနီလာမြို့မှာရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်-မီဒီယာဗဟိုစင်တာကနေ အားလုံးကို မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က မီဒီယာစင်တာရဲ့ ဒါရိုက်တာ Zia Syed ဖြစ်ပါတယ်၊ ဒီဆွေးနွေးပွဲမှာ ဖုန်းနဲ့ဆက်သွယ်ပါဝင်သူတွေကို ကြိုဆိုပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ အန္တလန္တာမြို့ကနေ ဝင်ရောက်ဆွေးနွေးပေးတဲ့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) ... Read More»

မြန်မာနှစ်သစ်ကူး – အတာသင်္ကြန်ပွဲတော်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံး ချက်ချင်းထုတ်ပြန်ရန် ဧပြီ ၁၃၊ ၂၀၂၀ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တဂပ်(စ်) ၏ ဆုတောင်းသဝဏ်လွှာထုတ်ပြန်ချက် မြန်မာနှစ်သစ်ကူး – အတာသင်္ကြန်ပွဲတော် မြန်မာပြည်သူများ မင်္ဂလာရှိသော အတာသင်္ကြန်၊ နှစ်သစ်ကူးအချိန်အခါသမယ ဖြစ်ကြပါစေကြောင်း အမေရိကန်ပြည်ထောင်စု အစိုးရကိုယ်စား မိမိ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ခိုင်မာအားကောင်းသောဒီမိုကရေစီတစ်ရပ်တည်‌ဆောက်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့်အပြန့်ကျယ်သောဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့်သာယာဝပြောမှုဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြသော မြန်မာပြည်သူများနှင့်အတူ ဆယ်စုနှစ်များစွာ မိတ်ဖက်အဖြစ်လက်တွဲလာခဲ့ပါသည်။ ယခုကဲ့သို့သော နှစ်သစ်အချိန်အခါသမယ၊ အထူးသဖြင့် မိမိတို့နှစ်နိုင်ငံလုံးရော အခြားနိုင်ငံများပါ ကိုဗစ်-၁၉ ကပ်ရောဂါရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်အခါတွင် အတူတကွလက်တွဲဆောင်ရွက်သွားမည့် မိမိတို့၏သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပါသည်။ မြန်မာပြည်သူအားလုံး လာမည့်နှစ်သစ်အတွင်း ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း မိမိတို့ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။   ### Read More»

COVID-19 ကမ္ဘာ့ကပ်ဘေး တိုက်ဖျက်ရေး အာဆီယံသို့ အမေရိကန်ပြည်ထောင်စု၏ အကူအညီ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံး ချက်ချင်းထုတ်ပြန်ရန် မတ် ၃၁၊ ၂၀၂၀   COVID-19 ကမ္ဘာ့ကပ်ဘေး တိုက်ဖျက်ရေး အာဆီယံသို့ အမေရိကန်ပြည်ထောင်စု၏ အကူအညီ COVID-19 ရောဂါကို တုံ့ပြန်ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဦးဆောင်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်ရေး၌ အာဆီယံမိတ်ဖက် နိုင်ငံများသို့ အကူအညီများ လျင်မြန်စွာပေးအပ်လျက်ရှိပါသည်။ ကပ်ဘေးဆိုက်ရောက်သည့် အချိန်ကတည်းကစ၍ အမေရိကန်အစိုးရသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အရေးပေါ် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၈.၃ သန်းခန့် ပေးအပ်ခဲ့ပြီး ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်အထိ အဓိက လိုအပ်သောနိုင်ငံများ သို့ အမေရိကန်ပြည်ထောင်စု ... Read More»

အမေရိကန်နိုင်ငံသားများ နေရပ်ပြန်ခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံးသတင်းထုတ်ပြန်ချက်

ချက်ချင်းထုတ်ပြန်ရန် ဧပြီ ၆၊ ၂၀၂၀   အမေရိကန်နိုင်ငံသားများ နေရပ်ပြန်ခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံးသတင်းထုတ်ပြန်ချက်   တစ်ခါမျှမကြုံဖူးသော ယခုကဲသို့ အခက်အခဲ ကာလအတွင်း နေရပ်ပြန်ကြသူ အမေရိကန်နိုင်ငံသားများနှင့် အမေရိကားတွင် နေထိုင်သူ ၂၆၇ ဦးကို အမေရိကန်သံရုံးက ယနေ့အကူအညီများပေးအပ်ခဲ့ပါသည်။ အမေရိကန်အစိုးရက စီစဉ်ပေးသော လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားကြသူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အိမ်ပြန်ရောက်ကြပါစေကြောင်း မိမိတို့ ဆုမွန်ကောင်းတောင်းပါသည်။ ဤလေယာဉ်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အကူအညီပေးအပ်ကြသော မြန်မာအာဏာပိုင်များကိုလည်း ကျေးဇူးအထူးတင်ပါသည်။ မြန်မာနိုင်ငံသားများအတွက်လည်း အမေရိကန်သံရုံးသည် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရပ်ရွာလူမှုအဖွဲ့အစည်းများနှင့်အတူ အနီးကပ်လက်တွဲ၍ တစ်စိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ ရေနှင့်ကျန်းမာသန့်ရှင်းရေးအထောက်အပံ့ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစီမံခန့်ခွဲရေး၊ ရောဂါစောင့်ကြပ် ... Read More»

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ၏ ထုတ်ပြန်ချက် ဧပြီ ၁ ရက် ၂၀၂၀  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာအရပ်ရပ်မှ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အပစ်အခတ်ရပ်စဲကြရန် မတ်လ(၂၃)ရက်နေ့က ကြေငြာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပါသည်။ ပူးတွဲဖော်ပြပါနိုင်ငံအသီးသီးမှ သံအမတ်များကလည်း အတွင်းရေးမှူးချုပ်၏တိုက်တွန်းချက်အား သဘောတူထောက်ခံကြပါသည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲအရှိန်မြင့်လျက်ရှိပြီး အရပ်သားများနေရပ်စွန့်ခွာရခြင်း၊ အသက်ဆုံးရှုံးရခြင်းများကိုသိရှိရပြီး  အခြားသောဒေသများတွင်လည်း ပဋိပက္ခအလားအလာများကို ကြားသိရသည့်အတွက် အမှန်ပင်စိုးရိမ်မိပါသည်။ ယခုအချိန်တွင် ကမ္ဘာအရပ်ရပ်မှ နိုင်ငံများအားလုံးအနေဖြင့် Covid-19ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် အတိဒုက္ခရောက်နိုင်သည့် အခြေအနေတွင်ရှိနေသူများအား ကာကွယ်စောင့်ရှောက်ရန် ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ပါသည်။ စစ်ရေးပဋိပက္ခသည် စစ်ဘေးကြောင့်ဒုက္ခရောက်နေသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ဖယ်ကျဥ်ခံရသူများ နှင့် နေရပ်စွန့်ခွာရသူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကိုနှောင့်နှေးစေပြီး အကူအညီများကိုလည်း အဟန့်အတားဖြစ်စေပါသည်။ စစ်မက်ဖြစ်ပွားလျက်ရှိသည့်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီရရှိရန်မှာ အထူးပင်အရေးကြီးလျက်ရှိပါသည်။ အင်တာနက်နှင့်သတင်းမီဒီယာများမှတဆင့် ... Read More»

ချက်ချင်းထုတ်ပြန်ရန် မတ် ၁၈၊ ၂၀၂၀ လတ်တလောအဆုတ်ရောင်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကိုတုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအား အမေရိကန်က ထပ်တိုးအကူအညီပေးအပ်ခြင်း   ရန်ကုန်။ ။ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ပြန့်ပွားမှု လျော့ပါးသက်သာရေးအတွက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ တစ်ဦးမှတစ်ဦးသို့အလွယ်တကူကူးစက်တတ်သော ရောဂါအတွက် အရေးပေါ် အရန် ရန်ပုံငွေ အစီအစဉ်မှနေ၍ ‌ဒေါ်လာ ၁.၈ သန်း ငွေကြေးအကူအညီ ထောက်ပံ့ပေးရန် အမေရိကန်အစိုးရက ရည်သန်ကတိပြုထားပါသည်။ USAID သည်ယခုရန်ပုံငွေများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် USAID’s “Breakthrough Action” စီမံကိန်း၏မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော Save the Children နှင့် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တို့ကိုပေးအပ်ခြင်းဖြစ်ပါသည်။ USAID သည် ... Read More»

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ကျဆုံးခဲ့သော အမေရိကန်စစ်သည်များအားဂုဏ်ပြုသည့် အခမ်းအနားကျင်းပခြင်း

ချက်ချင်းထုတ်ပြန်ရန် မတ် ၁၂၊ ၂၀၂၀   ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ကျဆုံးခဲ့သော အမေရိကန်စစ်သည်များအားဂုဏ်ပြုသည့် အခမ်းအနားကျင်းပခြင်း   မန္တလေး။            ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (ဒီပီအေအေ) ၏ အစီအစဉ်ကတစ်ဆင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ ဆာလင်းကြီး ဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံး၊ ပျောက်ဆုံး ကျန်ရစ်ခဲ့သော အမေရိကန် စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို အမေရိကန် ပြည်ထောင်စုက ယနေ့ ပြန်လည် သယ်ယူပို့ဆောင်ခဲ့ပါသည်။ ဤရုပ်ကြွင်းများသည် မည်သူမည်ဝါ၊ မည်သည့်အရာ ဖြစ်ကြောင်း ဖြစ်နိုင်ခြေ ရှိသည်များကို ဆက်လက်ခွဲခြမ်းစိတ်ဖြာရန်နှင့် ရှာဖွေဖော်ထုတ်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ ဒီပီအေအေ၏ဓာတ်ခွဲခန်းသို့ ပို့ဆောင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းမှ ဒုတိယအကြိမ်အဖြစ် ပြန်လည်သယ်ယူပို့ဆောင်သည့် အခမ်းအနားကို မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ... Read More»

COVID-19 အတွက် အမေရိကန်နိုင်ငံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအားကူညီခြင်း

ချက်ချင်းထုတ်ပြန်ရန် မတ် ၆၊ ၂၀၂၀။ COVID-19 အတွက် အမေရိကန်နိုင်ငံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအားကူညီခြင်း   နေပြည်တော် – ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့နိုင်ချေရှိသည့် အခြေအနေအားလုံး အတွက် ကြိုတင်ပြင်ဆင်ရာတွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအား ဆက်လက်ကူညီ ပေးလျက်ရှိသလို မိတ်ဖက်အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ မတ် ၆ရက်တွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဌာနေညွှန်ကြားရေးမှူး ထရီဆာ မက်ဂီးက တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား ပေးအပ်လိုက်ပါသည်။ အလွယ်တကူကူးစက် တတ်သောရောဂါများအတွက် USAID ၏ အရေးပေါ်သီးသန့်ရန်ပုံငွေထဲမှနေ၍ မြန်မာနိုင်ငံ အပါအဝင် (COVID-19) ဒဏ်ခံရသောနိုင်ငံ ၂၅ခုသို့ ဒေါ်လာ ၃၇သန်း အကူအညီပေးသွားမည့် မကြာသေးမီက ကြေညာချက်နှင့် ပတ်သက်၍ မစ္စ ... Read More»

လင်ကွန်းပညာတော်သင်ဆုအစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုတွင် မဟာဘွဲ့တက်ရောက်ကြမည့် ပညာတော်သင် ၁၇ ဦးအား သံအမတ်ကြီးကဂုဏ်ပြုခြင်း

ချက်ချင်းထုတ်ပြန်ရန် ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀ လင်ကွန်းပညာတော်သင်ဆုအစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုတွင် မဟာဘွဲ့တက်ရောက်ကြမည့် ပညာတော်သင် ၁၇ ဦးအား သံအမတ်ကြီးကဂုဏ်ပြုခြင်း ရန်ကုန်။ ။ မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခုတို့မှ လူငယ်ခေါင်းဆောင် ၁၇ ဦးသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ လင်ကွန်းပညာတော်သင်ဆု အစီအစဉ်ဖြင့် ယခုနှစ်နှောင်းပိုင်းတွင် အမေရိကန်တက္ကသိုလ်များ၌ ကျောင်းတက်ကြမည့် အကြောင်း အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ယနေ့ကြေညာလိုက်ပါသည်။ “မြန်မာနိုင်ငံအောင်မြင်တာကို အမေရိကန်ပြည်ထောင်စုက မြင်တွေ့ချင်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ တစ်ဝန်းက ဒီလူငယ်ခေါင်းဆောင် ၁၇ ဦးကို အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့ တက်ရောက်သင်ယူဖို့ စေလွှတ်ရတဲ့ အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာနိုင်ငံတစ်ဝန်းကထူးချွန်ထက်မြက်တဲ့ လူငယ်တွေ ပညာရေးနဲ့ ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ အတွေ့အကြုံတွေရရှိစေဖို့အတွက် ကျွန်တော်တို့ အခုလိုပညာသင်ဆုတွေ ... Read More»

သမ္မတ၏ကြေညာချက်အရ မြန်မာနိုင်ငံအပေါ်ဗီဇာကန့်သတ်ချက်နှင့်စပ်လျဉ်း၍ အမေးများသောမေးခွန်းများနှင့်အဖြေများ

၂၀၂၀၊ ဇန်နဝါရီ ၃၁ ရက်ကထုတ်ပြန်ခဲ့သော နောက်ကြောင်းရာဇဝင်စုံစမ်းခြင်းနှင့် ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်မြှင့်တင်မှုဆိုင်ရာ သမ္မတ၏ကြေညာချက်အရ မြန်မာနိုင်ငံအပေါ်ဗီဇာကန့်သတ်ချက်နှင့်စပ်လျဉ်း၍ အမေးများသောမေးခွန်းများနှင့်အဖြေများ မေးခွန်း။ ဒီကြေညာချက်က အမေရိကန်ပြည်ထောင်စုကို ခရီးသွားမယ့် မြန်မာနိုင်ငံသားအားလုံးကို တားမြစ်ကန့်သတ်တာလား။ အဖြေ။ မဟုတ်ပါဘူး။ ဒီကြေညာချက်က သတ်မှတ်ချက်ထဲမှာပါတဲ့ နိုင်ငံတွေကနေ ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာ (immigrant) နဲ့ ဒီဗီ ဗီဇာ (diversity visa) လျှောက်ထားသူတွေကိုပဲ ကန့်သတ်တာပါ။ အခြေမစိုက်ဗီဇာတွေဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာတွေမပါဝင်ပါဘူး။ မေးခွန်း။ ကန့်သတ်မှုအသစ်က ဘယ်တော့ စပြီးအကျုံးဝင်မလဲ။ အဖြေ။ စပြီးအကျူံးဝင်မှာက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်ပါ။ မေးခွန်း။ ကျွန်တော်/ကျွန်မက ဗီဇာရထားပြီးပါပြီ။ အဲဒီဗီဇာ ပြန်ရုပ်သိမ်းမှာလား။ အဖြေ။ ဒီကြေညာချက်အရ ရထားပြီးသားဗီဇာကို ... Read More»

အမေရိကန်သံအမတ်ကြီးဦးဆောင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မန္တလေးသို့သွားရောက်ခြင်း

ချက်ချင်းထုတ်ပြန်ရန် ဖေဖော်ဝါရီ ၅၊ ၂၀၂၀ အမေရိကန်သံအမတ်ကြီးဦးဆောင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မန္တလေးသို့သွားရောက်ခြင်း မန္တလေး။ ။ အမေရိကန်သံအမတ်ကြီးစကော့မာစီရယ်သည် အမေရိကန်ပြည်ထောင်စုနှင့်ဒေသတွင်းရှိ ကုမ္ပဏီ ၁၃ ခု၊ အမေရိကန် ကုန်သည်ကြီးများအသင်း (မြန်မာ)၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်​ဆောင်မှုအဖွဲ့တို့ ပါဝင်သော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တစ်ခုကိုဦးဆောင်၍ မန္တလေးသို့သွားရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှု တိုးချဲ့ရေးနှင့် စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရေးအတွက် အခွင့်အလမ်းများကို စူးစမ်းရှာဖွေကြခြင်းဖြစ်ပါသည်။ အမေရိကန်စီးပွားရေးအဖွဲ့၏ နှစ်ရက်တာမန္တလေးခရီးစဉ်အတွင်း စီးပွားရေးကိုယ်စားလှယ်အယောက် ၂၀ သည် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အချိတ်အဆက် ရရှိရန်အတွက် စီးပွားရေးလုပ်ငန်းပြပွဲတစ်ခုကိုလည်း တက်ရောက်ခဲ့ကြပါသည်။ “မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် ... Read More»

နောက်ကြောင်းရာဇဝင်စုံစမ်းခြင်းနှင့် ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်မြှင့်တင်မှုဆိုင်ရာ သမ္မတ၏ကြေညာချက် အပေ

ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်မှုနှင့် ကမ္ဘာတစ်ဝန်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုကာလတစ်ခုအပြီး ဇန်နဝါရီ ၃၁ ရက်တွင် နောက်ကြောင်းရာဇဝင်စုံစမ်းခြင်းနှင့် ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်မြှင့်တင်မှုဆိုင်ရာ ကြေညာချက်တစ်စောင် (Proclamation on Improving Enhanced Vetting Capabilities and Processes for Detecting Attempted Entry) ကို သမ္မတက လက်မှတ်ရေးထိုးလိုက်ပါသည်။ အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးနှင့် လူမှုဘဝဖူလုံရေးကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ သတင်းအချက်အလက် မျှဝေကျင့်သုံးမှု အားနည်းသည့် သက်ဆိုင်ရာ နိုင်ငံများမှ နိုင်ငံသားများကို ပြည်ဝင်ခွင့်ကန့်သတ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမိမြေလုံခြုံရေးဌာနကို ဤကြေညာချက်ဖြင့် ညွှန်ကြားလိုက်ပါသည်။ တစ်ဦးတစ်ယောက်ချင်း၏ အကြောင်းကိစ္စပေါ်မူတည်၍ အကန့်အသတ်ဖြင့် ခြွင်းချက်နှင့် ဖြေလျှော့ပေးခြင်း ရှိနိုင်ပါသည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံမှ နိုင်ငံသားများ ကန့်သတ်ခြင်းခံရခြင်းတွင် ... Read More»

အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းက မြန်မာနိုင်ငံအောက်ပိုင်းအတွက် စာအုပ် ၉၀၀၀ ကျော်လှူဒါန်းခြင်း

ချက်ချင်းထုတ်ပြန်ရန် ဇန်နဝါရီ ၃၀၊ ၂၀၂၀ အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းက မြန်မာနိုင်ငံအောက်ပိုင်းအတွက် စာအုပ် ၉၀၀၀ ကျော်လှူဒါန်းခြင်း   ရန်ကုန်၊ မြန်မာ။ ။မြန်မာနိုင်ငံအတွင်းရှိ ပညာရေးဆိုင်ရာအဖွဲ့အစည်း ၁၃၉ ခုအတွက် စာအုပ်ပေါင်း ၉၀၀၀ ကျော် အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းလှူဒါန်းသည့် အခမ်းအနားတစ်ခု အမေရိကန်စင်တာ ရန်ကုန်တွင် ယနေ့ကျင်းပခဲ့ပါသည်။ အာရှဖောင်ဒေးရှင်းသည် အမေရိကန်သံရုံး၊ မြန်မာနိုင်ငံ အမျိုးသား စာကြည့်တိုက်နှင့် ပူးပေါင်းကာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေထားသော ပညာရေးဆိုင်ရာ အရည်အသွေးမြင့် စာအုပ်များနှင့် ကလေးစာပေစာအုပ်များကို မြန်မာနိုင်ငံအတွက် လှူဒါန်း လာခဲ့သည်မှာ ၂၀၀၇ ခုနှစ်ကတည်းကဖြစ်ပါသည်။ လွန်ခဲ့သည့် ၁၃ နှစ်တာ ကာလအတွင်း အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်း သည် နိုင်ငံတစ်ဝန်း ပညာရေးဆိုင်ရာအဖွဲ့အစည်းများအတွက် စာအုပ်ပေါင်း ၂၈၀,၀၀၀ ... Read More»

သံအမတ်ကြီးမာစီရယ် ရန်ကုန်တက္ကသိုလ်၌ အထူးဟောပြောချက်

သံအမတ်ကြီးစကော့မာစီရယ်။ ။ အခုလိုမိတ်ဆက်စကားပြောကြားပေးတဲ့ ပါမောက္ခ ချောချောစိန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကိုယ်ရေးရာဇဝင်မှာ အရေးပါတဲ့အချက်ကတော့ ဆရာမလိုပါပဲ ကျွန်တော်လည်း နိုင်ငံတကာဆက်ဆံရေးပညာရပ်ကို သင်ယူခဲ့ရတာပါ။ ကျွန်တော် ဒီဘာသာရပ်ကို ဘွဲ့ကြိုဘာသာရပ်အနေနဲ့ သင်ယူခဲ့ပါတယ်။ နောက်တစ်ခါ ဘွဲ့လွန်အနေနဲ့လည်းထပ်ပြီး သင်ယူခဲ့ပါသေးတယ်။ ရလဒ်ကတော့ ကျွန်တော် သံတမန်တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ကောင်းခဲ့ပါတယ်။  ကောင်းသောမနက်ခင်းပါ။ ဒီနေ့အခုလိုအချိန်ပေးပြီးလာကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ပါမောက္ခကြီး ပြောသွားသလိုပါပဲ။ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဟောပြောပေးဖို့ ပါမောက္ခကြီး တောင်းဆိုတဲ့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်လို့ထင်ပါတယ်။ တကယ်လည်းအချိန်ကောင်းပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အရေးကြီးတဲ့ ဆယ်စုနှစ်တစ်ခုကိုဖြတ်ကျော်ပြီးချိန် ဆယ်စုနှစ် အသစ်တစ်ခုကို စတင်တဲ့အချိန်ဖြစ်နေလို့ပါ။ ၂၀၂၀ ပြည့်လွန်နှစ်များဟာ နှစ်သစ်တစ်ခုတင်မကပါဘူး၊ ဆယ်စုနှစ်အသစ် တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျန်ခဲ့တဲ့ ဆယ်စုနှစ်မှာ ကျွန်တော်တို့ဘာတွေ ပြီးမြောက်ခဲ့ကြသလဲဆိုတာ ပြန်ပြီးကြည့်နိုင်သလို၊ အခုလိုဆက်ဆံရေးမှာ နောင်လာမယ့်ဆယ်စုနှစ် ... Read More»

ဝန်ကြီးပွန်ပဲယိုး၏ ကြေညာချက် – မြန်မာနိုင်ငံလွတ်လပ်ရေးနေ့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံး ချက်ချင်းထုတ်ပြန်ရန် ဇန်နဝါရီ ၂၊ ၂၀၂၀ ဝန်ကြီးပွန်ပဲယိုး၏ ကြေညာချက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာြပည်သူများကို အမေရိကန်ပြည်ထောင်စုအစိုးရကိုယ်စား မိမိဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ဆက်လက်ဖော်ဆောင်လျက်ရှိသော မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးအသွင်ကူးပြောင်းရေးတို့တွင် ထောက်ခံအားပေးကာ မြန်မာပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် လွန်ခဲ့သောဆယ်စုနှစ်များစွာကကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပါသည်။ ပြည်သူအားလုံး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို လေးစားတန်ဖိုးထား၍ ငြိမ်းချမ်းကာ ဒီမိုကရေစီစနစ် ထွန်းကားသော သာယာဝပြောသည့် မြန်မာနိုင်ငံအဖြစ် အောင်မြင်နိုင်ရေးအကူအညီပေးရန်အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်များနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လာမည့်နှစ်တွင် မြန်မာြပည်သူပြည်သားအားလုံး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း မိမိဆုမွန်ကောင်း တောင်းအပ်ပါသည်။ ### Read More»

မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများအတွက် မြန်မာနိုင်ငံတွင်ကျင်းပသော နှစ်စဉ်သိပ္ပံနှီးနှောဖလှယ်ပွဲကို အမေရိကန်ကကူညီပံ့ပိုး…

ချက်ချင်းထုတ်ပြန်ရန် ၂၀၁၉၊ ဒီဇင်ဘာ ၁၃ ဆက်သွယ်ရန်။ ။ ဟိုဆေးဂီယိုဂါ အီးမေးလ်။ ။ Jose.Quiroga@asu.edu အမေရိကန်သံရုံးသို့ဆက်သွယ်ရန်။ ။အရာနီမန်ရင်း အီးမေးလ်။ ။ USEmbassyRGNPress@state.gov မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများအတွက် မြန်မာနိုင်ငံတွင်ကျင်းပသော နှစ်စဉ်သိပ္ပံနှီးနှောဖလှယ်ပွဲကို အမေရိကန်ကကူညီပံ့ပိုးခြင်း   ရန်ကုန်။ ။ လက်တွေ့ကမ္ဘာတွင်ဖြစ်ပွားနေသော ပြဿနာများကိုဖြေရှင်းခြင်းသည် သိပ္ပံပညာရှင်များအပါအဝင် နယ်နမိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုကိုဖြစ်စေပါသည်။ သည့်အတွက်ကြောင့်ပင် ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၂–၁၃ တွင်ကျင်းပသော မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးရေး လူငယ်သိပ္ပံပညာရှင်အစီအစဉ်၏ သိပ္ပံနှီးနှောဖလှယ်ပွဲကို အမေရိကန်ပြည်ထောင်စုနှင့် မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးရေး အစီအစဉ်တွင်ပါဝင်သော နိုင်ငံငါးနိုင်ငံဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သုတေသနပညာရှင်များနှင့် သိပ္ပံပညာရှင်ပေါင်း တစ်ရာကျော် တက်ရောက်ဆွေးနွေးနှီးနှောဖလှယ်ခဲ့ကြပါသည်။ မြစ်ခေါင်မြစ်အောက်ပိုင်း နိုင်ငံများမှ လူငယ်သိပ္ပံပညာရှင် ၃၃ ဦးက မဲခေါင်မြစ် အောက်ပိုင်းဒေသတွင်း ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဆိုင်ရာ ... Read More»

Remarks as prepared for U.S. Ambassador Scot Marciel Lincoln Scholarship launch

Remarks as prepared for U.S. Ambassador Scot Marciel Lincoln Scholarship launch Tuesday, November 26, 2019 Pathein Ballroom, Novotel Hotel, Yangon.  အမေရိကန် သံအမတ်မှ အဖွင့်အမှာစကား ကျွန်တော် မြန်မာနိုင်ငံမှာ နေလာတဲ့ သုံးနှစ်ခွဲအတွင်းမှာ နိုင်ငံအနှံ့မှာရှိတဲ့ အားတက်စရာထူးချွန်တဲ့သူ ရာပေါင်းများစွာကို ဆုံတွေ့ခဲ့ရပါသည်။ တစ်‌ယာက်ချင်းစီက ၎င်းတို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက်ပိုမို ကောင်းမွန်တဲ့ အနာဂတ်ကို ထူထောင်နိုင်ရန် အားသွန်ခွန်စိုက်ကျိုးပမ်းလျက်ရှိပါသည်။ ဒီမှာရှိတဲ့ လူငယ်ခေါင်းဆောင် များကလည်း မြန်မာနိုင်ငံနှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်စေရေး နည်းလမ်းများရှာဖွေကြံဆရန် တီထွင်ဆန်းသစ်လျက်ရှိပြီး သံဓိဌါန် ချထားကြပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံအောင်မြင်တာကို မြင်လိုပါသည်။ ဒါကြောင့် ဒီနေ့မှာ ... Read More»

အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားပြီး မဟာဘွဲ့များရရှိနိုင်မည့် Lincoln Scholarship နှင့်ပတ်သက်၍ သံအမတ်ကြီးက ထုတ်ပြန်ကြေငြာခြင်း

FOR IMMEDIATE RELEASE November 26, 2019 အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားပြီး မဟာဘွဲ့များရရှိနိုင်မည့်  Lincoln Scholarship နှင့်ပတ်သက်၍ သံအမတ်ကြီးက ထုတ်ပြန်ကြေငြာခြင်း ရန်ကုန်မြို့ – အမေရိကန်သံအမတ်ကြီး Mr. Scot Marciel က မြန်မာနိုင်ငံတစ်၀ှမ်းမှ လူငယ်ခေါင်းဆောင် ၁၀၀ နီးပါးတို့ Lincoln Scholarship ဖြင့် အမေရိကန်တက္ကသိုလ်များတွင် အရည်အသွေးမြင့်မဟာဘွဲ့များရယူနိုင်မည်ဟု အမေရိကန် သံအမတ် Mr. Scot Marciel က ထုတ်ပြန်‌‌ကြေငြာခဲ့ပါသည်။ သံအမတ်ကြီး Mr.Scot Marciel က “ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အောင်မြင်သည်ကို မြင်လိုပါသည်။ ထို့ကြောင့် မိမိတို့က ဤနိုင်ငံအနှံမှ လူငယ်ခေါင်းဆောင်များကို Lincoln Scholarship အစီအစဉ်အသစ်ဖြင့် ပံ့ပိုးပေးနေခြင်းဖြစ်ပါသည်။ ဤ ... Read More»

အမေရိကန်ပြည်ထောင်စုမှ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော မူးယစ်ဆေး၀ါးပြဿနာကို ဒေသခံများအနေဖြင့် ဒေသခံနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက်ဖိတ်ခေါ်ခြင်း

ချက်ချင်းထုတ်ပြန်ရန် နိုဝင်ဘာ ၁၅၊ ၂၀၁၉ မြစ်ကြီးနား။   ။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးစွဲလန်းမှုအားကုသခြင်း၊ ပြည်လည်ထူထောင်ခြင်းနှင့် ကာကွယ်တားဆီးခြင်းလုပ်ငန်းများမှ တဆင့် မူးယစ်ဆေးဝါးပြဿနာကိုလျှော့ချနိုင်ရေး ဆောင်ရွက်နေကြသော ဒေသခံအဖွဲ့အစည်းများအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ သံအမတ်ကြီး မာစီရယ် က “မူးယစ်ဆေးစွဲလန်းမှု ပြဿနာဟာ မိမိတို့အနေနဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို မိမိတို့အနေနဲ့ စာနာနားလည်မှုနဲ့ အတွေ့အကြုံတွေအပေါ် အခြေပြုပြီး ကူညီပေးလိုပါတယ်” ဟု အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။ “ကချင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအတော်များများနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာလည်း မူးယစ်ဆေးဝါးပြန့်နှံ့မှုပြဿနာနဲ့ ရင်ဆိုင်နေရတာကို သိရှိနားလည်ထားပြီးတော့ လူကြီးမင်းတို့ရဲ့ ‌ဒေသခံ လူမှုအဖွဲ့အစည်းတွေကို ကူညီနိုင်ဖို့ မိမိတို့အနေနဲ့ နည်လမ်းတွေ ရှာဖွေသွားမှာ ဖြစ်ပါတယ်” ... Read More»

မြစ်ကြီးနားတွင်ကျင်းပသော အမေရိကန်သံရုံးဧည့်ခံပွဲ၌ ပြောကြားသည့် သံအမတ်ကြီး၏မိန့်ခွန်း

ကြာသပတေး၊ နိုဝင်ဘာ ၁၄၊ ၂၀၁၉ ပမ်းစပရင်းဟိုတယ် မြစ်ကြီးနားတွင်ကျင်းပသော အမေရိကန်သံရုံးဧည့်ခံပွဲ၌ ပြောကြားသည့် သံအမတ်ကြီး၏မိန့်ခွန်း   ဒီညချမ်းမှာ အခုလို ကြွရောက်လာကြတဲ့ဧည့်သည်တော်အားလုံးကို‌ ကျေးဇူးတင်ပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားကို ထပ်ပြီး လာရောက်ရတာလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ အခုလို ဘာလို့လာရောက်ရတာလဲ ဆိုတဲ့အကြောင်း အနည်ငယ်ပြောပြီး အခမ်းအနားကို စတင်ချင်ပါတယ်။ မြစ်ကြီးနားကို ကျွန်တော်တို့ ရန်ကုန် အမေရိကန်သံရုံးကနေ အဖွဲ့လိုက် လာခဲ့ကြတာပါ၊ ဘာဖြစ်လို့လည်းဆိုတော့ ကချင်ပြည်နယ်က ပြည်သူလူထုနဲ့ ကျွန်တော်တို့ရဲ့ သမိုင်းဝင်ဆက်ဆံရေး၊ နိုင်ငံရေးနဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကျွန်တော်တို့ရဲ့ ရေရှည်အားပေးကူညီမှုကို လေးစား တန်ဖိုးထားမှု၊ ဒီမှာနေထိုင်ကြတဲ့ ပြည်သူအားလုံးအတွက် တောက်ပပြီး သာယာဝပြောတဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ထားရှိထားတာဖြစ်လို့ အခုလိုလာခဲ့ကြတာြဖစ်ပါတယ်။ ဟုတ်ကဲ့ သေချာတာပေါ့ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်တွေနဲ့ ... Read More»

ကချင်ပြည်နယ်အတွင်း အားလုံးပါဝင်နိုင်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍဦးဆောင်မှု ဖွံ့ဖြိုးရေး အမေရိကန်ပြည်ထောင်စု မြှင့်တင်

ချက်ချင်းထုတ်ပြန်ရန် နိုဝင်ဘာ ၁၄၊ ၂၀၁၉ မြစ်ကြီးနား။   ။အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် သည် ကချင်ပြည်နယ်စိုက်ပျိုးရေး ကဏ္ဍတွင် ဆောင်ရွက်နေသူ ၆၀ ကျော်တို့နှင့် တွေ့ဆုံခဲ့ပါသည်။ တောင်သူများနှင့် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် စိုက်ပျိုးရေးအခြေပြု အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်စေရေးတွင် ရင်ဆိုင်နေရသော အချက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်း က မည်သို့ကူညီနိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ပါသည်။ “အမေရိကန်ပြည်ထောင်စုအနေနဲ့ ကချင်ပြည်နယ်မှာ အားလုံးပါဝင်နိုင်တဲ့ စိုက်ပျိုးရေးကဏ္ဌ ဦးစားပေး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန် ကတိကဝတ်ပြုထားပါတယ်။ USAID အနေနဲ့ ကချင်ပြည်နယ်မှာလည်း စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းတွေကို လုပ်ဆောင်ဖို့ မကြာသေးမီက တိုးချဲ့ခဲ့ပါတယ်” ဟု သံအမတ်ကြီး မာစီရယ်က ပြောကြားခဲ့ပါသည်။ “စိုက်ပျိုးရေးနှင့် ... Read More»

အသင်းအဖွဲ့ဖြင့် မူးယစ်ဆေးဝါးကိုအနိုင်ယူရေး အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က မီးမောင်းထိုးပြခြင်း

ချက်ချင်းထုတ်ပြန်ရန် နိုဝင်ဘာ ၁၃၊ ၂၀၁၉ အသင်းအဖွဲ့ဖြင့် မူးယစ်ဆေးဝါးကိုအနိုင်ယူရေး အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က မီးမောင်းထိုးပြခြင်း ရန်ကုန်၊ မြန်မာ။ ။ အမေရိကန်သံရုံးနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ မူးယစ်ဆေးကိုအောင်နိုင်ဖို့ စာနာနားလည်ကူညီကြစို့ ‘Community Champions’ ဟူသည့် အားကစားအစီအစဉ်ကို ကျင်းပနေပါသည်။ ယင်းအားကစားအစီအစဉ်ကို အမျိုးသား ဘောလုံးအကယ်ဒမီ ကွင်းတွင် ဖွင့်ပွဲအခမ်းအနားဖြင့် စတင်လိုက်ပါသည်။ “အားကစားဆိုတာ အသင်းအဖွဲ့တွေဖြစ်လာစေဖို့နဲ့လူမှုအသိုက်အဝန်းတွေ အတူတကွဖြစ်စေဖို့အတွက် အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်” ဟု သံအမတ်ကြီးမာစီရယ်ကပြောပါသည်။ “အမေရိကန်ပြည်ထောင်စုမှာရော မြန်မာနိုင်ငံမှာပါ လူမှုအသိုင်းအဝိုင်းတွေဟာ မူးယစ်ဆေးပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ အသင်းအဖွဲ့နဲ့လုပ်ဆောင်မှုတွေ၊ နားလည်မှုတွေ၊ နည်းပြသမားတွေနဲ့ အသင်းအဖွဲ့သားတွေလိုမျိုး ဆောင်ရွက်မှုတွေဟာ မူးယစ်ဆေးအပေါ်မှီခိုနေကြတဲ့ အသိုင်းအဝိုင်းက လူတွေအပေါ် စာနာနားလည်ပေးနိုင်မယ့် နမူနာတွေလို့ ကျွန်တော်တို့ထင်ပါတယ်” ဟုသံအမတ်ကြီးက ထပ်မံဖြည့်စွက် ပြောကြားသည်။ မူးယစ်ဆေးကိုအောင်နိုင်ဖို့ စာနာနားလည်ကူညီကြစို့ ‘Community ... Read More»

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဆက်လက်အကူအညီပေးမည့်အကြောင်း အမေရိကန်သံရုံးကကြေညာခြင်း

ချက်ချင်းထုတ်ပြန်ရန် နိုဝင်ဘာ ၈၊ ၂၀၁၉   ရန်ကုန်၊ မြန်မာ။ ။ လက်ရှိဆောင်ရွက်လျက်ရှိသော မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအတွက် အမေရိကန်သံရုံးက ဒေါ်လာ သုံးသိန်း ဆက်လက်အကူအညီပေးမည့်အကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ဤအရေးပါလှသော ယဉ်ကျေးမှုအမွေအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးအပ်လာခဲ့သည့်မှာ ယခုအကူအညီအပါအဝင် စုစုပေါင်း ဒေါ်လာ ၁.၁ သန်း ရှိပြီ ဖြစ်ပါသည်။ ဤအကူအညီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး သံအမတ်ကြီးများရန်ပုံငွေ အစီအစဉ်ကတစ်ဆင့် ပေးအပ်ခြင်းဖြစ်ပါသည်။ “မြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်တွေကို ကျွန်တော်တို့လေးစားတန်ဖိုးထားပါတယ်” ဟု စီမံကိန်းနှင့် ပတ်သက်၍ သံအမတ်ကြီး စကော့မာစီရယ်ကပြောပါသည်။ “ဒီသမိုင်းဝင်ကျောင်းတော်ကြီး ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးတာဟာ ဒေသခံပြည်သူတွေအတွက် အကျိုးရှိသလို ခရီးသွားဧည့်သည်တွေအတွက်လည်း ... Read More»

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတေးဝဲလ်၏ အောက်တိုဘာ ၂၇-၃၀၊ ၂၀၁၉ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်သံရုံး သတင်းထုတ်ပြန်ချက်

ချက်ချင်းထုတ်ပြန်ရန် အောက်တိုဘာ ၃၀၊ ၂၀၁၉ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတေးဝဲလ်၏ အောက်တိုဘာ ၂၇-၃၀၊ ၂၀၁၉ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်သံရုံး သတင်းထုတ်ပြန်ချက်   မြန်မာပြည်သူများ လိုလားတောင့်တနေသည့် ပိုမိုငြိမ်းချမ်းမှု၊ သာယာဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် ရေရှည်အားပေး ထောက်ခံသွားမည့်အကြောင်း  အောက်တိုဘာ ၂၇-၃၀ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်က ထပ်လောင်းအတည်ပြုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများနှင့်အတူ လက်တွဲဖက်အနေဖြင့်ရော၊ မိတ်ဆွေအနေဖြင့်ပါ ဆက်လက်ထိတွေ့ဆက်ဆံသွားမည့်အကြောင်း ရန်ကုန်၊ စစ်တွေနှင့် နေပြည်တော်တွင် အစိုးရ၊ လူမှုအသိုက်ဝန်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတေးဝဲလ်က အထူးအလေးပေးပြောကြားခဲ့ပါသည်။ လက်ထောက်ဝန်ကြီး စတေးဝဲလ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အကူးအပြောင်းနှင့် စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် အမေရိကန် ... Read More»

ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် အာရှဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှု မြှင့်တင်ရေးဖိုရမ်အား အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီ

ချက်ချင်းထုတ်ပြန်ရန် အောက်တိုဘာ ၃၀၊ ၂၀၁၉ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် အာရှဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှု မြှင့်တင်ရေးဖိုရမ်အား အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီ   ရန်ကုန် ။ ။ အမေရိကန်ပြည်ထောင်စုနှင့် ဒေသတွင်းရှိ သုတေသနပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်သူများသည် နှစ်ရက်ကြာ ဆွေးနွေးပွဲကို ယနေ့မှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် အာရှဒေသတွင်းရှိ အခြားသောနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို လျင်မြန်စွာ လျှော့ချနိုင်စေရေး အသိပညာ ဗဟုသုတများ မျှဝေကြရန် ဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ်တွင် ပြုလုပ်သော မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်း (DHS) မှ အချက်အလက်များအရ အသက်ငါးနှစ်အောက် ကလေးငယ်တို့၏ သုံးပုံတစ်ပုံမှာ ပုံမှန်ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားမှု ... Read More»

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ် ဂျပန်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဆိုးလ်နှင့် တရုတ်နိုင်ငံခရီးစဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံး ချက်ချင်းထုတ်ပြန်ရန် မီဒီယာများသို့အသိပေးခြင်း အောက်တိုဘာ ၂၄၊ ၂၀၁၉ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ် ဂျပန်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဆိုးလ်နှင့် တရုတ်နိုင်ငံခရီးစဉ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ် သည် တိုကျို၊ ရန်ကုန်၊ ဘန်ကောက်၊ ဆိုးလ်နှင့် ပေကျင်းသို့ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၇ ရက်အထိသွားရောက်ပါမည်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် အောက်တိုဘာ ၂၅ မှ ၂၇ အတွင်း တိုကျိုမြို့၌ ရောက်ရှိနေမည်ဖြစ်ပြီး ဖူဂျီတောင် ဆွေးနွေးပွဲဟု လူသိများသော အမေရိကန်-ဂျပန် စီးပွားရေး/မူဝါဒ ဆွေးနွေးပွဲ ကိုတက်ရောက်ကာ မူဝါဒရေးရာ ကျွမ်းကျင်သူများ နှင့်အတူ အင်ဒို-ပစိဖိတ် ဒေသအတွင်း အရေးကြီးကိစ္စရပ်များအနက်မှ ... Read More»

ဆေးတက္ကသိုလ် (၁) တွင်ပို့ချသော ပထမဆုံးအကြိမ် ကလေးနှင့်ကြီးကောင်ဝင်အရွယ် စိတ်ရောဂါကုသရေးသင်တန်း ပြီးဆုံးခြင်းအတွက် အမေရိကန်သံရုံးကဂုဏ်ယူဝမ်းမြောက်ခြင်း

ချက်ချင်းထုတ်ပြန်ရန် အောက်တိုဘာ ၂၄၊ ၂၀၁၉ ရန်ကုန်၊ မြန်မာ။ ။ ဆေးတက္ကသိုလ် (၁) တွင်ပို့ချသော ပထမဆုံးအကြိမ် ကလေးနှင့်ကြီးကောင်ဝင်အရွယ် စိတ်ရောဂါကုသရေး သင်တန်းမှ ကျောင်းသူ/ကျောင်းသား ၁၀ ဦး ယခုသီတင်းပတ်အတွင်း သင်တန်းပြီးဆုံးသွားသည့်အတွက် အမေရိကန် သံရုံးက ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ကျောင်းသူ/ကျောင်းသား ၁၀ ဦးသည် အမေရိကန်ဖူးလ်ဘရိုက်ပညာရှင် ဂျော့ချ်စတီးဝပ် ရေးဆွဲပို့ချသော ခုနစ်လခွဲကြာ သင်တန်းကိုတက်ရောက်ပြီးဆုံးခဲ့ခြင်းဖြစ်ပါသည်။ ဒေါက်တာစတီးဝပ်သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များအဖွဲ့အစည်းများနှင့်လက်တွဲဆောင်ရွက်လျက်ရှိသည့် ဖူးလ်ဘရိုက်ပညာရှင် ခုနစ်ဦး အတွင်းမှ တစ်ဦးဖြစ်ပါသည်။ ဖူးလ်ဘရိုက်ပညာရှင် ဂျော့ခ်ျစတီးဝပ်သည် ယခုနှစ်အစောပိုင်းက ဆေးတက္ကသိုလ် (၁) တွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ဖြစ်သော ကလေးနှင့်ကြီးကောင်ဝင်ချိန်အရွယ် စိတ်ရောဂါကုသမှုဆိုင်ရာ ပထမဆုံး သင်တန်းတစ်ခုကို ရေးဆွဲကာ ဦးဆောင် ပို့ချခဲ့ခြင်းဖြစ်သည်။ ဖူးလ်ဘရိုက်အစီအစဉ်ကို ... Read More»

မူးယစ်ဆေးဝါးအပေါ် မှီခိုမှုကြောင့်ရုန်းကန်လှုပ်ရှားနေရသော လူမှုအသိုက်အဝန်းများအတွက် အမေရိကန်သံရုံးနှင့် အနုပညာရှင် ၁၂ ဦးတို့က အားပေးကူညီခြင်း

ချက်ချင်းထုတ်ပြန်ရန် အောက်တိုဘာ ၁၈၊ ၂၀၁၉ ရန်ကုန်။ ။ မူးယစ်ဆေးဝါးအပါ်မှီခိုမှုကြောင့် လူမှုအသိုက်အဝန်းများ ရင်ဆိုင်ရုန်းကန်ရသည့် ဇာတ်ကြောင်းများကို ပြောပြထားသည့် “မျှော်လင့်ချက်တို့အဆုံးမသတ်နဲ့” တေးသီချင်းကို အမေရိကန်သံရုံးသည် Full Stop လူမှုအဖွဲ့အစည်း၊ မြန်မာအနုပညာရှင် ၁၂ ဦးတို့နှင့် ပူးပေါင်းထုတ်လုပ်ခဲ့ပါသည်။ ဤတေးသီချင်းကို မြန်မာနိုင်ငံအတွင်း ပိုမိုကျန်းမာသော လူမှုအသိုက်အဝန်းများ ဖြစ်ပေါ်စေရေး ကူညီဆောင်ရွက်နေသည့် လူမှုကွန်ရက် လှုပ်ရှားမှုတစ်ခုဖြစ်သည့် ၅၂၈-မူးယစ်ဆေးနှင့် မိသားစုအဖွဲ့က မြှင့်တင်ပါသည်။ ၅၂၈-မူးယစ်ဆေးနှင့်မိသားစု အဖွဲ့သည် မူးယစ်ဆေးသုံးစွဲသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းများကို အကူအညီပေးနိုင်ပြီး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကူးစက်ခြင်းမှ ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းများ ရှာဖွေရာတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက် အလက်များကို မူးယစ်ဆေးသုံးစွဲသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ပံ့ပိုးပေးနေသော အဖွဲ့တစ်ခုဖြစ်ပါသည်။   ... Read More»

လက်ထောက်နိုင်ခြားရေးဝန်ကြီး မရီးရွိုက်စ် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသို့သွားရောက်ခြင်း

မီဒီယာများသို့အသိပေးချက် ပြောခွင့်ရပုဂ္ဂိုလ်ရုံး စက်တင်ဘာ ၂၇၊ ၂၀၁၉ လက်ထောက်နိုင်ခြားရေးဝန်ကြီး မရီးရွိုက်စ် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသို့သွားရောက်ခြင်း   ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မရီးရွိုက်စ်သည် ၂၀၁၉ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစီအစဉ် (ဝိုင်ဆီးလီ) ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန်၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး သံအမတ်ကြီးများရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုသို့ သွားရောက် လေ့လာရန်နှင့် ရန်ကုန်အမေရိကန်စင်တာ၌ကျင်းပမည့် အခမ်းအနားတစ်ခုကို တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၇ မှ အောက်တိုဘာ ၄ ရက်အထိ ထိုင်းနိုင်ံနှင့် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ အခမ်းအနားတက်ရောက်သူများ၊ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ စီးပွားရေးထိပ်သီးပုဂ္ဂိုလ်များ၊ သံတမန်များနှင့်တွေ့ဆုံ၍ မိမိတို့၏ ဒေသတွင်း အဓွန့်ရှည်တည်တံ့သော မိတ်ဖက်လက်တွဲမှုအကြောင်းကို မီးမောင်းထိုးပြသွားမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြား‌ရေးဝန်ကြီးရွိုက်စ်သည် ၂၀၁၉ ဝိုင်ဆီးလီ ထိပ်သီး ... Read More»

မြန်မာ့ဖရဲသခွားမွှေးတောင်သူများအား အမေရိကန်ပြည်ထောင်စုမှ ကူညီပံ့ပိုးခြင်း

ချက်ချင်းထုတ်ပြန်ရန် စက်တင်ဘာ ၂၆၊ ၂၀၁၉ မြန်မာ့ဖရဲသခွားမွှေးတောင်သူများအား အမေရိကန်ပြည်ထောင်စုမှ ကူညီပံ့ပိုးခြင်း   နေပြည်တော်။ ။ မြန်မာဖရဲသခွားမွှေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေကြသော အမေရိကန်နှင့် မြန်မာ စီးပွားရေးမိတ်ဖက်များသည် ယနေ့ကျင်းပသော #MelonNext အခမ်းအနားတွင်တွေ့ဆုံ၍ မြန်မာ့ဖရဲ သခွားမွှေးကဏ္ဍ ပိုမိုတိုးတက်ရေးအတွက် မဟာဗျူဟာများကို ဆွေးနွေးကြသည်။ ယင်းအခမ်းအနားကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် ယူအက်စ်အေ့ဒ်၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းတို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ကုန်သည်လုပ်ငန်းရှင်အဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များ၊ တောင်သူများနှင့် မြန်မာ့ဖရဲသခွားမွှေး ကုန်စည် တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းတွင် အဓိကပါဝင်ကြသူများက မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းသို့ ပေးအပ်သည့် ယူအက်စ်အေ့ဒ်၏ စီမံကိန်းအကျိုး သက်ရောက်မှုများကိုဆွေးနွေးခဲ့ကြသည်။ ဖရဲသခွားမွှေးသည် မြန်မာနိုင်ငံ၏အဓိကကျသော ပို့ကုန်သစ်သီးဝလံများဖြစ်ပြီး ... Read More»

ယူအက်အေ့ဒ် စားနပ်ရိက္ခာဖူလုံရေးမူဝါဒစီမံကိန်းမှ အဓိကတွေ့ရှိချက်များ (၂၀၁၄-၂၀၁၉)

အချက်အအလက်များ ချက်ချင်းထုတ်ပြန်ရန် စက်တင်ဘာ ၂၆၊ ၂၀၁၉ ယူအက်အေ့ဒ် စားနပ်ရိက္ခာဖူလုံရေးမူဝါဒစီမံကိန်းမှ အဓိကတွေ့ရှိချက်များ (၂၀၁၄–၂၀၁၉)   ယခုအခါသည် မြန်မာနိုင်ငံကျေးလက်ဒေသအတွင်း သိသာစွာပြောင်းလဲလာသည့်အချိန်ဖြစ်သည်။ အောက်ဖော်ပြပါတွေ့ရှိချက်များသည်သိသာထင်ရှားသောတွေ့ရှိချက်များဖြစ်သည် – (၁) အများပြည်သူနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံများလက်လှမ်းမီရရှိမှုကို ၂၀၁၁ ခုနှစ်က စ၍ တိုးချဲ့နိုင်ခဲ့သည်။ (၂) ကျေးလက်ဒေသအတွင်း သွားရေးလာရေးတိုးတက်လျက်ရှိသည်။ လမ်းများ ပိုမိုကောင်းမွန်လာခြင်း၊ မော်တော်ဆိုင်ကယ်ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးပွားလာသည့်အတွက် ကျေးရွာများနှင့် နီးစပ်ရာ မြို့များသို့သွားလာမှုသည် လွန်ခဲ့သောငါးနှစ်အတွင်း သုံးဆနှင့်အထက် ပိုမိုများပြားလာခဲ့သည်။ (၃) ကျေးလက်ဒေသအတွင်း ချေးငွေချေးယူသည်ပုံစံများ တရားဝင်ဖြစ်လာပြီး ပုံစံအမျိုးမျိုးဖြင့် ရှိလာခဲ့သည်။ တရားဝင်မဟုတ်သော ငွေချေးယူမှုများအတွက်အတိုးနှုန်းများ သိသိသာသာ လျော့ကျ လာခဲ့သည်။ (၄) ကျေးလက်ဒေသ စီးပွားရေးလုပ်ငန်းများ အရေအတွက် လျင်မြန်စွာတိုးပွားလာပြီး တည်ထောင်မှုနှုန်း တိုးလာကာ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ... Read More»

မြန်မာနိုင်ငံကျေးလက်ဒေသစိုက်ပျိုးရေးလုပ်ငန်းများအသွင်ကူးပြောင်းမှုကို အမေရိကန်နိုင်ငံက ကူညီခြင်း

ချက်ချင်းထုတ်ပြန်ရန် စက်တင်ဘာ ၂၆၊ ၂၀၁၉ မြန်မာနိုင်ငံကျေးလက်ဒေသစိုက်ပျိုးရေးလုပ်ငန်းများအသွင်ကူးပြောင်းမှုကို အမေရိကန်နိုင်ငံက ကူညီခြင်း   ရန်ကုန် – မြန်မာနိုင်ငံကျေးလက်ဒေသ စီးပွားရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော သိသာသည့်ပြောင်းလဲမှုများမှ မြန်မာတောင်သူများနှင့် ၎င်းတို့၏မိသားစုဝင်များက မည်သို့သော အကျိုးကျေးဇူများရရှိနေပါသနည်း။ ဤသည်မှာ အမေရိကန်နှင့် မြန်မာသုတေသနပညာရှင်များ၊ မြန်မာအစိုးရမူဝါဒချမှတ်သူများနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသူများ တစ်ရက်တာပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲအတွင်း အဓိကမေးကြသည့်မေးခွန်းဖြစ်ပါသည်။ ရန်ကုန်တွင်ပြုလုပ်သော ယင်းအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က စက်တင်ဘာ ၂၆ရက်တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ သူက “မြန်မာ့စီးပွားရေး အပြောင်းအလဲနဲ့ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုတွေကို အမေရိကန်နိုင်ငံက တစိုက်မတ်မတ် အားပေးကူညီ နေပါတယ်။ မြန်မာနိုင်ငံအတွက် ဒီအပြောင်းအလဲဆိုတာက စိုက်ပျိုးကဏ္ဍကို ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးခြင်းပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးဟာ ကျေးလက်နေပြည်သူ ၇၀ရာခိုင်နှုန်းကျော်ရဲ့ အသက်မွေး ... Read More»

အိမ်ဖြူတော်နှင့်အတူ စီးပွားရေးကဏ္ဍအတွင်း အမျိုးသမီးများ၏ပါဝင်မှု မြှင့်တင်ရေးအတွက် မြန်မာကိုယ်စားလှယ်ပူးပေါင်းပါဝင်

ချက်ချင်းထုတ်ပြန်ရန် စက်တင်ဘာ ၁၃၊ ၂၀၁၉ အိမ်ဖြူတော်နှင့်အတူ စီးပွားရေးကဏ္ဍအတွင်း အမျိုးသမီးများ၏ပါဝင်မှု မြှင့်တင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့နှင့်အတူ မြန်မာသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကိုယ်စားလှယ်ပူးပေါင်းပါဝင်   ရန်ကုန်။ ။ အိမ်ဖြူတော်က ဖွဲ့စည်းလိုက်သည့် အမျိုးသမီးများ၏ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ် (W-GDP) ၏ အစိတ်အပိုင်းတစ်ခုအရ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းကိုယ်စားပြုသူ ဒေါ်စန္ဒာမျိုးသည် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အမျိုးသားတစ်ဦး ပါဝင်သော အမျိုးသမီးအဖွဲ့တစ်ဖွဲ့နှင့်အတူ ယခုသီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ရောက်ရှိနေပါသည်။ “မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အမျိုးသမီးတွေမရှိမဖြစ်ပါဝင်ဆောင်ရွက်နေရတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ အစားအသောက် ကဏ္ဍအပေါ် အခြေခံနေပါတယ်” ဟုဒေါ်စန္ဒာမျိုးကပြောပါသည်။ “စီးပွားရေးဖွံ့ဖြိုးမှုမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခြင်းအားဖြင့် လူအဖွဲ့အစည်းအတွက်လည်း ပိုပြီးတည်ငြိမ်မှုရလာပါတယ်။ အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ကျွန်မတို့တတွေ ... Read More»

စိုက်ပျိုးရေးဝင်ငွေနှင့်အစာအာဟာရကဏ္ဍတိုးတက်ရေးအတွက် အမေရိကန်နှင့်မြန်မာတက္ကသိုလ်မှ ကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်ခြင်း

ချက်ချင်းထုတ်ပြန်ရန် စက်တင်ဘာ ၆၊ ၂၀၁၉ စိုက်ပျိုးရေးဝင်ငွေနှင့်အစာအာဟာရကဏ္ဍတိုးတက်ရေးအတွက် အမေရိကန်နှင့်မြန်မာတက္ကသိုလ်မှ ကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်ခြင်း နေပြည်တော်။ ။ အမေရိကန်အစိုးရအစီအစဉ်တစ်ခုသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေးကဏ္ဍအတွင်း ဆက်လက်၍ ပြောင်းလဲဖော်ဆောင်လျက်ရှိသော ပိုမိုတိုးတက်ကောင်းမွန်လာသည့် သိရှိနားလည်မှုများကတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများနှင့် ၎င်းတို့၏မိသားစုဝင်များကို အကူအညီပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ၇၀ ရာခိုင် နှုန်းသော အိမ်ထောင်စုများသည် စိုက်ပျိုးထုတ်လုပ်ရေးက တစ်ဆင့်သော်လည်းကောင်း သို့မဟုတ် လုပ်အားခများက တစ်ဆင့်သော်လည်းကောင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစာအာဟာရအဖြစ်ရော ဝင်ငွေအရင်းအမြစ် တစ်ခုအနေဖြင့်ပါ မှီခိုအားထားနေရပါသည်။ ကျေးလက်ဒေသစီးပွားရေးကဏ္ဍ မည်သို့ ပြောင်းလဲနေသည့်အကြောင်း သိရှိနားလည်ခြင်းသည် စိုက်ပျိုးမွေးမြူရေးအလုပ် လုပ်ကိုင်ကြသော အိမ်ထောင်စုများ အတွက် အစာအာဟာရနှင့် အသက်မွေးဝမ်းကျောင်းမှု တိုးတက်ကောင်းမွန်ရေးအတွက် ပိုမိုကောင်းမွန်သော မူဝါဒများနှင့် အစီအမံများ ချမှတ်ဖော်ဆောင်ရာတွင် မြန်မာအစိုးရအတွက် အထောက်အကူဖြစ်စေပါသည်။ သာဓကအနေဖြင့် ... Read More»

ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူနှင့် ကိုဇော်ဂျတ်တို့ကိုပြစ်ဒဏ်ချခြင်းနှင့်စပ်လျဉ်းသောကြေညာချက် ၂၀၁၈၊ ဒီဇင်ဘာ ၉

ယမန်နေ့ကမြစ်ကြီးနားတွင် ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူနှင့် ကိုဇော်ဂျတ်တို့ကို အသရေဖျက်မှုဖြင့် ထောင်ဒဏ် ခြောက်လ နှင့် ဒဏ်ငွေ ချမှတ်လိုက်သည့်အတွက် မိမိတို့ များစွာ စိတ်မကောင်းဖြစ်မိပါသည်။ ယင်းအရပ်ဘက်အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူများသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာအဖြေရှာရေးနှင့် တိုက်ပွဲများအဆုံးသတ်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ကြပြီး ပဋိပက္ခကြောင့်ဒုက္ခရောက်နေကြသူများအတွက်လူသားချင်းစာနာမှုအကူအညီများရရှိရေးမြှင့်တင်ဆောင်ရွက်နေကြသူများလည်းဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တစ်ခုတွင် ဤသို့သောလှုပ်ရှားမှုမျိုးသည် ချီးမွမ်းထိုက်သော လုပ်ရပ်ဖြစ်ပြီး တရားစွဲရန်မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကို ပြန်လည်းစဉ်းစားသုံးသပ်ရန် တာဝန်ရှိသူများကို မိမိတို့ တိုက်တွန်းပါသည်။ Read More»

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်နေကြသော အမျိုးသမီးများ (Women of Change) ကို အမေရိကန်သံရုံးက ဂုဏ်ပြုချီးမြှင့်ခြင်း

မတ် ၂၂၊ ၂၀၁၈။ ရန်ကုန်၊ မြန်မာ — အမေရိကန်သံရုံးက နှစ်စဉ်ချီးမြှင့်သော Women of Change ဆုရရှိသူ သုံးဦးကို သံအမတ်ကြီးမာစီရယ်လ်က ယနေ့ ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေး ပိုမိုတိုးတက်စေရေးနှင့် ဤနိုင်ငံအတွင်းရှိ လူနေမှုဘဝများအတွင်းက အမျိုးသမီးတ့၏ို အခန်းကဏ္ဍအပေါ်ထားရှိသည့် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ထင်ဟပ်စေသော အမျိုးသမီးများကို ဤဆုဖြင့် အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ “ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ လူ့အခွင့်အရေး ပိုမိုတိုးတက်စေဖို့အတွက် ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို အားပေးကူညီဖို့အတွက် အမေရိကန်ပြည်ထောင်စု သန္နိဋ္ဌာန်ချထားပါတယ်။ ဒီ Women of Change Award ဆု ပေးအပ်တယ်ဆိုတာ မြန်မာနိုင်ငံက အမျိုးသမီးတော်တော်များများ ဆောင်ရွက်နေကြတာတွေထဲကမှ ထူးထူးခြားခြား ဆောင်ရွက်တာတေကွို အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” ... Read More»

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံး၏ကြေညာချက်

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ယနေ့ပါဝင်လက်မှတ်ရေးထိုးခြင်းကို မိမိတို့ကြိုဆိုပါသည်။ ဤသို့ သဘောတူ လက်မှတ်ရေးထိုးခြင်းသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ခရီးရှည်အတွက် ခြေလှမ်းများစွာထဲမှ တစ်ခုဖြစ်သည့်အကြောင်းကိုလည်း မိမိတို့အသိအမှတ်ပြုပါသည်။ တွေ့ဆုံဆွေးနွေးမှုများတွင်ပါဝင်ရန် သန္နိဋ္ဌာန်ချထားပြီး ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်ရှေ့တိုး ဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်းအားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ရပ် ဖန်တီးနိုင်လိမ့်မည်ဟုလည်း မိမိတို့ မျှော်လင့်ပါသည်။ Read More»

ရိုက်တာသတင်းထောက်များကို ဆက်လက်ထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံး၏ကြေညာချက်

စုံစမ်းထောက်လှမ်း သတင်းထောက်များအနေနှင့် သူတို့အလုပ်ကို သူတို့လုပ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့မှာ လွန်ခဲ့သော ၄၂ ရက်က ဖမ်းဆီးခံခဲ့ရပါသည်။ အဆိုပါသတင်းထောက်များမှာ – အနည်းဆုံးအနေနှင့် – အာမခံပင်မရသေးသည့်အတွက် မိမိတို့ စိတ်ပျက်မိပါသည်။ ၎င်းတို့ ဖမ်းဆီးခံရခြင်းမှာ လုံးဝသမားရိုးကျမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်မှုကို ထိခိုက်စေပါသည်။ အဆိုပါ သတင်းထောက်များအား လွှတ်ပေးရန် မိမိတို့ ထပ်မံတောင်းဆိုပါသည်။ သို့မှသာ သတင်းထောက်များသည် ၎င်းတို့၏မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်း၍ သူတို့အလုပ် သူတို့ပြန်လည် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ Read More»

မြောက်ဦးမြို့ ဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန်သံရုံး၏ ကြေညာချက်

ယမန်နေ့ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းအပါအဝင် ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်းကိုလည်း ပြောကြားလိုပါသည်။ တရားဥပဒေစိုးမိုးမှုကိုလေးစားသည်နှင့်အညီ ပြည်သူများငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာနားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။ Read More»

ရိုက်တာသတင်းထောက်များကို ဆက်လက်ထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံး၏ကြေညာချက်

၂၀၁၈၊ ဇန်နဝါရီ ၁၀ ရိုက်တာသတင်းထောက်များဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ဆက်လက်တရားစွဲဆိုရန် ယနေ့ဆုံးဖြတ်ချက် ချမှတ်လိုက်သည့်အပေါ် မိမိတို့စိတ်ပျက်မိပါသည်။ ဒီမိုကရေစီစနစ် အောင်မြင်ထွန်းကားစေရန်မှာ သတင်းထောက်များသည် သူတို့အလုပ်သူတို့လုပ်နိုင်စွမ်းရှိရမည်ဖြစ်ပါသည်။ အဆိုပါသတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးပါရန်မိမိတို့တောင်းဆိုအပ်ပါသည်။ Read More»

မြန်မာလုံခြုံရေးတပ်ဖွဲ့ကို အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) က တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ကြေညာချက်

၂၀၁၈၊ ဇန်နဝါရီ ၈ ဇန်နဝါရီ ၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ကို အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က တိုက်ခိုက်မှုအပေါ် မိမိတို့ ရှုတ်ချပါသည်။ ယင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားကြသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားလိုပါသည်။ အကြမ်းဖက်လုပ်ရပ်သည် ရခိုင်ပြည်နယ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ပိုမိုအားနည်းမှုကိုသာ ဖြစ်ပေါ်စေပါသည်။ ပါဝင်ပတ်သက်သူအားလုံးတို့၏ ပြောဆို ဆောင်ရွက်မှုများမှာ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူများ ၎င်းတို့၏ မူရင်းအရပ်ဒေသများသို့ လုံလုံခြုံခြုံနှင့် ၎င်းတို့၏ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်သော အခြေအနေကို တည်ဆောက်နိုင်ရေးအတွက် ဖြစ်စေလိုကြောင်း မိမိတို့အနေဖြင့် ဆက်လက် တိုက်တွန်းပါသည်။ ### Read More»

့မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အတွက် အမေရိကန်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာ

အဆွေတော်သမ္မတကြီး ဇန်နဝါရီ ၄ ရက်၌ ကျရောက်သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အတွက် ဂုဏ်ယူပါကြောင်းနှင့် မြန်မာနိုင်ငံသားများအတွက် အကောင်းဆုံးဆုမွန်ကောင်း တောင်းပါကြောင်း အမေရိကန်နိုင်ငံသားများက ပြောကြားအပ်ပါသည်။ အဆွေတော်၏နိုင်ငံအောင်မြင်မှု အဓွန့်ရှည်ရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက အတည်ပြုထောက်ခံခဲ့သော ဒီမိုကရက်တစ်စံတန်ဖိုးမှာ အဓိကအရေးပါလျက်ရှိနေသေးပါသည်။ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင်လျက်ရှိသော မြန်မာနိုင်ငံနှင့် မိတ်ဆွေအနေနှင့်ရော လက်တွဲဖက်နိုင်ငံအနေဖြင့်ပါ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်လျက်ရှိနေပါမည်။ ရိုးသားစွာဖြင့် ဒေါ်နယ် ဂျေ ထရမ့် Read More»

ရိုက်တာသတင်းထောင်နှစ်ဦး ဖမ်းဆီးခံရခြင်းအပေါ် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်

ရိုက်တာသတင်းဌာနအတွက် သတင်းလိုက်ပေးသည့်သတင်းထောက်နှစ်ဦးသည် ယမန်နေ့ညက ရန်ကုန်မြို့တွင် ရဲအရာရှိများနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရပြီးနောက် သမားရိုးကျမဟုတ်သော ဖမ်းဆီးခြင်းခံရသည့်အကြောင်း ကြားသိရသည့်အတွက် အမေရိကန်သံရုံးအနေဖြင့်များစွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ ဒီမိုကရေစီတစ်ရပ် အောင်မြင်စေရေးအတွက် သတင်းထောက်များအနေဖြင့် လွတ်လပ်စွာ သတင်းရယူရေးသားနိုင်ရန် လိုအပ်ပါသည်။ မြန်မာအစိုးရအနေဖြင့် ယခုဖမ်းဆီးမှုများအကြောင်း ရှင်းပြပေးရန်နှင့် (သက်ဆိုင်သူများကို) သတင်းထောက်များနှင့် တွေ့ဆုံခွင့်ပေးရန် မိမိတို့ တိုက်တွန်းပါသည်။ Read More»

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးတေလာဆန်၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုအပေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးတေလာဆန်၏ ထုတ်ပြန်ချက် Read More»

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံး နိုဝင်ဘာ ၁၅၊ ၂၀၁၇ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ နိုဝင်ဘာ ၁၅၊ ၂၀၁၇ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၊ မြန်မာ။ သဘာပတိ – နိုင်ငံတော်အကြီးအကဲများနဲ့ ဂုဏ်သရေရှိ ဧည့်ပရိသတ်အပေါင်းတို့ မင်္ဂလာနေ့လယ်ခင်းပါခင်ဗျာ။ ဂုဏ်သရေရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ ဂုဏ်သရေရှိ နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ကြွရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်နဲ့ စတင်မှာဖြစ်ပြီး အဲဒီနောက်မှာ ဂုဏ်သရေရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရက်စ်တေလာဆန်ရဲ့ ထုတ်ပြန်ချက်ကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကနေပြီး မီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးခွန်း နှစ်ခုကနေ လေးခုအထိ ... Read More»

မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စု၏ အကူအညီပေးအပ်မှု

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံး   ၂၀၁၇၊ နိုဝင်ဘာ ၁၅ မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စု၏ အကူအညီပေးအပ်မှု ပြည်သူအားလုံး၏ လူ့အခွင့်အရေးကိုအလေးထားကာ ငြိမ်းချမ်း၍ သာယာဝပြောသည့် ဒီမိုကရက်တစ် မြန်မာနိုင်ငံကို အမေရိကန် ပြည်ထောင်စုက ထောက်ခံပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် လူသားခြင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဆောလျှင်စွာဖြေရှင်းရန်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အားဖြည့်ပေးရန်၊ စီးပွားရေး အခွင့်အလမ်းများတိုးချဲ့ပေးရန်၊ နိမ့်ပါးသောလူထုအတွက်ကြံ့ကြံ့ခံနိုင်ရေးနှင့် ကျန်းမာရေးနှင့် စောင့်ရှောက်မှုပိုမိုတိုးတက်ကောင်းမွန်ရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့ဆက်ဆောင်ရွက်ရန်၊ ဒေသခံလူမှုအသိုက်အဝန်းနှင့် အရပ်ဘက် လူထုအခြေပြုအဖွဲ့အစည်းတို့ လုပ်ဆောင်နိုင်စွမ်းတိုးမြှင့်နိုင်ရန်နှင့် လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ကို အလေးထား၍ အကာအကွယ်ပေးခြင်းတို့ ပိုမိုအားကောင်းလာစေရန်အတွက် မိမိတို့ဆောင်ရွက်နေပါသည်။   ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် ကာလရှည်ကြာ စိန်ခေါ်မှုများကို ဖြေရှင်းခြင်း – လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထပ်တိုးပမာဏအဖြစ် ဒေါ်လာ ... Read More»

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦး ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦး ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက် အောက်တိုဘာ ၂၇၊ ၂၀၁၇ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦးဖြစ်သူ သင်းအုပ်ဆရာ ဦးနောင်လတ်နှင့် လူငယ်တာဝန်ခံ ဦးဂမ်ဆိုင်းတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁၊ အသရေဖျက်မှုပုဒ်မ ၅၀၀နှင့် ပို့ကုန်သွင်းကုန်ဥပဒေတို့်ဖြင့် ယနေ့ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် မိမိတို့က စိုးရိမ်မိပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသောတိုက်ပွဲများနှင့် ရွာသားများအပေါ် တပ်မတော်က ကျူးလွန်မှုများ အကြောင်းကို ရန်ကုန်မှ လာရောက်သတင်းယူသော သတင်းထောက်များအား သူတို့ကကူညီအပြီး ဒီဇင်ဘာ ၂၄ တွင်တပ်မတော်က သူတို့ကို ဖမ်းဆီးခဲ့ကာ တစ်လကြာ မည်သူနှင့်မျှ တွေ့ခွင့်မရဘဲ ထိန်းသိမ်းခံခဲ့ရပါသည်။ သတင်းစာဆရာများအား ကူညီခဲ့ခြင်းအတွက် သူတို့ကို ပစ်မှတ်ထားသည့်အပေါ် မိမိတို့က စိုးရိမ်ပါသည်။ သူတို့အား ထိန်းသိမ်းထားစဉ် ညှဉ်းပန်းခံရသည်ဟူသော စွပ်စွဲချက်များအပေါ်တွင်လည်း စိုးရိမ်မကင်း ဖြစ်ရပါသည်။ နိုင်ငံသားများကို ... Read More»

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်သူသို့ တင်ပြချက်နှင့် စပ်လျဉ်း၍ ကြေညာချက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်သူသို့ တင်ပြချက်နှင့် စပ်လျဉ်း၍ ကြေညာချက် အောက်တိုဘာ ၁၃၊ ၂၀၁၇ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့တင်ပြချက်ပါ မှတ်ချက်စကားများနှင့်အတူ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသော ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ အကူအညီလိုအပ်နေသူ အားလုံးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ဦးစားပေးဆောင်ရွက်ရေးနှင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာတွင် သက်ဆိုင်ရာကဏ္ဍစုံ၊ အလွှာစုံများစွာနှင့် အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်သွားရေး ဆိုသည့် သူ၏ကတိကဝတ်ကို အမေရိကန်သံရုံးက ကြိုဆိုပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းမှ သိန်းနှင့်ချီသောသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာ တိမ်းရှောင်သွားကြပြီး၊ သောင်းနှင့်ချီသောသူများမှာလည်း ရခိုင်ပြည်နယ်အတွင်းရှိ အခြားနေရာဒေသများသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် ငြိမ်းချမ်းမှု ပန်လည်ရရှိရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်၍ ကူညီအားပေးသွားရန် မိမိတို့မျှော်လင့်လျက်ရှိပါသည်။ Read More»

ရခိုင်မြောက်ပိုင်း သံတမန်ခရီးစဉ် ကြေညာချက် အောက်တိုဘာလ ၂ ရက်နေ့

ရခိုင်မြောက်ပိုင်း သံတမန်ခရီးစဉ် ကြေညာချက် အောက်တိုဘာလ ၂ ရက်နေ့   ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ခဲ့ ကြပါသည်။ ကျွန်ုပ်တို့သည် မောင်းတောနှင့် ရသေ့တောင် ဒေသများရှိ ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဒေသခံ မျိုးစုံနှင့် တွေ့ဆုံခဲ့ပါသည်။ မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားမှုကြောင့် ယခုထက်တိုင် စိုးရိမ်ပူပန်မှုကြီးစွာ ခံစားနေရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူမှုအသိုင်းအ၀ိုင်း အားလုံးမှ လူများကို အားပေးခွင့် ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့ အနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့က ARSA ၏ တိုက်ခိုက်မှုများအား ရှုတ်ချကြောင်း ထပ်လောင်း ပြောကြားအပ်ပြီး ထိုအချိန်မှစ၍ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများနှင့် လူမြောက်များစွာ နေရပ်စွန့်ခွာမှု များကို ... Read More»

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် ထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း၍ အမေရိကန်သံရုံး၏ ကြေညာချက်

သြဂုတ် ၂၅၊ ၂၀၁၇ သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် ထုတ်ပြန်ကြေညာချက်ကို အမေရိကန်သံရုံးက ကြိုဆိုပါသည်။ ကော်မရှင်၏အကြံပြုချက်များကို ပြည့်ဝသောအတိုင်းအတာအထိ အကောင်အထည်ဖော်မည့် အမြင်ဖြင့် ပြန်လည်သုံးသပ်သွားမည့် အစိုးရ၏ကတိကဝတ်ကို ချီးကျူးပါသည်။ ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေးလှသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရ၏ ကြိုးစားအားထုတ်မှုများကို ဆက်လက်၍ အားပေးကူညီသွားရန် မိမိတို့မျှော်လင့်လျက်ရှိပါသည်။ Read More»

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းတိုက်ခိုက်ခံရမှုအပေါ် အမေရိကန်သံရုံး၏ကြေညာချက်

သြဂုတ် ၂၅၊ ၂၀၁၇ ညကဖြစ်ပွားခဲ့သော လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ရှုတ်ချပြီး အသက်စွန့်လွှတ်ခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း မိမိတို့ ပြောကြားလိုပါသည်။ ယင်းလုပ်ရပ် ကျူးလွန်သူများကို လက်ရဖမ်းဆီး မိရေးနှင့် နောက်ထပ် အကြမ်းဖက်မှုများ မဖြစ်ပွားရေးအတွက် အစိုးရနှင့်လုံခြုံရေးတပ်ဖွဲ့များက အရေးယူဆောင်ရွက်ရန် တာဝန်ရှိကြောင်း မိမိတို့ နားလည်အသိအမှတ်ပြုပါသည်။ အပြစ်မဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးနိုင်ရန်အတွက် ထိုသို့လက်ရ ဖမ်းဆီးနိုင်ရေးနှင့် နောက်ထပ် အကြမ်းဖက်မှု မဖြစ်ပွားရေးတို့ကို ဆောင်ရွက်ရန် မိမိတို့ တိုက်တွန်းခြင်းဖြစ်ပါသည်။ လူမှုအသိုက်အဝန်း အားလုံးအနေနှင့် ၎င်းတို့၏အပြုအမှု အပြောအဆိုများသည် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ရရှိနိုင်ရေး အတွက် ဦးတည်စေလိုကြောင်း ကိုလည်း တိုက်တွန်း ပါသည်။ Read More»

ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကူအညီပေးရေး သဘောတူညီချက်ကို အမေရိကန်သံရုံးက လက်မှတ်ရေးထိုးခြင်း

နေပြည်တော်၊ မြန်မာ – သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် ခေတ္တရဲချုပ် ရဲမှုးချုပ် အောင်ဝင်းဦးတို့သည် ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသို့ အကူအညီပေးရေး သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခု သဘောတူညီချက်သည် အမေရိကန် – မြန်မာ မိတ်ဖက် ဆက်ဆံရေးကို ထပ်လောင်းအားဖြည့်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ခိုင်မာစေရေး အတွက် အမေရိကန်ပြည်ထောင်စု၏ အလေးအနက်ထားမှုကိုလည်း ပေါ်လွင်စေပါသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ တရားရုံးများ၊ ဥပဒေအရာရှိများနှင့်ရဲများအပါအ၀င် တရားဥပဒေစိုးမိုးရေးကဏ္ဍများအား နည်းပညာလေ့ကျင့်သင်တန်းပေးခြင်း၊ ရုပ်ဝတ္ထုအကူအညီပေးခြင်းနှင့် တရားရေးကျင့်ဝတ်နှင့် အမှုတွဲ လေ့လာ ဆန်းစစ်ချက်များကို ပိုမိုနားလည် သဘောပေါက်စေရန် ယမန်နှစ်အတွင်း အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၁ သန်းကျော် ပေးခဲ့ပါသည်။ ယခုနှစ်တွင် မြန်မာ့တရားရေးကဏ္ဍခိုင်မာစေရေးအတွက် အမေရိကန်ပြည်ထောင်စုသည် ရှေ့နေချုပ်ရုံးနှင့် ... Read More»

ပိစ်ကော စေတန့ာဝန်ထမ်းအဖွဲ့ ဒုတိယအသုတ် မြန်မာနိုင်ငံတွင် စတင်တာဝန်ထမ်းဆောင်ခြင်း

ရန်ကုန်၊ မြန်မာ — မြန်မာနိုင်ငံသားများအတွက် တာဝန်ထမ်းရွက်မည်ဟူသော ၎င်း၏ကတိကဝတ်ကို မေလ ၂၆ ရက်တွင် ရန်ကုန် မြို့၌ ပြုလုပ်မည့် အသစ် ရောက်ရှိနေသော စေတနာ့ဝန်ထမ်း ၁၅ ဦး၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားဖြင့် ပိစ်ကောအဖွဲ့က ပိုမို လေးနက်ခိုင်မာစေလိုက်ပါပြီ။ ဤအဖွဲ့သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းရွက်ရန် ဒုတိယအသုတ်အနေဖြင့် ရောက်ရှိခဲ့သောအဖွဲ့ ဖြစ်ပါသည်။ ပိစ်ကော စေတနာ့ဝန်ထမ်း အသစ်များသည် ၎င်းတ့၏ို စေတနာ့ဝန်ထမ်းတာဝန် မထမ်းဆောင်မီကာလအတွင်း သီတင်းပတ် ဆယ်ပတ်ကြာ ကြိုတင်၍ မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေး ဆိုင်ရာ အကြိုသင်တန်းများကို အောင်မြင်စွာ တက်ရောက်ခဲ့ကြပြီး ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းများသည် ၎င်းတို့၏ သင်ကြားရေးနှင့် လိုက်လျောညီထွေစွာ နေထိုင်ရေးတို့တွင် အဆင်ပြေချောမွေ့စေရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများနှင့် ယှဉ်တွဲနေထိုင်ခဲ့ပြီး မြန်မာကျောင်းသူ၊ ... Read More»

အမေရိကန်စင်တာအသစ်အမှတ်တံဆိပ်

ယခုလက်ရှိ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းတွင် တည်ရှိသော ရန်ကုန်အမေရိကန်စင်တာ (American Center Rangoon) သည် တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့်တွင် မကြာမီဖွင့်လှစ်တော့မည့် ရန်ကုန်အမေရိကန်စင်တာ (American Center Yangon) အသစ် မဖွင့်လှစ်မီ အကြိုအနေဖြင့် အမှတ်တံဆိပ်အသစ်တစ်ခုကို ထုတ်ဖော်အသုံးပြုသွားပါမည်။  လက်ရှိဖွင့်လှစ်ထားသောစင်တာကို နေရာအသစ်တွင် ၂၀၁၇ နှောင်းပိုင်း၌ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အမှတ်တံဆိပ်အသစ်နှင့် အသစ်ပြောင်းလဲလိုက်သည့် ရန်ကုန်အမေရိကန်စင်တာ (American Center Yangon) အမည်သစ်က လက်ရှိစင်တာ၏ဂုဏ်ယူဖွယ်ရာအမွေအနှစ်ကို သာမက အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့ အကြား နက်ရှိုင်းသောဆက်ဆံရေးကိုလည်း ထင်ဟပ်နေမည်ဖြစ်ပါသည်။ အမှတ်တံဆိပ်တွင် ပေါင်းစပ်ပါဝင်နေသော မြန်မာ့သမိုင်းဝင် သင်္ကေတ ကရဝိတ်နှင့် အမေရိကန်ပြည်ထောင်စုအလံ၏ အစိတ်အပိုင်းတို့က အမေရိကန်စင်တာရန်ကုန် (American Center Yangon) က ကိုယ်စားပြုသော ချစ်ကြည်ရင်းနှီးမှုနှင့် ... Read More»

အားနည်းထိခိုက်လွယ်သော လူမှုအသိုက်အဝန်းများကို ကူညီပံ့ပိုးရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အား အကူအညီအသစ်များ တိုးမြှင့်ပေးအပ်…

ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ သို့မဟုတ် မကြာသေးမီကဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများကို ကူညီပံ့ပိုးရန် အကူအညီအသစ်တစ်ရပ်အနေဖြင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အား ဒေါ်လာငါးသန်း ($5million) ပေးအပ်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးက သဘောတူညီလိုက်ပါသည်။ ယခုပေးအပ်သောအကူအညီသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသည့် လူပေါင်း ၁၇၂,၀၀၀ အတွက် အသက်ကယ်စားရေရိက္ခာ အကူအညီများ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း၌ ကာလကြာရှည်နေပြီဖြစ်ပြီး ပြန်လည်၍ဖြစ်ပွားနေသော ပဋိပက္ခများ ဆက်လက်တိုးမြှင့်ဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူအရေအတွက်မှာ တိုးပွားလျက်ရှိပြီး အရေးပေါ်အကူအညီများလည်း လိုအပ်လျက် ရှိပါသည်။ ကုလသမဂ္ဂ၏အဆိုအရ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ ပြည်သူ ၃၈၃,၅၀၀ ခန့်မှာ အစားအသောက်နှင့် အသက်မွေးဝမ်းကျောင်း အကူအညီများ လိုအပ်လျက်ရှိပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် မိမိတို့၏ ကာလရှည်ကြာ ... Read More»

အမေရိကန်နှင့်မြန်မာ စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း၏ အောင်မြင်မှုများ

ဇန်နဝါရီ ၁၃၊ ၂၀၁၇ ရန်ကုန်၊ မြန်မာ။      ။ နှစ်သစ်အတွင်းရောက်ရှိနေပြီဖြစ်ကြောင်းဆော်သြခြင်းနှင့်အတူ အမေရိကန်သံအမတ်ကြီးမာစီရယ်လ်သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရရှိလာသော အောင်မြင်မှုများကို အသိအမှတ်ပြုသည့် အထိမ်းအမှတ် အနေဖြင့် မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ စိုက်ပျိုးရေးကဏ္ဍ အတွင်းမှ မိတ်ဖက် ဧည့်သည်တော်များကို ဇန်နဝါရီ ၁၂ ၌ ၎င်း၏နေအိမ်သို့ ဖိတ်ကြား ဧည့်ခံခဲ့ပါသည်။ ယင်းအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျင်ကျင်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်၊ မြန်မာနိုင်ငံမှ ဂျုံတင်သွင်းသည့် လုပ်ငန်းများနှင့် မုန့်လုပ်ငန်းများ၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ အမေရိကန်ဂျုံလုပ်ငန်းရှင်များအသင်း၊ Winrock International တို့မှ ကိုယ်စားလှယ်များ အပါအဝင် မြန်မာအစိုးရနှင့် စီးပွားရေးလုပ်ငန်းများမှ ... Read More»

ပူးတွဲ ကြေညာချက်

ပူးတွဲ ကြေညာချက် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒိန်းမတ်၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံများ၊ ဥရောပသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) တို့သည်  ၂၀၁၆ခုနှစ်  စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင်  မြန်မာနိုင်ငံ၌ အခြေခံအလုပ်သမားအခွင့်အရေးများနှင့်လက်တွေ့ကျင့်သုံးမှုများကို အားပေးရန်ပဏာမဆောင်ရွက်မှုခြေလှမ်း အတွက် ပါဝင်သက်ဆိုင်သူများဖိုရမ်ကို ဒုတိယအကြိမ်မြောက် ကျင်းပခဲ့ပါသည်။ (ပဏာမခြေလှမ်းအဖွဲ့)   ဤ ပါဝင်သက်ဆိုင်သူများ၏ဖိုရမ်တွင်  မြန်မာနိုင်ငံ၏သုံးပွင့်ဆိုင်မိတ်ဖက်များ၊ အခြားပါဝင်သူအစိုးရများ၊ ILO၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းအဖွဲ့များနှင့် ရင်းနှီးမြှုပ်နှံသူများအပြင်  အခြားလူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ  အကြား  ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ အလုပ်သမားရေးရာဥပဒေများနှင့်အလေ့အကျင့်များကို ခေတ်နှင့်အညီပြုပြင်ခြင်းအတွက် ဦးစားပေးရမည့်အရာများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊   အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာစံချိန်စံညွှန်းများကို လေးစားလိုက်နာခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ထို့ပြင်  ဤလုပ်ငန်းစဉ်၌ ပြည်တွင်း  ပြည်ပမှ ... Read More»

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားနှင့်စပ်လျဉ်း၍ အမေရိကန်သံရုံး၏ကြေညာချက်

သြဂုတ် ၃၁၊ ၂၀၁၆ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားနှင့်စပ်လျဉ်း၍ အမေရိကန်သံရုံး၏ကြေညာချက်  သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် အားလုံးပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှုတစ်ရပ်တွင်ပါဝင်ရန်ဆန္ဒရှိကြသော ညီလာခံ၌် တက်ရောက်ကြသူ အားလုံးကိုလည်း အမေရိကန်ပြည်ထောင်စုက အတိအလင်းချီးကျူးပါသည်။ ဤညီလာခံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ရပ်အတွက် အရေးကြီးသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ထို့ပြင် နိုင်ငံကို ဒီမိုကရေစီပိုမိုပြည့်ဝသော ပြည်ထောင်စုကြီးတစ်ရပ်အဖြစ် အသွင်ကူးပြောင်းရေးတွင် အထောက်အကူဖြစ်စေပြီး မြန်မာနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို အပြည့်အဝလေးစားလိုက်နာကာ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအတွက် ပထမခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။ မြန်မာသည် တိုင်းရင်းသားများနှင့် ဘာသာရေးမတူကွဲပြားမှုများပေါင်းစုံ နေမှုတို့မှ အင်အားများနှင့် သဟဇာတဖြစ်မှုများကို ရယူနိုင်ရန် ကျားကုတ်ကျားခဲကြိုးစားအားထုတ်နေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ဤကြိုးစားအားထုတ်မှုများသည် ညီလာခံတက်ရောက်နိုင်သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ... Read More»
Show More ∨