ကချင်နှစ်ခြင်းခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦး ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်
အောက်တိုဘာ ၂၇၊ ၂၀၁၇
ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦးဖြစ်သူ သင်းအုပ်ဆရာ ဦးနောင်လတ်နှင့် လူငယ်တာဝန်ခံ ဦးဂမ်ဆိုင်းတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁၊ အသရေဖျက်မှုပုဒ်မ ၅၀၀နှင့် ပို့ကုန်သွင်းကုန်ဥပဒေတို့်ဖြင့် ယနေ့ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် မိမိတို့က စိုးရိမ်မိပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသောတိုက်ပွဲများနှင့် ရွာသားများအပေါ် တပ်မတော်က ကျူးလွန်မှုများ အကြောင်းကို ရန်ကုန်မှ လာရောက်သတင်းယူသော သတင်းထောက်များအား သူတို့ကကူညီအပြီး ဒီဇင်ဘာ ၂၄ တွင်တပ်မတော်က သူတို့ကို ဖမ်းဆီးခဲ့ကာ တစ်လကြာ မည်သူနှင့်မျှ တွေ့ခွင့်မရဘဲ ထိန်းသိမ်းခံခဲ့ရပါသည်။ သတင်းစာဆရာများအား ကူညီခဲ့ခြင်းအတွက် သူတို့ကို ပစ်မှတ်ထားသည့်အပေါ် မိမိတို့က စိုးရိမ်ပါသည်။ သူတို့အား ထိန်းသိမ်းထားစဉ် ညှဉ်းပန်းခံရသည်ဟူသော စွပ်စွဲချက်များအပေါ်တွင်လည်း စိုးရိမ်မကင်း ဖြစ်ရပါသည်။ နိုင်ငံသားများကို တရားမဲ့ ဖမ်းဆီးနိုင်သော မတရားအသင်းဆက်သွယ်မှုဥပဒေနှင့် တခြားသော ဥပဒေများအား သုံးစွဲခြင်းကို ရပ်ဆိုင်းပါရန် မိမိတို့က ပန်ကြားပါသည်။ ထို့ပြင် သက်ဆိုင်သူအားလုံးက ယုံကြည်မှုကို တည်ဆောက်ပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့်အမျိုးသား ရင်ကြားစေ့ရေးလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းရန်လည်း မိမိတို့ပန်ကြားအပ် ပါသည်။
###